• Follow Us on

Home ပခုက္ကူမြို့၌ လမ်းဘေးမိုင်းထောင်စဉ် မိုင်းပေါက်ကွဲ၍ နှစ်ဦးသေ၊ တစ်ဦး ဖမ်းဆီးခံရ

ပခုက္ကူမြို့၌ လမ်းဘေးမိုင်းထောင်စဉ် မိုင်းပေါက်ကွဲ၍ နှစ်ဦးသေ၊ တစ်ဦး ဖမ်းဆီးခံရ

Share this post

မကွေး၊ စက်တင်ဘာ ၁၇ (People Media)

 

မကွေးတိုင်းဒေသကြီ၊ ပခုက္ကူမြို့နယ်၊ စက်မှုဇုန်နှင့် လေယာဉ်ကွင်းကြားရှိ လမ်း၌ လမ်းဘေးမိုင်းထောင်စဉ် မိုင်းပေါက်ကွဲ၍ နှစ်ဦးသေ၊ တစ်ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံအချို့က People Media သို့ ဆက်သွယ် ပြောဆိုပါတယ်။

 

ဖြစ်စဉ်မှာ ယနေ့ နံနက်(၈း၃၀)အချိန်က ပခုက္ကူ-ရေစကြို ကားလမ်းမအနီး၊ စက်မှုဇုန်နှင့် လေယာဉ်ကွင်းအနီးရှိ လမ်းဘေး၌ မိုင်းထောင်စဉ် မိုင်းပေါက်ကွဲ၍ နှစ်ဦးသေ၊ တစ်ဦး ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရပါတယ်။

 

“မိုင်းက ထောင်နေစဉ် ပေါက်ကွဲသွားတာ။ နှစ်ယောက်က နေရာမှာတင် ပွဲချင်းပြီး သေသွားတယ်။ တစ် ယောက်က ဖမ်းဆီးခံထားရတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

 

အလားတူ ပြီးခဲ့သည့်ရက်ပိုင်း၌ ရေစကြိုမြို့နယ်ရှိ လျှပ်စစ်ဝန်ထမ်းများ အသတ်ခံရခြင်း၊ အုပ်ချုပ်ရေးမှူးများ လုပ်ကြံခံရခြင်းအပါအဝင် အစိုးရရုံးအချို့ ဗုံးကွဲမှုဖြစ်ပေါ်ခဲ့ပါတယ်။

 

#PeopleMedia #ရေစကြို #ပခုက္ကူ

 

(unicode)


……………………………………………………….

 


 


 


 


 


 

#PeopleMedia #ရစေကွို #ပခုက်ကူ


Share this post