• Follow Us on

Home န-စ-က မှ တစ်ဦးချင်းအစီအစဉ်ဖြင့် မော်တော်ယာဉ်တင်သွင်းမှု ရပ်ဆိုင်း

န-စ-က မှ တစ်ဦးချင်းအစီအစဉ်ဖြင့် မော်တော်ယာဉ်တင်သွင်းမှု ရပ်ဆိုင်း

Share this post

ရန်ကုန်၊ စက်တင်ဘာ ၂၉ (People Media)

 

အမေရိကန်ဒေါ်လာဈေးမြင့်တင်မှုနှင့်အတူ စက်သုံးဆီဈေးနှုန်းများ မြင့်တက်မှု ဖြစ်ပေါ်နေသဖြင့် နိုင်ငံခြား ထွက်ငွေလျော့နည်းစေရေးအတွက် တစ်ဦးချင်းအစီအစဉ်ဖြင့် ပြည်ပမှ မော်တော်ယာဉ်တင်သွင်းခြင်း အစီ အစဉ်ကို စက်တင်ဘာလ ၂၇ ရက်နေ့မှစ၍ ဆိုင်းငံထားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

 

တစ်ဦးချင်းအစီအစဉ်ဖြင့် မော်တော်ယာဉ်တင်သွင်းမှုကို ငွေကြေးလည်ပတ်မှု ပုံမှန်ဖြစ်သည့်အချိန်၌ လူစီး မော်တော်ယာဉ်များအတွက် ပုံမှန်ပြန်တင်သွင်းခွင့်ပြုပါက အခွန်ကောက်ခံမှုနှုန်းထားများအား ပြန်လည်စိ စစ်ဆောင်ရန်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

 

လက်ရှိ၌ အရောင်းစင်တာ၊ အရောင်းပြခန်းများမှ မော်တော်ယာဉ်တင်သွင်းမှု ဆောင်ရွက်ရာတွင် ပြည်ပနိုင်ငံ များမှ စာချုပ်အရ ဖြန့်ချိခွင့်ကိုယ်စားလှယ် လက်ကားအရောင်းချဖြန့်ချိခွင့်နှင့် အပ်ကုန်စနစ်တို့အရ သတ်မှတ် ယာဉ်စီးရေ ပြည့်မီအောင် တင်သွင်းရောင်းချပေးရမည်ဖြစ်သဖြင့် စက်တင်ဘာလ ၃၀ ရက်နေ့အထိ သွင်း ကုန်လိုင်စင် ဆက်လက်ခွင့်ပြုသွားမည်ဖြစ်ပြီး၊ အောက်တိုဘာလ ၁ရက်နေ့မှစ၍ ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း သိရသည်။

 

သို့သော် အကြောင်းအမျိုးမျိုးကြောင့် တဖက်နိုင်ငံမှ တင်ပို့ပေးခဲ့သော်လည်း သွင်းကုန်လိုင်စင် လျှောက်ထား ရယူခြင်းမရှိသေးသည့်ကိစ္စရပ်များအတွက် အောက်တိုဘာလ ၁ ရက်နေ့ မတိုင်မီ သင်္ဘောတင် အထောက် အထား (B/L) မူရင်း တင်ပြနိုင်သော အရောင်းစင်တာ၊ အရောင်းပြခန်းများကို စိစစ်ခွင့်ပြုဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။

 

အရောင်းစင်တာ၊ အရောင်းပြခန်းများသို့ ရောက်ရှိပြီးဖြစ်သည့် ယာဉ်များမှာ အကောက်ခွန်ပေးဆောင်ထားပြီး ယာဉ်မှတ်ပုံတင်ရန်သာ ကျန်ရှိသည့်အတွက် ရောင်းချခွင့်နှင့် ယာဉ်မှတ်ပုံတင်ခွင့်ကို ဆက်လက်ခွင့်ပြုသွားမည် ဖြစ်ကြောင်း သိရသည်။

 

၂၀၂၂ ခုနှစ်အတွက် မော်တော်ယာဉ်တင်သွင်းခွင့် သတ်မှတ်ထုတ်ပြန်ရာတွင် မော်တော်ယာဉ်အသစ်များသာ တင်သွင်းခွင့်ပြုနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများသို့ သဘောထားမှတ်ချက်တောင်းခံ ဆောင်ရွက်လျက်ရှိ ပြီး၊ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ မော်တော်ယာဉ်အသစ်ကိုသာ တင်သွင်းခွင့်ပြုသွားမည်ဖြစ် ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

 

Photo – credit

 

#PeopleMedia #စီးပွားကူးသန်း

 

(unicode)


………………………………………………………………

 


 


 


 


 


 


 


 

Photo – credit

 



Share this post