• Follow Us on

Home န.စ.ကဥက္ကဋ္ဌ တာဝန်ပြီးဆုံးသည့် ထိုင်းသံအမတ်အား လက်ခံတွေ့ဆုံ

န.စ.ကဥက္ကဋ္ဌ တာဝန်ပြီးဆုံးသည့် ထိုင်းသံအမတ်အား လက်ခံတွေ့ဆုံ

Share this post

နေပြည်တော်၊ မတ် ၁၀

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တာဝန် ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး H.E. Mrs. Suphatra Srimaitree phithak အား ယမန်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ ဧည့်ခန်းမ ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

 

ထိုသို့တွေ့ဆုံရာတွင် မြန်မာ-ထိုင်း နှစ်နိုင်ငံသံတမန်ဆက်ဆံရေးနှင့် ချစ်ကြည်ရေးဆိုင်ရာကိစ္စရပ်များ၊ ကုန် သွယ်မှုလုပ်ငန်းများတွင် မြန်မာကျပ်ငွေနှင့် ထိုင်းဘတ်ငွေများကို တိုက်ရိုက်ပေးချေနိုင်မှုကြောင့် နှစ်နိုင်ငံ ကုန်သွယ်မှုလုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်လာမည့်အခြေအနေများနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ မြန်မာနိုင်ငံတွင် ကိုဗစ် – ၁၉ ရောဂါ ဒုတိယလှိုင်းကာလအတွင်း ကုသမှုအတွက်လိုအပ်သည့် အောက်ဆီဂျင်များရရှိရေး ထိုင်းနိုင်ငံမှ ကူညီ ဆောင်ရွက်ပေးခဲ့မှုအခြေအနေများနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများရရှိရေး ဆောင်ရွက်လျက်ရှိမှုအခြေအနေများကို ရင်းနှီးပွင့်လင်းစွာအမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများအပြန်အလှန်ပေးအပ်ခဲ့ကြကြောင်း သိရ သည်။

 

#PeopleMedia

 

(unicode)

န.စ.ကဥက်ကဋ်ဌ တာဝနျပွီးဆုံးသည့ျ ထိုငျးသံအမတျအား လကျခံတှေ့ဆုံ

……………………………………

 


 


 


 


 

#PeopleMedia


Share this post