• Follow Us on

Home ပခုကၠဴၿမိဳ႕၊ သီဟိုဠ္ရွင္ဘုရားႀကီးေဘး စည္ပင္ေရေျမာင္းတူးရာမွ ေရွးေဟာင္းအုတ္မ်ားျဖင့္ စီထားေသာ လိႈဏ္ေခါင္းမ်ားေတြ႕ရွိ

ပခုကၠဴၿမိဳ႕၊ သီဟိုဠ္ရွင္ဘုရားႀကီးေဘး စည္ပင္ေရေျမာင္းတူးရာမွ ေရွးေဟာင္းအုတ္မ်ားျဖင့္ စီထားေသာ လိႈဏ္ေခါင္းမ်ားေတြ႕ရွိ

Share this post

ရန္ကုန္၊ ၾသဂုတ္ ၄

ပခုကၠဴၿမိဳ႕၊ သီဟိုဠ္ရွင္ ဘုရားႀကီးေဘး စည္ပင္ေရေျမာင္းတူးရာမွ ေရွးေဟာင္းအုတ္မ်ားျဖင့္ စီထားေသာလိႈဏ္ ေခါင္းမ်ားေတြ႕ရွိေၾကာင္း ပခုကၠဴၿမိဳ႕နယ္ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ မဲဆႏၵနယ္ ၂ က ေဒၚဇင္နီနီ၀င္းကေျပာသည္။

လိႈဏ္ေခါင္းေတြ႕ရွိသည္ဟုသတင္းမ်ားထြက္ေပၚေနမႈႏွင့္ပတ္သက္၍ ၾသဂုတ္ ၄ ရက္ people media က ဆက္သြယ္ေမးျမန္းရာတြင္ ပခုကၠဴၿမိဳ႕နယ္ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ မဲဆႏၵနယ္ ၂ က ေဒၚဇင္နီနီ၀င္းကေျပာၾကားခဲ့သည္။

“လိႈဏ္ေခါင္းထဲကအုတ္ေတြက အရင္တုန္းက ေရွးေဟာင္းအုတ္ေတြပဲ။ ေတြ႕တာက ဒီေန႔ၾသဂုတ္လ ၄ ရက္မနက္၉နာရီေလာက္မွာေပါ ႔။ဘုရားႀကီးေတာင္ဘက္ကေန စည္ပင္ကေရေျမာင္းတူးလာတာ။ ဘာမွမေတြ႕ဘူး။အဲဒီေနရာေရာက္ေတာ့ ေျမလည္ပယ္ကနည္းနည္းျမင့္တယ္။ ျမင့္ေတာ့ေရဆင္းေကာင္းေအာင္ နည္းနည္းႏႈိက္တူးတဲ့အခါမွာ အေပါက္ကေလးေတြ႕တာနဲ႔ တူးလိုက္တာ လိုက္ေခါင္းေတြ႕ တယ္။ ဆယ္ေပေ လာက္ နက္တယ္။အထဲထဲမွာ ေလွခါးထစ္ေတြလည္းရွိတ ယ္။ေနာက္ၿပီး ၀ကၤပါလိုမ်ိဳး ၀င္ေပါက္ေလး ေတြေတြ႕တယ္။လူေတာ့၀င္လို႔မရဘူး။ ေလးေပေလာက္ပဲရွိတယ္။ အထဲထဲေတာ့၀င္မၾကည့္ရေသးဘူး။ ဆရာေတာ္ႀကီးေတြလည္းပင့္ထားတယ္။ မီးသတ္တို႔ ေရွးေဟာင္းသုေတသနတို႔ကို လည္းအေၾကာင္း ၾကားထားေတာ့ အခုေလာက္ဆိုရင္ေတာ့ဆင္းေနၿပီထင္တယ္’’ဟု ၎ကေျပာသည္။

လိႈဏ္ေခါင္းေတြ႕ရွိသည့္ေနရာကို လတ္တေလာတြင္ လူအမ်ားၾကည့္ရႈေနသျဖင့္ ေျမၿပိဳမည္စိုးေသာေၾကာင့္ ကန္႔သတ္ထားၿပီး လိႈဏ္ေခါင္းအတြင္းအလင္းေရာင္ အခ်ိဳ႕ကိုလည္းေတြ႕ရွိေၾကာင္း တိုင္းလႊတ္ေတာ္ကိုယ္စား လွယ္ ေဒၚဇင္နီနီ၀င္းကေျပာသည္။

မေကြးတိုင္းေဒသႀကီး ပခုကၠဴၿမိဳ႕တြင္တည္ရွိေသာ သီဟိုဠ္ရွင္ဘုရားႀကီးသည္ အေလာင္းစည္သူမင္းတည္ထား ကိုးကြယ္ခဲ့ေသာဘုရားႀကီးလည္းျဖစ္ၿပီး ၁၂၈၄ ခုႏွစ္တြင္ ေစတီေတာ္အား ေဒၚေလးႀကီးကျပန္လည္ျပင္ဆင္ခဲ့ သည္။

#PeopleMedia #ပခုကၠဴ

(Unicode)
ပခုက္ကူမြို့၊ သီဟိုဠ်ရှင်ဘုရားကြီးဘေး စည်ပင်ရေမြောင်းတူးရာမှ ရှေးဟောင်းအုတ်များဖြင့် စီထားသော လှိုဏ်ခေါင်းများတွေ့ရှိ
……………………………………………………

ရန်ကုန်၊ ဩဂုတ် ၄

ပခုက္ကူမြို့၊ သီဟိုဠ်ရှင် ဘုရားကြီးဘေး စည်ပင်ရေမြောင်းတူးရာမှ ရှေးဟောင်းအုတ်များဖြင့် စီထားသောလှိုဏ် ခေါင်းများတွေ့ရှိကြောင်း ပခုက္ကူမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ် ၂ က ဒေါ်ဇင်နီနီဝင်းကပြောသည်။

လှိုဏ်ခေါင်းတွေ့ရှိသည်ဟုသတင်းများထွက်ပေါ်နေမှုနှင့်ပတ်သက်၍ ဩဂုတ် ၄ ရက် people media က ဆက်သွယ်မေးမြန်းရာတွင် ပခုက္ကူမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ် ၂ က ဒေါ်ဇင်နီနီဝင်းကပြောကြားခဲ့သည်။

“လှိုဏ်ခေါင်းထဲကအုတ်တွေက အရင်တုန်းက ရှေးဟောင်းအုတ်တွေပဲ။ တွေ့တာက ဒီနေ့ဩဂုတ်လ ၄ ရက်မနက်၉နာရီလောက်မှာပေါ့။ဘုရားကြီးတောင်ဘက်ကနေ စည်ပင်ကရေမြောင်းတူးလာတာ။ ဘာမှမတွေ့ဘူး။အဲဒီနေရာရောက်တော့ မြေလည်ပယ်ကနည်းနည်းမြင့်တယ်။ မြင့်တော့ရေဆင်းကောင်းအောင် နည်းနည်းနှိုက်တူးတဲ့အခါမှာ အပေါက်ကလေးတွေ့တာနဲ့ တူးလိုက်တာ လိုက်ခေါင်းတွေ့ တယ်။ ဆယ်ပေ ေလာက် နက်တယ်။အထဲထဲမှာ လှေခါးထစ်တွေလည်းရှိတ ယ်။နောက်ပြီး ဝင်္ကပါလိုမျိုး ဝင်ပေါက်လေး တွေတွေ့တယ်။လူတော့ဝင်လို့မရဘူး။ လေးပေလောက်ပဲရှိတယ်။ အထဲထဲတော့ဝင်မကြည့်ရသေးဘူး။ ဆရာတော်ကြီးတွေလည်းပင့်ထားတယ်။ မီးသတ်တို့ ရှေးဟောင်းသုတေသနတို့ကို လည်းအကြောင်း ကြားထားတော့ အခုလောက်ဆိုရင်တော့ဆင်းနေပြီထင်တယ်’’ဟု ၎င်းကပြောသည်။

လှိုဏ်ခေါင်းတွေ့ရှိသည့်နေရာကို လတ်တလောတွင် လူအများကြည့်ရှုနေသဖြင့် မြေပြိုမည်စိုးသောကြောင့် ကန့်သတ်ထားပြီး လှိုဏ်ခေါင်းအတွင်းအလင်းရောင် အချို့ကိုလည်းတွေ့ရှိကြောင်း တိုင်းလွှတ်တော်ကိုယ်စား လှယ် ဒေါ်ဇင်နီနီဝင်းကပြောသည်။

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့တွင်တည်ရှိသော သီဟိုဠ်ရှင်ဘုရားကြီးသည် အလောင်းစည်သူမင်းတည်ထား ကိုးကွယ်ခဲ့သောဘုရားကြီးလည်းဖြစ်ပြီး ၁၂၈၄ ခုနှစ်တွင် စေတီတော်အား ဒေါ်လေးကြီးကပြန်လည်ပြင်ဆင်ခဲ့ သည်။

#PeopleMedia #ပခုက္ကူ


Share this post