• Follow Us on

Home ပခုကၠဴတကၠသိုလ္တြင္ ဗမာႏိုင္ငံလုံးဆိုင္ရာ ေက်ာင္းသားသမဂၢမ်ားအဖြဲ႕ခ်ဳပ္ ယာယီ႐ုံးခန္းအျဖစ္ အသုံးျပဳရန္ ခြင့္မျပဳျခင္းသည္ NLD ပါတီထံ အလံျပန္ေတာင္းျခင္း အက်ိဳးဆက္ျဖစ္ႏိုင္ေၾကာင္း ဒုဥကၠ႒ေျပာ

ပခုကၠဴတကၠသိုလ္တြင္ ဗမာႏိုင္ငံလုံးဆိုင္ရာ ေက်ာင္းသားသမဂၢမ်ားအဖြဲ႕ခ်ဳပ္ ယာယီ႐ုံးခန္းအျဖစ္ အသုံးျပဳရန္ ခြင့္မျပဳျခင္းသည္ NLD ပါတီထံ အလံျပန္ေတာင္းျခင္း အက်ိဳးဆက္ျဖစ္ႏိုင္ေၾကာင္း ဒုဥကၠ႒ေျပာ

Share this post

ရန္ကုန္၊ ဇြန္ ၁၇ (PeopleMedia)

မေကြးတိုင္းေဒသႀကီး၊ ပခုကၠဴတကၠသိုလ္တြင္ ဗမာႏိုင္ငံလုံးဆိုင္ရာ ေက်ာင္းသားသမဂၢမ်ားအဖြဲ႕ခ်ဳပ္ ယာယီ ႐ုံးခန္းအျဖစ္ အသုံးျပဳရန္ခြင့္မျပဳျခင္းသည္ NLD ပါတီထံ အလံျပန္ေတာင္းျခင္းအက်ိဳးဆက္လို႔ယူဆေၾကာင္း ဗမာႏိုင္ငံလုံးဆိုင္ရာ ေက်ာင္းသားသမဂၢမ်ားအဖြဲ႕ခ်ဳပ္ ဒုဥကၠ႒(၁)ကိုေအာင္ျပည့္စုံၿဖိဳးကေျပာသည္။

ဗမာႏိုင္ငံံလုံးဆိုင္ရာ ေက်ာင္းသားသမဂၢမ်ားအဖြဲ႕ခ်ဳပ္ ယာယီ႐ုံးခန္းအျဖစ္ ပခုကၠဴတကၠသိုလ္တစ္ေက်ာင္း ထဲတြင္ ႐ုံးခန္းျပဳလုပ္မွာမဟုတ္ဘဲ ငါးေနရာသတ္မွတ္ထားၿပီး ပခုကၠဴတကၠသိုလ္၊ စစ္ကိုင္းပညာေရးတကၠသိုလ္၊ ရတနာပုံတကၠသိုလ္၊ ျပည္တကၠသိုလ္ႏွင့္ ရန္ကုန္ပညာေရးတကၠသိုလ္တြင္ ႐ုံးခန္းျပဳလုပ္မည္ျဖစ္ေၾကာင္း ၎ကေျပာသည္။

“ေက်ာင္းသားသမဂၢ႐ုံးခန္းမွာ ေက်ာင္းသားသမဂၢေတြအလုပ္လုပ္တာဘယ္သူကိုမွ ခြင့္ျပဳစာ တင္စရာမလိုဘူး။ အသုံးျပဳခြင့္မျပဳတာ သူတို႔ကိစၥကြၽန္ေတာ္တို႔ကေတာ့ သိပ္ဂ႐ုစိုက္စရာမရွိပါဘူး။ ႏိုင္ငံေရးမွာ တိုက္ဆုိင္တယ္ဆို တာေတာ့မရွိဘူးလို႔ ကြၽန္ေတာ္ေျပာခ်င္တယ္။ ဟိုရက္ကမွ NLD ထံကေန အလံျပန္ေတာင္းထားတဲ့ကိစၥ အဲ့ကိစၥ ရဲ႕ အက်ိဳးဆက္လိုယူဆပါတယ္” ဟု ဗမာႏိုင္ငံလုံးဆိုင္ရာ ေက်ာင္းသားသမဂၢမ်ားအဖြဲ႕ခ်ဳပ္ ဒုဥကၠ႒(၁) ကိုေအာင္ျပည့္စုံၿဖိဳးကေျပာသည္။

ဗမာႏိုင္ငံလုံးဆိုင္ရာေက်ာင္းသားသမဂၢ႐ုံးခန္း စတင္လုပ္ေဆာင္မည့္ေနရာမွာ ပခုကၠဴတကၠသိုလ္ျဖစ္သည့္ အတြက္ ႐ုံးထိုင္ရန္အေၾကာင္းၾကားစာပို႔ခဲ့ၿပီး မေကြးတိုင္းေဒသႀကီးအစိုးရအဖြဲ႕မွ ဇြန္လ ၁၅ ရက္တြင္ ခြင့္မျပဳေၾကာင္းအေၾကာင္းၾကားစာကိုထုတ္ျပန္ျခင္းျဖစ္သည္။

ထို႔အျပင္ ေက်ာင္းသားသမဂၢမ်ားအေနျဖင့္ ယာယီ႐ုံးခန္းျပဳလုပ္မည့္ကိစၥႏွင့္ပတ္သက္ၿပီး တစ္ျခားတိုင္း ၅ ခုမွ ေက်ာင္းေတြရဲ႕သေဘာထားကို ေစာင့္ၾကည့္သြားမည္ျဖစ္ေၾကာင္း ဗမာႏိုင္ငံလုံးဆိုင္ရာ ေက်ာင္းသားသမဂၢမ်ား အဖြဲ႕ခ်ဳပ္ ဒုဥကၠ႒(၁)ကိုေအာင္ျပည့္စုံၿဖိဳးကေျပာသည္။

#PeopleMedia

(unicode)

ရန်ကုန်၊ ဇွန် ၁၇ (PeopleMedia)

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူတက္ကသိုလ်တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ယာယီ ရုံးခန်းအဖြစ် အသုံးပြုရန်ခွင့်မပြုခြင်းသည် NLD ပါတီထံ အလံပြန်တောင်းခြင်းအကျိုးဆက်လို့ယူဆကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ(၁)ကိုအောင်ပြည့်စုံဖြိုးကပြောသည်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ယာယီရုံးခန်းအဖြစ် ပခုက္ကူတက္ကသိုလ်တစ်ကျောင်း ထဲတွင် ရုံးခန်းပြုလုပ်မှာမဟုတ်ဘဲ ငါးနေရာသတ်မှတ်ထားပြီး ပခုက္ကူတက္ကသိုလ်၊ စစ်ကိုင်းပညာရေးတက္ကသိုလ်၊ ရတနာပုံတက္ကသိုလ်၊ ပြည်တက္ကသိုလ်နှင့် ရန်ကုန်ပညာရေးတက္ကသိုလ်တွင် ရုံးခန်းပြုလုပ်မည်ဖြစ်ကြောင်း ၎င်းကပြောသည်။

“ကျောင်းသားသမဂ္ဂရုံးခန်းမှာ ကျောင်းသားသမဂ္ဂတွေအလုပ်လုပ်တာဘယ်သူကိုမှ ခွင့်ပြုစာ တင်စရာမလိုဘူး။ အသုံးပြုခွင့်မပြုတာ သူတို့ကိစ္စကျွန်တော်တို့ကတော့ သိပ်ဂရုစိုက်စရာမရှိပါဘူး။ နိုင်ငံရေးမှာ တိုက်ဆိုင်တယ်ဆို တာတော့မရှိဘူးလို့ ကျွန်တော်ပြောချင်တယ်။ ဟိုရက်ကမှ NLD ထံကနေ အလံပြန်တောင်းထားတဲ့ကိစ္စ အဲ့ကိစ္စ ရဲ့ အကျိုးဆက်လိုယူဆပါတယ်” ဟု ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ(၁) ကိုအောင်ပြည့်စုံဖြိုးကပြောသည်။

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂရုံးခန်း စတင်လုပ်ဆောင်မည့်နေရာမှာ ပခုက္ကူတက္ကသိုလ်ဖြစ်သည့် အတွက် ရုံးထိုင်ရန်အကြောင်းကြားစာပို့ခဲ့ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဇွန်လ ၁၅ ရက်တွင် ခွင့်မပြုကြောင်းအကြောင်းကြားစာကိုထုတ်ပြန်ခြင်းဖြစ်သည်။

ထို့အပြင် ကျောင်းသားသမဂ္ဂများအနေဖြင့် ယာယီရုံးခန်းပြုလုပ်မည့်ကိစ္စနှင့်ပတ်သက်ပြီး တစ်ခြားတိုင်း ၅ ခုမှ ကျောင်းတွေရဲ့သဘောထားကို စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ(၁)ကိုအောင်ပြည့်စုံဖြိုးကပြောသည်။

#PeopleMedia


Share this post