• Follow Us on

Home န-စ- ကနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန်မရှိကြောင်း ကရင်နီတပ်မတော်စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောဘီထူးပြောဆို

န-စ- ကနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန်မရှိကြောင်း ကရင်နီတပ်မတော်စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောဘီထူးပြောဆို

Share this post

နေပြည်တော်၊ အောက်တိုဘာ ၉ (People Media)

 

န-စ-ကနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန်မရှိကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ/ကရင်နီတပ်မတော် (KNPP/KA) ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောဘီထူးမှ ပြောဆိုသည်။

 

KNPP/KA ထိန်းချုပ်နယ်မြေတွင် ယနေ့ အောက်တိုဘာ ၉ ရက်နေ့၌ပြုလုပ်ခဲ့သည့် အခြေခံအပတ်စဉ် ၇၁ စစ် သင်တန်းဆင်းပွဲတွင် ကရင်နီတပ်မတော်(KA)နှင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်မတော်(KNDF)တပ်များ ကို မိန့်ခွန်းပြောကြားရာတွင် ယင်းသို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

 

ထို့အပြင် မကြားသေးမီရက်ပိုင်းအတွင်း၌ CDM လှုပ်ရှားမှုတွင်ပါဝင်သည့် ရဲတပ်ဖွဲ့ဝင်များဖြင့် ကရင်နီပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့ ဖွဲ့စည်းထားပြီးဖြစ်ကြောင်းလည်း ထုတ်ပြန်ကြေညာခဲ့သေးသည်။

 

အလားတူ ကယားပြည်နယ်(ကရင်နီ)တွင် ဒေသကာကွယ်ရေးတပ်(PDF)များ၊ ကရင်နီတပ်မတော်(KA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF) ပူးပေါင်းတပ်တို့နှင့် တပ်မတော်တို့အကြား တိုက်ပွဲများပြင်းပြင်း ထန်ထန်ဖြစ်ပွားလျက်ရှိသည်။

 

Photo – KNPP/KA

 

#PeopleMedia #KA #KNPP

 

(unicode)


……………………………………………………………………………

 


 


 


 


 


 

Photo – KNPP/KA

 

#PeopleMedia #KA #KNPP


Share this post