• Follow Us on

Home ပင်လည်ဘူးမြို့နယ်အတွင်းရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးအများအပြား နုတ်ထွက်

ပင်လည်ဘူးမြို့နယ်အတွင်းရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးအများအပြား နုတ်ထွက်

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၆ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့အတွင်းရှိ ကျေးရွာအုပ်ချုပ်ရေးမှူးအများအပြား နုတ်ထွက်စာတင်ထား တယ်လို့ ယင်းမြို့ဒေသခံများထံမှ သိရပါတယ်။

 

အဆိုပါ အုပ်ချုပ်ရေးမှူးများမှာ ပင်းမူ၊ တောင်ကုန်း၊ မောက်လပ်နှင့် တောဖျား စတဲ့ကျေးရွာတို့အပါအဝင် ရပ် ကျေးအုပ်ချုပ်ရေးမှူးတော်တော်များများ နုတ်ထွက်စာတင်ခဲ့ကြတာဖြစ်ပါတယ်။

 

ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေရဲ့ နုတ်ထွက်စာတွေမှာ ကျန်းမာရေးမကောင်းတဲ့အတွက် နုတ်ထွက်တာ ဖြစ် တယ်လို့ ရေးသားထားသလို တစ်ချို့ အုပ်ချုပ်ရေးမှူးတွေကလည်း လူမှုကွန်ယက်စာမျက်နှာမှတဆင့် ကြေ ညာခဲ့တာ ဖြစ်ပါတယ်။

 

ပင်လည်ဘူးမြို့မှာ ပြီးခဲ့သည့်လပိုင်းတွေက ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ချို့ အသတ်ခံရပြီးနောက် ရပ်ကျေး အုပ်ချုပ်ရေးမှူးများ နုတ်ထွက်ခဲ့တာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

 

#PeopleMedia #ပင်လည်ဘူးမြို့ #အုပ်ကြီး

 

(unicode)


……………………………………………………………………

 


 


 


 


 


 



Share this post