• Follow Us on

Home ပခုက္ကူမြို့အနီးရှိ လယ်ယာမြေများပေါ်၌ မြေကွက်ရိုက် ရောင်းချနေမှုများကို အရေးယူရန် မကွေးတိုင်းအစိုးရ စီစဉ်

ပခုက္ကူမြို့အနီးရှိ လယ်ယာမြေများပေါ်၌ မြေကွက်ရိုက် ရောင်းချနေမှုများကို အရေးယူရန် မကွေးတိုင်းအစိုးရ စီစဉ်

Share this post

 

ပခုက္ကူ၊ ဖေဖော်ဝါရီ ၂၈

 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ချောက်ကန်ကျေးရွာအုပ်စုနှင့် ကိုင်းကျေးရွာအုပ်စုအတွင်းရှိ လယ်ယာမြေများ ပေါ်တွင် အိမ်ယာကွက်ရိုက်၍ မြေရောင်းချနေမှုများကို တိုင်းအစိုးရအဖွဲ့မှ အရေးယူရန် စီစဉ်လျက်ရှိသည်။

 

အဆိုပါ လယ်ယာမြေများကို အိမ်ယာကွက်ရိုက်၍ ရောင်းချနေသောနေရာသည် ပခုက္ကူမြို့အနီးရှိသော လယ် မြေများဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

 

“အကွက်စရိုက်စဉ်က မြေစာရင်းတို့ ထွေအုပ်တို့က မသိကျေးကျွန်ပြုခဲ့ကြတာ။ မမြင်စရာလည်း မရှိဘူး။ လမ်းမဘေးက လယ်တွေလို့” ဒေသခံတစ်ဦးက ပြောဆိုသည်။

 

အဆိုပါ လယ်ယာမြေများနှင့်ပတ်သက်ပြီး ဖေဖော်ဝါရီ ၂၅ ရက်နေ့က မြို့နယ်မြေစာရင်း၊ ထွေအုပ်တို့မှ ကွင်း ဆင်းစစ်ဆေးခဲ့ပြီး ဗီနိုင်းများ လိုက်လံစိုက်ထူသွားကြောင်း သိရသည်။

 

#PeopleMedia

 

(unicode)


………………………………………………

 

ပခုက်ကူ၊ ဖဖေောျဝါရီ ၂၈

 


 


 


 


 

#PeopleMedia


Share this post