• Follow Us on

Home ပခုက္ကူမြို့၌ စစ်မှုထမ်းဟောင်းတစ်ဦးကို PDF အဖွဲ့ဝင် အမျိုးသမီးတစ်ဦးက အနီးကပ် လာရောက်ပစ်ခတ် သတ်ဖြတ်

ပခုက္ကူမြို့၌ စစ်မှုထမ်းဟောင်းတစ်ဦးကို PDF အဖွဲ့ဝင် အမျိုးသမီးတစ်ဦးက အနီးကပ် လာရောက်ပစ်ခတ် သတ်ဖြတ်

Share this post

ပခုက္ကူ၊ နိုဝင်ဘာ ၁၈

 

ယနေ့ နံနက် ၉ နာရီအချိန်ခန့်က မကွေးတိုင်း၊ ပခုက္ကူမြို့၊ အမှတ် ၁၁ ရပ်ကွက်နေ စစ်မှုထမ်းဟောင်းဖြစ်သူ ဦးရဲတင့်ကို PDF အဖွဲ့ဝင် အမျိုးသမီးတစ်ဦးက သေနတ်ဖြင့် လာရောက် ပစ်ခတ်သတ်ဖြတ်လိုက်သည်။

 

“အမျိုးသမီးတွေက ဆိုင်ကယ်နဲ့ ရောက်လာပြီး လာပစ်သွားတာ။ ပခုက္ကူနယ်ဘက်က တပ်မ ၁၀၁ က ထိန်း ချုပ်တာ။ ရေစကြိုလည်း တပ်မ ၁၀၁ က ထိန်းချုပ်တာပါ။ ဒီထက် လက်သံပြောင်ဖို့လိုတယ်။ PDF အင်အား တွေ ကောင်းသထက် ကောင်းနေတယ်။ တပ်မမှူး၊ဒု-တပ်မမှူး မသိတာလားဆိုတာ မေးစရာဖြစ်လာတယ်” လို့ ဒေသခံတစ်ဦးကပြောဆိုသည်။

 

ဦးရဲတင့်သည် အသက် ၅၅ နှစ် အရွယ်ရှိပြီး တပ်မတော် ထောက်ခံသူတစ်ဦးဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

 

Photo – သတ်ဖြတ်ခံရသည့် စစ်မှုထမ်းဟောင်း၏ ဖိနပ်

 

#PeopleMedia

 

(unicode)


………………………………

 

ပခုက်ကူ၊ နိုဝငျဘာ ၁၈

 


 


 


 


 

#PeopleMedia


Share this post