• Follow Us on

Home ပခုက္ကူမြို့၌ PDF အဖွဲ့ဝင်များပိုင်ဆိုင်သည့် နေအိမ်များ ချိပ်ပိတ်ခံရ

ပခုက္ကူမြို့၌ PDF အဖွဲ့ဝင်များပိုင်ဆိုင်သည့် နေအိမ်များ ချိပ်ပိတ်ခံရ

Share this post

ပခုက္ကူ၊ မတ် ၇

 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ PDF အဖွဲ့ဝင်များ ပိုင်ဆိုင်သည့် နေအိမ်နှင့် ပိုင်ဆိုင်မှုကို တာဝန်ရှိသူများက ချိပ်ပိတ် သိမ်းဆည်းလိုက်ပါတယ်။

 

ဖြစ်စဉ်မှာ မတ်လ ၆ ရက်နေ့က PDF အဖွဲ့ဝင် အောင်သူ ပိုင်ဆိုင်သည့် ပခုက္ကူမြို့နယ်၊ အမှတ် (၅) ရပ်ကွက်၊ သီရိစံသာလမ်း၊ အိမ်အမှတ် (၉၇) ကို တာဝန်ရှိသူများက ချိပ်ပိတ်သိမ်းဆည်းလိုက်တာလည်း ဖြစ်ပါတယ်။

 

အလားတူ အဆိုပါ တစ်ရက်ထဲ၌ ပခုက္ကူမြို့၊ အမှတ် (၁၅) ရပ်ကွက်၊ ဆင်ပေါက်လှ (၃) လမ်းရှိ PDF အဖွဲ့ဝင် များဖြစ်သော ယွန်းဝတီနှင့် မဇွန်အိအိစုန်တို့၏ နေအိမ်ကို တာဝန်ရှိသူများက ချိပ်ပိတ်လိုက်ပါတယ်။

 

ထို့အတူ ပြီးခဲ့သည့်ရက်ပိုင်းက ပခုက္ကူမြို့၌ လူငယ်အချို့ကို လက်နက်များနှင့်အတူ တာဝန်ရှိသူများက ဖမ်းဆီး လိုက်ပါတယ်။

 

#PeopleMedia

 

(unicode)


……………………………

 

ပခုက်ကူ၊ မတျ ၇

 


 


 


 


 

#PeopleMedia


Share this post