• Follow Us on

Home န-စ-ကမှ အကြမ်းဖက်လုပ်ရပ်မျိုးစုံကျူးလွန်သူ (၂၁) ဦးအား သေဒဏ်ပေးပြီး၊ (၂၉) ဦးအား ထောင်ဒဏ်တစ် သက်ပြစ်ဒဏ်ချမှတ်

န-စ-ကမှ အကြမ်းဖက်လုပ်ရပ်မျိုးစုံကျူးလွန်သူ (၂၁) ဦးအား သေဒဏ်ပေးပြီး၊ (၂၉) ဦးအား ထောင်ဒဏ်တစ် သက်ပြစ်ဒဏ်ချမှတ်

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၂၅ (People Media)

 

အကြမ်းဖက်လုပ်ရပ်မျိုးစုံကျူးလွန်ခဲ့သည့် တရားခံ (၂၁) ဦးအား သေဒဏ်ချမှတ်လိုက်ပြီး၊ (၂၉) ဦးကို ထောင် ဒဏ်တစ်သက်ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း န-စ-က သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ထုတ်ပြန်လိုက်သည်။

 

အဆိုပါ ပြစ်ဒဏ်ကျခံသူများသည် အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက် ထောက်ပံ့နေသူ များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံတွင် သင်တန်းတက်ရောက်ခဲ့သူများ၊ လူသတ်မှု၊ မိုင်းထောင် ဖောက်ခွဲမှုစသည့် အကြမ်းဖက်လုပ်ရပ်များကို ကျူုးလွန်သူများအား စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပြီး နောက် ပြစ်ဒဏ်အသီးသီးချမှတ်လိုက်ခြင်းဖြစ်သည်။

 

သေဒဏ်ကျမှတ်ခံရသူများမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း အုပ်ချုပ်ရေးနှင့် ရာအိမ်မှူးတို့အား သေနတ်ဖြင့် ပစ်ခတ်ရာ ဝိုင်းဝန်းလုပ်ကြံခြင်း၊ ဒဂုံဆိပ်ကမ်း (၉၀) ရပ်ကွက်နေသူ အမျိုးသမီးတစ်ဦးအား သေနတ်ဖြင့် လုပ်ကြံခြင်း၊ ဒဂုံဆိပ်ကမ်း (၈၈) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှိ အုပ်ချုပ်ရေးမှူးနှင့် ယာဉ်မောင်းဖြစ်သူတို့အား သေနတ်ဖြင့် ဝိုင်းဝန်းလုပ်ကြံသတ်ဖြတ်ခဲ့ခြင်းစသည်တို့ကြောင့် ရာဇသတ်ကြီးပုဒ်မ-၃၀၂(၁)(ခ)/ ၃၄ ဖြင့် ၎င်းတို့ (၂၁) ဦးအား သေဒဏ်အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ဆက်လက်ပြီး ထောင်ဒဏ်တစ်သက်ချမှတ်ခံရသူများလည်း လှိုင်သာယာမြို့နယ်တွင် အခကြေးငွေရယူ၍ နေအိမ်များနှင့် ခြံစည်းရိုးများအား ဖျက်ဆီးခြင်း၊ အကြမ်းဖက်အဖွဲ့များအား ငွေကြေးဆိုင်ရာ ထောက်ပံ့ပေးခြင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆူပူအကြမ်းဖက်မှုဖြစ်စဉ်များတွင် ပါဝင်ခြင်း၊ အပြစ်မဲ့ပြည်သူများအား ဒလန်ဟု ပြောဆိုသတ်ဖြတ်ခြင်း၊ ဗုံးခွဲခြင်း၊ အုပ်ချုပ်ရေးမှူးရုံးများအား ဖောက်ခွဲဖျက်ဆီးခြင်းစသည်တို့ကြောင့် စစ်ခုံရုံးဖွဲ့၍ စစ်ဆေးခဲ့ရာ ၎င်းတို့ (၂၉) ဦးကို ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ပြစ်ဒဏ်ချမှတ်ခံရသူများအနက်မှ ထွက်ပြေးလွတ်မြောက်နေသူများအား ၎င်းနှင့်စပ်လျဉ်း၍ ရာဇ ဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ-၈၇၊ ၈၈ အရ ဖမ်းဝရမ်းထုတ်ဆင့်ရန် အမိန့်ချမှတ်ခဲ့ကြောင်း၊ စစ်အုပ်ချုပ်ရေး အမိန့်ထုတ်ပြန်ကြေညာထားသည့် မြို့နယ်များအတွင်း စစ်ခုံရုံးဖြင့် စစ်ဆေးမည့်ပြစ်မှုဆိုင်ရာ (၂၃) မျိုးကိုလည်း ပူးတွဲထုတ်ပြန်ထားကြောင်း သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။

 

#PeopleMedia #နစက

 

(unicode)


……………………………………………………………

 


 


 


 


 


 


 



Share this post