• Follow Us on
Latest News

Home ပင်လည်ဘူးမြို့နယ် ရဲစခန်းနှင့် ကပ်လျက်ရှိသည့် လက်ဖက်ရည်ဆိုင်တွင်ထိုင်နေစဉ် ၂၀၁၀ ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း(မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ) သေနတ်ဖြင့် လုပ်ကြံခံရ

ပင်လည်ဘူးမြို့နယ် ရဲစခန်းနှင့် ကပ်လျက်ရှိသည့် လက်ဖက်ရည်ဆိုင်တွင်ထိုင်နေစဉ် ၂၀၁၀ ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း(မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ) သေနတ်ဖြင့် လုပ်ကြံခံရ

Share this post

စစ်ကိုင်း၊ နိုဝင်ဘာ ၃၀ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့နယ်၊ ၂၀၁၀ ပြည်သူ့လွှတ်တော်ရွေးကောက်ခံ ကိုယ်စားလှယ်လောင်း ဖြစ်သူ ဦးဝင်းသိန်းသည် ယနေ့ နံနက်ပိုင်းက ရဲစခန်းအနီးရှိ လက်ဖက်ရည်ဆိုင် ထိုင်နေစဉ် သေနတ်ဖြင့် လုပ် ကြံ သတ်ဖြတ်ခံခဲ့ရပါတယ်။

 

ဦးဝင်းသိန်း၏ နေအိမ်သည် ရဲစခန်းအနီး၌ ရှိသလို ဦးဝင်းသိန်းထိုင်သည့် လက်ဖက်ရည်ဆိုင်သည် ပင်လည်ဘူး မြို့နယ် ရဲစခန်းအနီး၌ ရှိတယ်လို့ ဒေသခံတစ်ဦးက People Media ကို ပြောပါတယ်။

 

“အိမ်ကလည်း ရဲစခန်းအနီးမှာ သူထိုင်တဲ့ လက်ဖက်ရည်ဆိုင်ကလည်း ရဲစခန်းအနီးမှာ ဒီမနက်ဘဲ အပစ်ခံ လိုက်ရတာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

 

ဦးဝင်းသိန်းသည် ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲ၌ ပင်လည်ဘူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဟောင်းတစ်ဦးဖြစ်သလို လက်ရှိအချိန်၌ မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ တာဝန်ထမ်းဆောင်နေသူ တစ်ဦး ဖြစ်ပါတယ်။

 

Photo- credit

 

#PeopleMedia #ပင်လည်ဘူးမြို့နယ်

 

(unicode)


……………………………………………………

 


 


 


 


 


 

Photo- credit

 



Share this post