• Follow Us on
Latest News

Home ပခုက္ကူမြို့၌ မုန့်ဟင်းခါးစားနေသည့် အမျိုးသမီးတစ်ဦးကို PDF အဖွဲ့မှ လုပ်ကြံသတ်ဖြတ်

ပခုက္ကူမြို့၌ မုန့်ဟင်းခါးစားနေသည့် အမျိုးသမီးတစ်ဦးကို PDF အဖွဲ့မှ လုပ်ကြံသတ်ဖြတ်

Share this post

မကွေး၊ မတ် ၁

 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၃)ရပ်ကွက်နေ ဒေါ်အေးမွန်စံသည် သီရိရတနာလမ်းမပေါ်ရှိ ရွက်နု အသုပ်စုံဆိုင်၌ မုန့်ဟင်းခါးစားစဉ် PDF အကြမ်းဖက်သမားနှစ်ဦးက ဆိုင်ကယ်ဖြင့် ရောက်ပြီး အဆိုပါ အမျိုး သမီးကို သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခဲ့သည်။

 

“အဲ့ဒီအမျိုးသမီးက ဆိုင်မှာ ထိုင်စားနေတာ အဲ့ဒါကို နောက်ကနေ သေနတ်နဲ့ လာပစ်သွားတာ။ လာပစ်တဲ့သူ တွေရဲ့ အသက်ကတော့ လူလတ်ပိုင်းလောက်ပဲ မျက်နာမှာ မက်စ်အမည်းရောင်ကို တပ်ထားတယ်။ ပစ်ပြီး တော့ တန်းပြေးသွားတယ်။ သူတို့က လက်နက်ပါတဲ့သူတွေဆိုတော့ ဘယ်သူမှ လိုက်မဖမ်းရဲကြဘူး” ဟု တွေ့ ရှိသူ ဒေသခံတစ်ဦးက ပြောသည်။

 

မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်နှင့် ဂန့်ဂေါခရိုင်သည် PDF အဖွဲ့များ အားကောင်းသောဒေသများဖြစ်သည်။

 

#PeopleMedia #ပခုက္ကူ #လုပ်ကြံသတ်ဖြတ်မှု #မုန့်ဟင်းခါး

 

(unicode)


……………………………………………

 


 


 


 


 

#PeopleMedia #ပခုက်ကူ #လုပျကွံသတျဖွတျမှု #မုန့ျဟငျးခါး


Share this post