• Follow Us on

Home ပခုကၠဴၿမိဳ႕နယ္တြင္ ၾကက္တိုက္ေလာင္းကစားျပဳလုပ္ေနသူမ်ားအား ဖမ္းဆီးရာ တိုက္ၾကက္(၃)ေကာင္၊ ဆိုင္ကယ္ (၃၂)စီးႏွင့္ လူ (၇)ဦး ဖမ္းမိ

ပခုကၠဴၿမိဳ႕နယ္တြင္ ၾကက္တိုက္ေလာင္းကစားျပဳလုပ္ေနသူမ်ားအား ဖမ္းဆီးရာ တိုက္ၾကက္(၃)ေကာင္၊ ဆိုင္ကယ္ (၃၂)စီးႏွင့္ လူ (၇)ဦး ဖမ္းမိ

Share this post

မေကြး၊ ေအာက္တိုဘာလ ၂၆ ရက္
COVID – 19 ကူးစက္ေရာဂါကာလ၌ မေကြးတိုင္းေဒသႀကီးနယ္ေျမအတြင္း ေလာင္းကစားမႈ မ်ား ပိုမိုေလ်ာ့နည္းပေပ်ာက္ေစေရးႏွင့္ ေလာင္းကစားျခင္းမွတစ္ဆင့္ ေနာက္ဆက္တြဲ မႈခင္းမ်ား မျဖစ္ပြါးေစရန္ အေလးထား ေဆာင္ရြက္ လ်က္ရွိေၾကာင္း မေကြးတိုင္းေဒသႀကီးရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားသည္။
ေအာက္တိုဘာ (၂၆)ရက္ ၊ေနလည္ (၂) နာရီအခ်ိန္တြင္ ပခုကၠဴၿမိဳ႕၊ မက်ီးပင္ပုအုပ္စု၊ ေႏွာကုန္း ေက်းရြာအပိုင္ ကိုဝင္းျမင့္၏ ယာခင္းအနီး ဇီးပင္ေအာက္တြင္ လူအုပ္စုလိုက္ျဖင့္ ၾကက္တိုက္ ေလာင္းကစားျပဳလုပ္ေနေၾကာင္း သတင္းအရ ပခုကၠဴခရိုင္မွ ရဲတပ္ဖြဲ႕ဝင္မ်ားသည္ သက္ေသ မ်ားႏွင့္အတူ သြားေရာက္ စစ္ေဆးခဲ့သည္။
ထိုသို႔ စစ္ေဆးရာ၌ ေအာင္ကိုျမင့္ပါ (၇) ဦးအား ၾကက္တိုက္ေလာင္းကစား ျပဳလုပ္လ်က္ ေတြ႕ရွိရၿပီး တိုက္ၾကက္ဖ (၃) ေကာင္၊ လက္ကိုင္ဖုန္း (၅) လုံး၊ ဆိုင္ကယ္ (၃၂) စီး၊ ၾကက္တိုက္ေလာင္းကစားရာတြင္ အသုံးျပဳေသာ ဆက္စပ္ပစၥည္းမ်ား၊ ေလာင္းေၾကးေငြ စကၠဴေရာရာ (၂၃၈၀၀) က်ပ္တို႔ႏွင့္အတူ ဖမ္းဆီးရမိခဲ့သျဖင့္ ဉပေဒလုပ္ထုံးလုပ္နည္းမ်ား ႏွင့္အညီ ဖမ္းဆီးအေရးယူ ေဆာင္ရြက္ထားရွိေၾကာင္း မေကြးတိုင္းေဒသႀကီးရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားသည္။
(unicode)
ပခုက္ကူမြို့နယ်တွင် ကြက်တိုက်လောင်းကစားပြုလုပ်နေသူများအား ဖမ်းဆီးရာ တိုက်ကြက်(၃)ကောင် ၊ဆိုင်ကယ် (၃၂)စီးနှင့် လူ (၇)ဦး ဖမ်းမိ
……………………………………………………………..
မကွေး၊ အောက်တိုဘာလ ၂၆ ရက်
COVID – 19 ကူးစက်ရောဂါကာလ၌ မကွေးတိုင်းဒေသကြီးနယ်မြေအတွင်း လောင်းကစားမှု များ ပိုမိုလျော့နည်းပပျောက်စေရေးနှင့် လောင်းကစားခြင်းမှတစ်ဆင့် နောက်ဆက်တွဲ မှုခင်းများ မဖြစ်ပွါးစေရန် အလေးထား ဆောင်ရွက် လျက်ရှိကြောင်း မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
အောက်တိုဘာ (၂၆)ရက် ၊နေလည် (၂) နာရီအချိန်တွင် ပခုက္ကူမြို့၊ မကျီးပင်ပုအုပ်စု၊ နှောကုန်း ကျေးရွာအပိုင် ကိုဝင်းမြင့်၏ ယာခင်းအနီး ဇီးပင်အောက်တွင် လူအုပ်စုလိုက်ဖြင့် ကြက်တိုက် လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ ပခုက္ကူခရိုင်မှ ရဲတပ်ဖွဲ့ဝင်များသည် သက်သေ များနှင့်အတူ သွားရောက် စစ်ဆေးခဲ့သည်။
ထိုသို့ စစ်ဆေးရာ၌ အောင်ကိုမြင့်ပါ (၇) ဦးအား ကြက်တိုက်လောင်းကစား ပြုလုပ်လျက် တွေ့ရှိရပြီး တိုက်ကြက်ဖ (၃) ကောင်၊ လက်ကိုင်ဖုန်း (၅) လုံး၊ ဆိုင်ကယ် (၃၂) စီး၊ ကြက်တိုက်လောင်းကစားရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေ စက္ကူရောရာ (၂၃၈၀၀) ကျပ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် ဉပဒေလုပ်ထုံးလုပ်နည်းများ နှင့်အညီ ဖမ်းဆီးအရေးယူ ဆောင်ရွက်ထားရှိကြောင်း မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

Share this post