• Follow Us on
Latest News

Home န-စ-က မှ မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများနှင့် ပတ်သက်၍ မြန်မာနိုင်ငံအခြေစိုက်သံတ မန်များကို တွေ့ဆုံရှင်းလင်း

န-စ-က မှ မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများနှင့် ပတ်သက်၍ မြန်မာနိုင်ငံအခြေစိုက်သံတ မန်များကို တွေ့ဆုံရှင်းလင်း

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၀ (People Media)

 

မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို မြန်မာနိုင်ငံအခြေစိုက်သံတမန်များတွေ့ဆုံရှင်းလင်းပွဲကို စက်တင်ဘာလ ၉ ရက်နေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား စတူဒီ ယို (A) ၌ ကျင်းပခဲ့ကြောင်း သိရသည်။

 

တွေ့ဆုံရှင်းလင်းပွဲကို ပြန်ကြားရေးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ UEC အဖွဲ့ဝင် ဦးခင်မောင်ဦး၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ် စိုတင့်နိုင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်မျိုးထွဋ်၊ ကျန်း မာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာအေားထွန်းတို့က ရှင်းလင်းခဲ့သည်။

 

ရှင်းလင်းပွဲတွင် ရွေးကောက်ပွဲ မဲကိစ္စရပ်များ၊ အကြမ်းဖက်လုပ်ရပ်များ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်း စဉ်များ၊ ကိုဗစ်-၁၉ ရောဂါ အခြေအနေနှင့် ကာကွယ်ဆေးထိုးနှံပေးမှုများကို သက်ဆိုင်ရာဝန်ကြီးများက ရှင်းလင်းခဲ့ကြကြောင်း သိရသည်။

 

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို ကိုရီးယား၊ အစ္စရေး၊ ထိုင်း၊ ကမ္ဘောဒီယား၊ အီဂျစ်နိုင်ငံတို့မှ သံအမတ်ကြီးများ၊ ကုလသမဂ္ဂဌာနနေ ကိုယ်စားလှယ်၊ အိန္ဒိယ၊ တူရကီ၊ မလေးရှား၊ ဆော်ဒီ၊ တရုတ်၊ ဂျပန်၊ ရုရှား၊ စင်ကာပူ၊ ဗီယက်နမ်၊ သြစတြေးလျ၊ ဘရာဇီး စသည့်နိုင်ငံများ အပါအဝင် မြန်မာနိုင်ငံအခြေစိုက်သံရုံးများမှ သံရုံးယာ ယီတာဝန်ခံများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

#PeopleMedia

 

(unicode)


…………………………………………………………………………..

 


 


 


 


 


 

#PeopleMedia


Share this post