• Follow Us on
Latest News

Home န-စ-ကဥက္ကဋ္ဌမှ စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတ ကဏ္ဍအသီးသီးထံ ငွေကျပ်သိန်း ၄ ထောင်နှင့် စားသောက် ကုန်များ ထောက်ပံ့၊ အဆိုပါ အခမ်းအနားသို့ နာမည်ကြီးအနုပညာရှင်များ တက်ရောက်

န-စ-ကဥက္ကဋ္ဌမှ စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတ ကဏ္ဍအသီးသီးထံ ငွေကျပ်သိန်း ၄ ထောင်နှင့် စားသောက် ကုန်များ ထောက်ပံ့၊ အဆိုပါ အခမ်းအနားသို့ နာမည်ကြီးအနုပညာရှင်များ တက်ရောက်

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၁ (People Media)

 

န-စ-ကဥက္ကဋ္ဌမှ စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတ ကဏ္ဍအသီးသီးထံ ငွေကျပ်သိန်း ၄ ထောင်နှင့် ဆန်၊ ဆီ၊ ပဲများကို အောက်တိုဘာ ၃၁ ရက်နေ့က ထောက်ပံ့ခဲ့ပြီး အဆိုပါ အခမ်းအနားသို့  နာမည်ကြီးအနုပညာရှင်များ တက် ရောက်ခဲ့ကြပါတယ်။

 

အဆိုပါ အခမ်းအနားကို အောက်တိုဘာလ ၃၁ ရက်နေ့ မွန်းလွဲပိုင်းအချိန်က ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ ကုန်းမြင့် သာရှိ ဇေယျာသီရိဗိမာန်ဧည့်ခန်းမဆောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတအဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ပေးအပ်ခဲ့ခြင်းဖြစ်ပါတယ်။

 

န-စ-ကဥက္ကဋ္ဌမှ စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတအနုပညာရှင်အသီးသီးအတွက် ရန်ပုံငွေ ကျပ်သိန်း ၄၀၀၀၊ ဆန် အိတ် ၁၀၀၊ ဆီ ၅၀၀ ပိဿာနှင့် ပဲ ၃၀၀ ပိဿာတို့ကို ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

 

ယင်းပေးအပ်ပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီအဖွဲ့ဝင် များ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေး ဦးစီး ချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မြို့တော်ဝန်၊ မြန်မာနိုင်ငံသတင်း မီဒီယာ ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မျိုးသန့်တင်၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနာယကနှင့် ယာယီဦးစီး ကော်မတီ ဥက္ကဋ္ဌ အကယ်ဒမီ ဒါရိုက်တာ စည်သူ ဦးကြည်စိုးထွန်း၊ မြန်မာနိုင်ငံ ဗဟိုသဘင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦးစိန်မြအောင်၊ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) ယာယီအမှုဆောင်အဖွဲ့ နာယက ဦးမောင်မောင်လတ် တို့နှင့် စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတ ရပ်ဝန်းမှ နိုင်ငံကျော်အနုပညာရှင်၊ အတတ်ပညာရှင်များ တက်ရောက်ခဲ့ ကြပါတယ်။

 

#PeopleMedia #နစက

 

(unicode)


……………………………………………………………

 


 


 


 


 


 



Share this post