• Follow Us on

Home နျူးကလီးယားထိပ်ဖူး သယ်ဆောင်နိုင်သည့် အကြီးမားဆုံး တိုက်ချင်းပစ်ဒုံးကျည် (ICBM) ကို ယမန်နေ့က စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း မြောက်ကိုးရီးယား အတည်ပြု

နျူးကလီးယားထိပ်ဖူး သယ်ဆောင်နိုင်သည့် အကြီးမားဆုံး တိုက်ချင်းပစ်ဒုံးကျည် (ICBM) ကို ယမန်နေ့က စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း မြောက်ကိုးရီးယား အတည်ပြု

Share this post

နိုင်ငံတကာ၊ မတ် ၂၅

 

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက အမေရိကန်နှင့် ကာလရှည်ကြာ ထိပ်တိုက်တွေ့ဆုံမှုများ ကြောင့် ကာကွယ်ရေးတိုးမြှင့်ရန်အတွက် အကြီးမားဆုံး တိုက်ချင်းပစ်ဒုံးကျည် (ICBM) ကို စမ်းသပ်ပစ်လွှတ် ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ယနေ့ ဖော်ပြခဲ့သည်။

 

ယမန်နေ့က စမ်းသပ်ပစ်လွတ်ခဲ့သည့် ICBM အမျိုးအစားသစ် Hwasong-17 လွတ်တင်မှုကို အနက်ရောင် သားရေဂျာကင်နှင့် နေကာမျက်မှန်တို့ကို ဝတ်ဆင်ထားသည့် မြောက်ကိုရီးယား ခေါင်းဆောင်ကင်က ကြီးကြပ်ခဲ့ သည်။

 

နိုင်ငံပိုင်မီဒီယာ၏အဆိုအရ အဆိုပါလက်နက်သည် ပြုံယမ်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပစ်လွှတ်ခဲ့ခြင်းဖြစ်ပြီး အမြင့်ဆုံးအမြင့်ပေ ၆၂၄၈ ကီလိုမီတာ (၃,၈၈၀ မိုင်) အထိ ခရီးနှင်ခဲ့ပြီး ပင်လယ်ထဲသို့ ၆၇ မိနစ်ကြာ ပျံသန်းမှု အတွင်း ၁၀၉၀ ကီလိုမီတာ (၆၈၀ မိုင်) အကွာအဝေးရှိ ဂျပန်ပင်လယ်ပြင်ထဲသို့ ပျံသန်းခဲ့ကြောင်း သိရသည်။

 

၂၀၁၇ ခုနှစ်နောက်ပိုင်း မြောက်ကိုးရီးယားက နျူကလီးယားလက်နက်တပ်ဆင်ထားတဲ့ ပထမဆုံး ICBM စမ်း သပ်မှုကို တောင်ကိုရီးယားနဲ့ ဂျပန်တို့အပြင် အမေရိကန်တို့က ရှုတ်ချခဲ့ကြပြီး ကုလသမဂ္ဂ အကြီးအကဲ အန်တို နီယို ဂူတာရက်စ်က အဆိုပါ ပစ်လွှတ်မှုသည် လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များကို ရှင်းလင်းစွာ ချိုးဖောက် ခြင်းဖြစ်သည်ဟု ရှုတ်ချခဲ့သည်။

 

“ကိုရီးယားကျွန်းဆွယ်တစ်ဝိုက်မှာ နေ့စဉ်နဲ့အမျှ တိုးလာနေတဲ့ စစ်ရေးတင်းမာမှုတွေနဲ့ နျူကလီးယားစစ်ပွဲ အန္တရာယ်နဲ့အတူ အမေရိကန်နယ်ချဲ့တွေနဲ့လည်း နှစ်ရှည်လများ ထိပ်တိုက်တွေ့မှုတွေက မလွဲမသွေရှိနေ တာကြောင့်” ကင်ဂျုံအန်းက အဆိုပါစမ်းသပ်မှုကို အမိန့်ပေးခဲ့ခြင်းဖြစ်ကြောင်း မြောက်ကိုရီးယား တရားဝင် သတင်းအေဂျင်စီက ဆိုသည်။

 

မြောက်ကိုရီးယား၏ မဟာဗျူဟာမြောက် လက်နက်အသစ်ပေါ်ထွက်ခြင်းသည် မြောက်ကိုရီးယား၏ မဟာ ဗျူဟာမြောက် လက်နက်ကိုင်တပ်ဖွဲ့များ၏ စွမ်းအားကို တစ်ကမ္ဘာလုံးက ရှင်းရှင်းလင်းလင်း သိမြင်စေမည် ဖြစ်ကြောင်း ကင်မ်က ပြောကြားခဲ့သည်။

 

“ကျွန်ုပ်တို့၏နိုင်ငံ၏ လုံခြုံရေးကို ထိပါလာမယ်ဆိုပါက ထိုက်တန်သော တန်ဖိုးပြန်လည်ပေးဆောင်ရမည်ဟူ သောအချက်ကို ကောင်းစွာသဘောပေါက်စေရန် မည်သည့်နိုင်ငံမဆို ပြုလုပ်သင့်ပါတယ်။” ဟု မြောက်ကိုရီး ယား တရားဝင်သတင်းအေဂျင်စီ KCNA မှ ပြောကြားခဲ့သည်။

 

၂၀၁၇ ခုနှစ် အောက်တိုဘာလတွင် နောက်ဆုံးစမ်းသပ်ခဲ့သည့် Hwasong-15 ထက် ပိုမိုအဆင့်မြင့်သော Hwasong-17 ကို 2020 ခုနှစ် အောက်တိုဘာလ စစ်ရေးပြအခမ်းအနားတွင် ပထမဆုံး ထုတ်ဖော်ပြသခဲ့ပြီး အချို့သော ခန့်မှန်းချက်များအရ မိုဘိုင်းလ် ပဲ့ထိန်းဒုံးကျည်စနစ်အသုံးပြုထားသည့်  မြောက်ကိုရီးယား၏ ကမ္ဘာ့ အကြီးဆုံး တာဝေးပစ်လက်နက်ဖြစ်သည်ဟု ဆိုသည်။

 

Source – Aljazeera

 

(unicode)


……………………………………

 


 


 


 


 


 


 


 


 


 

Source – Aljazeera


Share this post