• Follow Us on

Home ပခုက္ကူမြို့နယ်၌ NUG ၏ ငွေတိုက်စာချုပ်များ ပြုလုပ်ပေးနေသူ မြန်မာ့ရှေ့ဆောင်ဘဏ်မှ မန်နေဂျာ ဒေါ်ခင် နှောင်းနှောင်း ဖမ်းဆီးခံရ

ပခုက္ကူမြို့နယ်၌ NUG ၏ ငွေတိုက်စာချုပ်များ ပြုလုပ်ပေးနေသူ မြန်မာ့ရှေ့ဆောင်ဘဏ်မှ မန်နေဂျာ ဒေါ်ခင် နှောင်းနှောင်း ဖမ်းဆီးခံရ

Share this post

ပခုက္ကူ၊ မတ် ၁၂

 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ NUG ၏ ငွေတိုက်စာချုပ်များ ပြုလုပ်ပေးနေသူ ပခုက္ကူမြို့နယ် မြန်မာ့ ရှေ့ဆောင်ဘဏ် မန်နေဂျာဖြစ်သူ ဒေါ်ခင်နှောင်းနှောင်းသည် မတ်လ ၁၁ ရက်နေ့၌ ဖမ်းဆီးခံရသည်။

 

“မနေ့ညနေ ၃ နာရီအချိန်က မြန်မာ့ရှေ့ဆောင်ဘဏ်မှ မန်နေဂျာ ဒေါ်ခင်နှောင်းနှောင်းကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ သူက NUG ရဲ့ ငွေတိုက်စာချုပ်များကို ပြုလုပ်ပေးနေသူ ဖြစ်ပါတယ်။ သူ့မှာ NUG ရဲ့ ငွေတိုက်စာချုပ်တွေနဲ့ ပတ်သက်သောပစ္စည်းတွေပါ သိမ်းဆည်းနိုင်ခဲ့ပါတယ်” လို့ တာဝန်ရှိသူတစ်ဦးက People Media သို့ ပြောဆို သည်။

 

မြန်မာ့ရှေ့ဆောင်ဘဏ်မှ မန်နေဂျာဖြစ်သူ ဒေါ်ခင်နှောင်းနှောင်းသည် ပခုက္ကူမြို့၊ အာဇာနည်လမ်း၊ အမှတ် ၈ ရပ်ကွက်၌ နေထိုင်သူဖြစ်ပြီး ၎င်း၏ နေအိမ်ကိုလည်း တာဝန်ရှိသူများက ချိပ်ပိတ်သိမ်းဆည်းသွားမည် ဖြစ် ကြောင်း သိရသည်။

 

#PeopleMedia

 

(unicode)


……………………………………………

 

ပခုက်ကူ၊ မတျ ၁၂

 


 


 


 

#PeopleMedia


Share this post