• Follow Us on

Home ပင္နီျမင္လွ်င္ ျပည္သူမ်ား ေၾကာက္ေနရေၾကာင္း ရန္ကုန္တိုင္း NLD ဥကၠဌ ေျပာဆို

ပင္နီျမင္လွ်င္ ျပည္သူမ်ား ေၾကာက္ေနရေၾကာင္း ရန္ကုန္တိုင္း NLD ဥကၠဌ ေျပာဆို

Share this post

ရန္ကုန္၊ ေအာက္တိုဘာ -၂၄

ပင္နီျမင္လွ်င္ ျပည္သူမ်ား ေၾကာက္ေနရေၾကာင္း ရန္ကုန္တိုင္း NLD ပါတီဥကၠဌ ဦးျမင့္ေဌးက ေျပာဆို လိုက္သည္။

ေအာက္တိုဘာ(၂၄)ရက္ေန႔၌ Sky Star Hotel ၌ က်င္းပျပဳလုပ္သည့္ အစိုးရ၊ လႊတ္ေတာ္ႏွင့္ ပါတီေတြ႕ဆုံပြဲ၌ ဦးျမင့္ေဌးက အထက္ပါအတိုင္း ေျပာဆိုခဲ့ျခင္းျဖစ္သည္။

“ရန္ကုန္တိုင္းမွာရွိတဲ့ ပင္နီဝတ္ေနၾကသူေတြအခ်ိဳ႕၊ ပင္နီျမင္ရင္ ျပည္သူလူထုက ေၾကာက္ေနတယ္” ဟု ဦးျမင့္ေဌးက ေျပာသည္။

အလားတူ ေနရာတကာ ဟိုစပ္စပ္ဒီစပ္စပ္ ဝင္ပါေနသည့္ ပါတီတာဝန္ရွိသူမ်ားကိုလည္း အဆိုပါေတြ႕ဆုံပြဲ၌ သတိေပးေျပာဆိုခဲ့သည္။ ၎အေနျဖင့္ အျခားတိုင္းေတြကို သတိေပးျခင္းမဟုတ္ပဲ ရန္ကုန္တိုင္းရွိ ေနရာ တကာ ဝင္ပါသူအခ်ိဳ႕ကို ေျပာဆိုျခင္းျဖစ္ေၾကာင္း ဆိုသည္။

“အခ်ိဳ႕ကိုယ္စားလွယ္ေတြက ေနရာတကာပါတယ္။ ဖိတ္တိုင္းတက္တယ္။ ကိုယ္နဲ႔မဆိုင္တာေတြ လုပ္တာ ေတြကို သိလို႔ တိုင္းဥကၠဌက သတိေပး ေျပာဆိုတယ္လို႔ ယူဆတယ္”ဟု အဆိုပါေတြ႕ဆုံပြဲကို တက္ေရာက္ခဲ့ သည့္ တိုင္းလႊတ္ေတာ္ကိုယ္စားလွယ္က ဆိုသည္။

#PeopleMedia #NLD

(unicode)
ပင်နီမြင်လျှင် ပြည်သူများ ကြောက်နေရကြောင်း ရန်ကုန်တိုင်း NLD ဥက္ကဌ ပြောဆို
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
ရန်ကုန်၊ အောက်တိုဘာ -၂၄

ပင်နီမြင်လျှင် ပြည်သူများ ကြောက်နေရကြောင်း ရန်ကုန်တိုင်း NLD ပါတီဥက္ကဌ ဦးမြင့်ဌေးက ပြောဆို လိုက်သည်။

အောက်တိုဘာ(၂၄)ရက်နေ့၌ Sky Star Hotel ၌ ကျင်းပပြုလုပ်သည့် အစိုးရ၊ လွှတ်တော်နှင့် ပါတီတွေ့ဆုံပွဲ၌ ဦးမြင့်ဌေးက အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ရန်ကုန်တိုင်းမှာရှိတဲ့ ပင်နီဝတ်နေကြသူတွေအချို့၊ ပင်နီမြင်ရင် ပြည်သူလူထုက ကြောက်နေတယ်” ဟု ဦးမြင့်ဌေးက ပြောသည်။

အလားတူ နေရာတကာ ဟိုစပ်စပ်ဒီစပ်စပ် ဝင်ပါနေသည့် ပါတီတာဝန်ရှိသူများကိုလည်း အဆိုပါတွေ့ဆုံပွဲ၌ သတိပေးပြောဆိုခဲ့သည်။ ၎င်းအနေဖြင့် အခြားတိုင်းတွေကို သတိပေးခြင်းမဟုတ်ပဲ ရန်ကုန်တိုင်းရှိ နေရာ တကာ ဝင်ပါသူအချို့ကို ပြောဆိုခြင်းဖြစ်ကြောင်း ဆိုသည်။

“အချို့ကိုယ်စားလှယ်တွေက နေရာတကာပါတယ်။ ဖိတ်တိုင်းတက်တယ်။ ကိုယ်နဲ့မဆိုင်တာတွေ လုပ်တာ တွေကို သိလို့ တိုင်းဥက္ကဌက သတိပေး ပြောဆိုတယ်လို့ ယူဆတယ်”ဟု အဆိုပါတွေ့ဆုံပွဲကို တက်ရောက်ခဲ့ သည့် တိုင်းလွှတ်တော်ကိုယ်စားလှယ်က ဆိုသည်။

#PeopleMedia #NLD

photo-Phyo Min Thein


Share this post