• Follow Us on

Home န-စ-က ကောင်စီနှင့် မပူးပေါင်းရန် “ဝ” အမျိုးသားပါတီကို “ဝ” လူငယ်အဖွဲ့အစည်းနှစ်ခု သတိပေး

န-စ-က ကောင်စီနှင့် မပူးပေါင်းရန် “ဝ” အမျိုးသားပါတီကို “ဝ” လူငယ်အဖွဲ့အစည်းနှစ်ခု သတိပေး

Share this post

နေပြည်တော်၊ သြဂုတ် ၁၇ (People Media)

 

န-စ-က စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန် “ဝ” အမျိုးသားပါတီကို “ဝ” လူငယ်အဖွဲ့အစည်းများ ဖြစ်သည့် တန့်ယန်း ဝ လူငယ်ကွန်ယက်နှင့် လားရိူး ဝ လူငယ်ကွန်ယက်တို့က သတိပေးချက်ကို ယနေ့ထုတ် ပြန်လိုက်သည်။

 

အာဏာရှင်စနစ်ကို အမြစ်နုတ်နေချိန် ဩဂုတ်လ (၄) ရက်နေ့တွင် နိုင်ငံရေးပါတီ (၂၈) ပါတီက စစ်ကောင်စီ၏ လုပ်ရပ်ကို လူသားချင်းမစာမနာ ထောက်ခံကြောင်း ပူးတွဲသဘောထား ကြေညာချက်ထုတ်ပြန်ရာတွင် “ဝ” အမျိုးသားပါတီလည်း ပါဝင်လက်မှတ်ရေးထိုးထားခဲ့ကြောင်း ၎င်းကြေညာချက်တွင် လက်မှတ်ရေးထိုးထားသည့် “ဝ” အမျိုးသားပါတီ၏ လုပ်ရပ်အပေါ် အပြင်းအထန် ကန့်ကွက်ကြောင်းနှင့် “ဝ” အမျိုးသားတို့၏ ဂုဏ်ကိုလည်း များစွာ ထိခိုက်စေကြောင်း “ဝ” လူငယ်မျိုးဆက်သစ်များက မိမိတို့၏ လူမှုစာမျက်နှာပေါ်တွင် ရေးသားကန့် ကွက်ခဲ့ကြကြောင်း သိရသည်။

 

“ဝ”အမျိုးသားပါတီကမူ ယင်းသို့ လက်မှတ်ထိုးထားခြင်းမှာ ပါတီအုပ်ကြီးတစ်ဦးတည်း၏ သဘောထားသာ ဖြစ်ပြီး ပါတီနှင့် သက်ဆိုင်ခြင်းမရှိကြောင်းနှင့် ပြင်းထန်စွာ ရှုတ်ချကြောင်း “ဝ” အမျိုးသားပါတီ ဗဟိုကော်မ တီဝင်များက ဩဂုတ်လ (၆) ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ခဲ့ပြီးနောက်  ဩဂုတ်လ (၁၁) ရက်နေ့တွင် “ဝ” အမျိုးသားပါတီ၏ ဥက္ကဌဖြစ်သူ ဦးဆိုင်ပေါင်းနပ်သည် ပါတီဥက္ကဋ္ဌတာဝန်နှင့် ပါတီဝင်အဖြစ်မှ အပြီးအပိုင် နုတ်ထွက်ကြောင်းကို စာတင်ခဲ့သည်။

 

လက်မှတ်ရေးထိုးထားခြင်းသည် “ဝ” အမျိုးသားပါတီ ဥက္ကဋ္ဌဖြစ်သူ ဦးဆိုင်ပေါင်းနပ် တစ်ဦးတည်းသဘော ထားဟု ထုတ်ပြန်ထားသည့်အလျောက် စစ်ကောင်စီအပေါ် “ဝ” အမျိုးသားပါတီ၏ သဘောထားကို သိလိုကြောင်း၊ ထို့ကြောင့် “ဝ” အမျိုးသားပါတီအနေဖြင့် စစ်ကောင်စီနှင့် ပူးပေါင်းမည်ဆိုပါက မိမိတို့ လူငယ်ကွန်ယက်ထောက်ခံမှုကို ဆုံးရူံးသွားနိုင်ကြောင်း တန့်ယန်း ဝ လူငယ်ကွန်ယက်က ထုတ်ပြန်ထားသည်။

 

ဆက်လက်ပြီး လားရိူး ဝ လူငယ်ကွန်ယက်တို့ကလည်း စစ်ကောင်စီနှင့် ပူးပေါင်းခြင်း မပြုရန်နှင့် စစ်ကောင်စီ၏ လုပ်ရပ်တစ်စုံတစ်ရာကိုမျှ အားပေးအားမြှောက်ခြင်းမပြုရန် ကျွန်ုပ်တို့ ဝ လူငယ်များက အကြံပြုလိုကြောင်း ထုတ်ပြန်ခဲ့သည်။

 

#PeopleMedia #ဝ

 

(unicode)


……………………………………………………………..

 


 


 


 


 


 


 



Share this post