• Follow Us on

Home ပခုက္ကူမြို့နယ်တွင် COVID-19 ရောဂါကြောင့် သတ်မှတ်ထားသည့်အချိန်ကျော်လွန်ပြီး နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူမည်

ပခုက္ကူမြို့နယ်တွင် COVID-19 ရောဂါကြောင့် သတ်မှတ်ထားသည့်အချိန်ကျော်လွန်ပြီး နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူမည်

Share this post

နေပြည်တော်၊ သြဂုတ် ၉ (People Media)

 

ပခုက္ကူမြို့နယ်တွင် COVID-19 ရောဂါကြောင့် သတ်မှတ်ထားသည့် နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအချိန် ထက် ကျော်လွန်ပြီး နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာပါက ယနေ့ သြဂုတ် ၉ ရက်နေ့မှစ၍ တည်ဆဲဥပဒေ များနှင့်အညီ အရေးယူမည်ဖြစ်ကြောင်း ပခုက္ကူမြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ထုတ်ပြန်ကြေညာထားသည်။

 

အဆိုပါထုတ်ပြန်ချက်တွင် နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအတွင်း ကျန်းမာရေးကိစ္စနှင့် ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းများမှအပ နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာခြင်းမ ပြုရန် အသိပေးကြေညာခဲ့ပြီးဖြစ်ကြောင်း ဖော်ပြပါရှိသည်။

 

အလားတူ မြန်မာနိုင်ငံတွင် ကျန်းမာရေးဝန်ကြီးဌာန၏ သြဂုတ်လ ၈ ရက်နေ့ ည ၈ နာရီ ထုတ်ပြန်ချက်အရ COVID-19 ရောဂါကူးစက်ခံရသူ စုစုပေါင်းဦးရေ သုံးသိန်းကျော်ရှိပြီး၊ ပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံမှ ဆင်းခွင့်ရရှိသူ လူဦးရေနှစ်သိန်းကျော်နှင့် အဆိုပါရောဂါဖြင့် သေဆုံးလူနာ ၁၁၇၇၆ ဦးရှိကြောင်း ဖော်ပြပါရှိ သည်။

 

#PeopleMedia #COVID19 #ပခုက္ကူမြို့

 

(unicode)


……………………………………………………………..

 


 


 


 


 

#PeopleMedia #COVID19 #ပခုက်ကူမွို့


Share this post