• Follow Us on

Home ပခုက္ကူမြို့၊ မြန်မာ့စီးပွားရေးဘဏ်ကို PDF အဖွဲ့မှ လက်လုပ်ဗုံးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၄ ဦး မိုင်းစထိမှန် ဒဏ်ရာရ

ပခုက္ကူမြို့၊ မြန်မာ့စီးပွားရေးဘဏ်ကို PDF အဖွဲ့မှ လက်လုပ်ဗုံးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၄ ဦး မိုင်းစထိမှန် ဒဏ်ရာရ

Share this post

ပခုက္ကူ၊ မတ် ၁၁

 

ယနေ့ နံနက် ၉ နာရီအချိန်ခန့် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်ကို PDF အဖွ့ဲမှ လက်လုပ်ဗုံးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၄ ဦးသည် မိုင်းစထိမှန် ဒဏ်ရာရရှိခဲ့သည်။

 

“ငွေသွင်း၊ ငွေထုတ်လုပ်ဖို့စောင့်ဆိုင်းနေတဲ့ ပြည်သူ ၄ ဦး မိုင်းစထိမှန်သွားတာပါ။ အကြမ်းဖက်သမားနှစ်ဦးက ဆိုင်ကယ်နဲ့ လက်လုပ်ဗုံးပစ်သွင်းသွားတာပါ” လို့ ဒေသခံတစ်ဦးက ပြောသည်။

 

အလားတူ ပြီးခဲ့သည့်ကာလကလည်း ပခုက္ကူမြို့ရှိ KBZ ဘဏ် (ATM) ကို PDF အဖွဲ့များ မိုင်းခွဲမှု ပြုလုပ်ခဲ့သလို စည်ပင်သာယာရုံးကိုလည်း လက်လုပ်ဗုံးဖြင့် ပစ်ပေါက်မှု ပြုလုပ်ခဲ့သည်။

 

ထို့အတူ ပြီးခဲ့သည့်ရက်ပိုင်းကလည်း ပခုက္ကူမြို့၌ PDF အကြမ်းဖက်အဖွဲ့ဝင်များကို တာဝန်ရှိသူများက လက် နက်များနှင့်အတူ ဖမ်းဆီးနိုင်ခဲ့သည်။

 

#PeopleMedia

 

(unicode)


………………………………………

 

ပခုက်ကူ၊ မတျ ၁၁

 


 


 


 


 

#PeopleMedia


Share this post