• Follow Us on

Home န-စ-က တာဝန်ယူချိန် ခုနှစ်လအတွင်း၌ အကြမ်းဖက်မှုများကြောင့် အုပ်ကြီး၊ ဒလန်၊ ဝန်ထမ်းနှင့် လုံခြုံရေး တပ်ဖွဲ့ဝင် (၉၃၀) ကျော် သေဆုံးခဲ့

န-စ-က တာဝန်ယူချိန် ခုနှစ်လအတွင်း၌ အကြမ်းဖက်မှုများကြောင့် အုပ်ကြီး၊ ဒလန်၊ ဝန်ထမ်းနှင့် လုံခြုံရေး တပ်ဖွဲ့ဝင် (၉၃၀) ကျော် သေဆုံးခဲ့

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၁ (People Media)

 

အကြမ်းဖက်မှုများကြောင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ သြဂုတ်လကုန်အထိ အုပ်ချုပ်ရေးမှူးများ၊ ဒလန်ဆို သူများ၊ အစိုးရဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အပါအဝင် စုစုပေါင်း ၉၃၃ ဦးသေဆုံးခဲ့ပြီး၊ ၁၃၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီးဗိုလ်ချုပ် စိုးတင့်နိုင်က ပြောသည်။

 

ပြီးခဲ့သည့် စက်တင်ဘာလ ၉ ရက်နေ့က ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားခန်းမ၌ ကျင်း ပခဲ့သည့် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို မြန်မာနိုင်ငံ အခြေစိုက်သံတမန်များအား တွေ့ဆုံ ရှင်းလင်းပွဲတွင် ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီးက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ဩဂုတ်လကုန်အထိ အရပ်ဘက်မြို့နယ်အဆင့်နှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ် ရေး တာဝန်ရှိသူများအား သတ်ဖြတ်ခံရ၍ သေဆုံးသူ ၁၀၂ ဦးနှင့် ဒဏ်ရာရသူ ၁၁၇ ဦး၊ ဒလန်ဟုစွပ်စွဲ၍ သတ်ဖြတ်ခံရသည့် ပြည်သူ ၃၆၉ ဦး၊ ဒဏ်ရာရရှိသူ ၄၄၆ ဦး၊ အစိုးရဝန်ထမ်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ သေဆုံးမှု ၁၄၀၊ ဒဏ်ရာရသူ ၄၆၉ ဦးနှင့် အခြားပါတီကို ထောက်ခံအားပေး၍ သတ်ဖြတ်ခံရသူ ၂၅၃ ဦး ရှိကြောင်း ဒုဝန်ကြီးက ပြောသည်။

 

ယင်းနောက် စာသင်ကျောင်း မိုင်းခွဲ၊ မီးရှို့ဖျက်ဆီးခံရအကြိမ်ရေ ၄ဝ၆ ကြိမ်၊ အစိုးရရုံးဌာန မီးရှို့ဖျက်ဆီးခံရမှု အကြိမ်ရေ ၃၈၆ ကြိမ်၊ ပုဂ္ဂလိကဘဏ်ဖျက်ဆီးခံရမှု ၂၉ ကြိမ်နှင့် ဘဏ်ဓားပြတိုက်မှု ၄ ကြိမ်၊ အစိုးရဘဏ် ဖျက်ဆီးခံရမှု ၂၃ ကြိမ်၊ ဈေးကြီးများ မီးရှို့ဖျက်ဆီးခံရမှု ၉ ကြိမ်၊ လမ်း/တံတားများ မီးရှို့ဖောက်ခွဲဖျက်ဆီးခံရမှု ၁၇၂ ကြိမ်၊ လူနေအိမ်များနှင့် ရုံးများ မီးရှို့ဖျက်ဆီးခံရမှု ၂၁၆ ကြိမ်၊ စူပါမားကက်များ ဖောက်ခွဲမီးရှို့ခံရမှု ၈ ကြိမ် ရှိခဲ့ကြောင်း ဒုဝန်ကြီးက ဆိုသည်။

 

ထိုပြင် စက်ရုံ၊ အလုပ်ရုံများဖျက်ဆီးခံရမှု ၁၈ ကြိမ်၊ ပုဂ္ဂလိကပိုင်အဆောက်အအုံများဖျက်ဆီးခံရမှု ၂၈ ကြိမ်၊ ရဲစခန်း ရဲကင်းများ ဖောက်ခွဲတိုက်ခိုက်ခံရမှု ၂၃၅ ကြိမ်၊ နိုင်ငံပိုင်ပစ္စည်းများဖျက်ဆီးခံရမှု ၃၅ ကြိမ်၊ ပုဂ္ဂလိက ပိုင်ပစ္စည်းများဖျက်ဆီးခံရမှု ၄၁ ကြိမ်၊ ဆေးရုံဆေးခန်းများ မိုင်းခွဲ မီးရှို့ဖျက်ဆီးခံရမှု ၁၉ ကြိမ်၊ မြို့ပြများ၌ အများ သူငါ ဝင်ထွက်သွားလာသည့်နေရာများ၌ မိုင်းထောင်ဖောက်ခွဲခံရမှု အကြိမ် ၂၃၉ဝ၊ ပြည်သူများ အကြား ဗုံး ဖောက်ခွဲမှုများကြောင့် သေဆုံးပြည်သူ ၆၉ ဦး ၊ဒဏ်ရာရသူ ၂၈၀ ဦးရှိခဲ့ကြောင်း ဒုဝန်ကြီးက ဆက်လက် ပြော သည်။

 

အကြမ်းဖက်သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်များအတွင်း ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများနှင့် ဘာသာရေးအဆောက် အအုံများ ဖျက်ဆီးခံရပြီး သံဃာတော် ၅ ပါး သတ်ဖြတ်ခြင်းခံရခဲ့ပြီး၊ ကလေးသူကယ်များ အသတ်ခံရသည့် ဖြစ်စဉ် ၉ မှုရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီးက ရှင်းလင်းပြောကြားခဲ့သည်။

 

#PeopleMedia #ပြည်ထဲရေး

 

(unicode)


………………………………………………………………………….

 


 


 


 


 


 


 


 



Share this post