• Follow Us on

Home ပခုက္ကူမြို့အနီးရှိ မြန်မာ-ဂျပန် (ခရိုဒ) လက်အိပ်စက်ရုံ မန်နေဂျာကို PDF အဖွဲ့များ ဝင်ရောက်ဖမ်းဆီးသွား

ပခုက္ကူမြို့အနီးရှိ မြန်မာ-ဂျပန် (ခရိုဒ) လက်အိပ်စက်ရုံ မန်နေဂျာကို PDF အဖွဲ့များ ဝင်ရောက်ဖမ်းဆီးသွား

Share this post

ပခုက္ကူ၊ နိုဝင်ဘာ ၂၈

 

ယနေ့နံနက် (၉း၃၀) အချိန်က မကွေးတိုင်း၊ ပခုက္ကူမြို့အနီး၊ ပခုက္ကူ-ရေစကြိုလမ်းမကြီးဘေး၊ ဆန်းသစ်(ခ) ၁၂ မိုင်ရွာအနီးရှိ ဂျပန်အစိုးရမှ လာရောက်ဖွင့်လှစ်ထားသည့် မြန်မာ-ဂျပန်(ခရိုဒ) လက်အိပ်စက်ရုံ၏ မန်နေဂျာကို PDF အဖွဲ့များ ဝင်ရောက်ဖမ်းဆီးသွားသည်။

 

“ဂျပန်အစိုးရက ဒေသခံတွေကို အလုပ်ပေးထားတဲ့ စက်ရုံပါ။ စက်ရုံက မန်နေဂျာကို ဖမ်းသွားပြီး စက်ရုံက ကားတစ်စီးကိုလည်း ယူဆောင်သွားတယ်” လို့ ဒေသခံတစ်ဦးက ပြောသည်။

 

ဖမ်းဆီးခံရသည့် စက်ရုံမန်နေဂျာသည် ကိုမိုးဝင်းဖြစ်ပြီး ၎င်းကို PDF အဖွဲ့များက ဆန်းသစ်ကျေးရွာ အနောက်ဘက်ရှိ သဲတောကျေးရွာအတွင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်။

 

#PeopleMedia


Share this post