• Follow Us on

Home နီပေါ-အိန္ဒိယ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို စက်တင်ဘာ ၂၀ ရက်တွင် ပြန်လည်စတင်မည်

နီပေါ-အိန္ဒိယ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို စက်တင်ဘာ ၂၀ ရက်တွင် ပြန်လည်စတင်မည်

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၁၇ (People Media)

 

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် တစ်နှစ်ခွဲနီးပါးကြာ ဆိုင်းငံ့ခဲ့ရသည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ခုကို နီပေါ တပ်မတော်က ပြန်လည်စတင်လျက်ရှိသည်။

 

အိန္ဒိယနိုင်ငံ ပီသိုရာဂါဒေသ၌ စက်တင်ဘာလ ၂၀ ရက်မှ အောက်တိုဘာလ ၃ ရက်အထိ ပြုလုပ်မည့် နီပေါ-အိန္ဒိယ ၁၅ ကြိမ်မြောက် “ဆူယာကီရန်” ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ပြန်လည်စတင်တော့မည်ဖြစ်သည်။

 

နီပေါတပ်မတော်က စစ်ဘက်ဆက်ဆံမှုနှင့် တိုက်ခိုက်ရေးစွမ်းရည် တိုးမြှင့်ရန်ရည်ရွယ်ချက်ဖြင့် အိန္ဒိယ၊ အမေရိ ကန်၊ တရုတ်၊ ဗြိတိန်နိုင်ငံတို့နှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများပြုလုပ်သည်မှာ ဆယ်စုနှစ်ချီကြာမြင့်ပြီဖြစ်သည်။

 

ကိုဗစ်-၁၉ ရောဂါကြောင့် ရပ်ဆိုင်းခဲ့ရသည့် စစ်ရေးလေ့ကျင့်မှုများ၊ သင်တန်းများ၊ နှီးနှောဖလှယ်ပွဲများ၊ အခြား အစီအစဉ်များကို ယခုအခါ ပြန်လည်စတင်နေပြီဟု နီပေါတပ်မတော် ပြောရေးဆိုခွင့်ရှိသူ ရာသီဆန်တို့ရှ် ဘာ လာက ပြောကြားသည်။

 

နီပေါတပ်ဖွဲ့က အိန္ဒိယနိုင်ငံနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုပြုလုပ်ရန် စက်တင်ဘာလ ၁၈ ရက်တွင် ပီသိုရာဂါမြို့ သို့ ရောက်ရှိမည်ဖြစ်သည်။

 

နီပေါနိုင်ငံက အိန္ဒိယနိုင်ငံနှင့် အဆိုပါ ဆူယာကီရန် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ၂၀၁၁ ခုနှစ်ကတည်းက ပြု လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ကိုးကား – ခါဘာဟတ်ဘ်

 

Ref; Nepal-India joint military exercise resuming from Sept 20

 

#PeopleMedi #EPN

 

(unicode)


………………………………………………………………….

 


 


 


 


 


 


 


 


 

Ref; Nepal-India joint military exercise resuming from Sept 20

 

#PeopleMedi #EPN


Share this post