• Follow Us on

Home ပင္လယ္နက္တြင္ အေမရိကန္ကင္းေထာက္ေလယာဥ္ကို ႐ု႐ွားဂ်က္တိုက္ေလ ယာဥ္ၾကားျဖတ္တိုက္ခိုက္

ပင္လယ္နက္တြင္ အေမရိကန္ကင္းေထာက္ေလယာဥ္ကို ႐ု႐ွားဂ်က္တိုက္ေလ ယာဥ္ၾကားျဖတ္တိုက္ခိုက္

Share this post

ရန္ကုန္၊ၾသဂုတ္-၁၁

ရခိုင္ျပည္နယ္၊ေမာင္ေတာၿမိဳ႕၊ ၿမိဳ႕မကညင္တန္းေက်း႐ြာအုပ္စု၊ ဒီလ္ပါရာေက်း႐ြာအတြင္း၌ လူေနအိမ္မ်ားအား မီးရွို႔ဖ်က္ဆီးျခင္း၊လက္လုပ္မိုင္း ေဖာက္ခြဲျခင္း က်ဴးလြန္ရာတြင္ ပါဝင္ခဲ့သည္ARSAအဖြဲ႕ဝင္တစ္ဦးသည္ကုရ္ဘာနီပြဲေတာ္က်င္းပရန္ငါးခူရ(အလယ္)ေက်း႐ြာသို႔ ျပန္လာရာ၌ လုံၿခဳံေရး အဖြဲ႕က ဖမ္းဆီးလိုက္ပါတယ္။

ARSAအဖြဲ႕ဝင္ျဖစ္သူဟာေဆာင္း(ခ)မူဟာမက္ဟာေဆာင္းသည္အထက္ေဖာ္ျပပါ ျဖစ္စဥ္မ်ားကို က်ဴးလြန္မႈေၾကာင့္ ေမာင္ေတာၿမိဳ႕မရဲစခန္းတြင္အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒျဖင့္ အမႈဖြင့္လွစ္ထားရွိသည့္ တရားခံေျပးသတ္မွတ္ခံထားရသူလည္း ျဖစ္ပါတယ္။

အဆိုပါ တရားခံျဖစ္သူ ARSA အဖြဲ႕ဝင္ကို ဇူလိုင္လ ၃၀ ရက္ နံနက္ ၉ နာရီ ခြဲခန႔္တြင္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕မွ ဖမ္းဆီးလိုက္တာလည္း ျဖစ္ပါတယ္။

အဆိုပါ တရားခံေျပးအား စစ္ေဆးေမးျမန္းခ်က္မ်ားအရ ၎သည္ ၿမိဳ႕မေတာင္ရပ္ကြက္၊ ေမာင္ေတာၿမိဳ႕ဇာတိျဖစ္ေၾကာင္း၊ ၂၀၁၂ ႏွင့္ ၂၀၁၇ ခုႏွစ္ အၾကမ္းဖက္မႈလုပ္ရပ္မ်ားတြင္ ပါဝင္ခဲ့ၿပီး ဘူးသီးေတာင္အက်ဥ္းေထာင္၌ ေထာင္ဒဏ္ ၆ လ က်ခံခဲ့ဖူးေၾကာင္း၊ ဘဂၤလာေဒ့ရ္ွနိုင္ငံ၊ စစ္တေကာင္းၿမိဳ႕သို႔ ၂ ႏွစ္ခန႔္ ထြက္ေျပးတိမ္းေရွာင္ခဲ့ၿပီး ေမာင္ေတာၿမိဳ႕နယ္၊ ငါးခူရ(အလယ္)ေက်း႐ြာသို႔ ျပန္လည္ခိုးဝင္ေရာက္ရွိကာ မိသားစုမ်ားႏွင့္ ကုရ္ဘာနီပြဲေတာ္က်င္းပရန္အတြက္ ငါးခူရ(အလယ္)ေက်း႐ြာေဈး၌ ေဈးဝယ္ေနစဥ္ ဖမ္းဆီးခံရျခင္းျဖစ္ေၾကာင္း သိရပါတယ္။

လက္ရွိအခ်ိန္၌ ဖမ္းဆီးရမိသည့္ တရားခံေျပး ဟာေဆာင္း(ခ)မူဟာမက္ဟာေဆာင္းအား ေမာင္ေတာ ၿမိဳ႕မရဲစခန္းတြင္ အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒျဖင့္ အေရးယူေဆာင္႐ြက္လ်က္ရွိပါတယ္။

#PeopleMedia #ARSA #ေမာင္ေတာၿမိဳ႕

[Unicode]
မောင်တောမြို့နယ် အကြမ်းဖက် ဖြစ်စဉ်၌ ပါဝင်ခဲ့သည့် ARSA အဖွဲ့ဝင်တစ်ဦး ကုရ်ဘာနီပွဲတော်ကျင်းပရန် ပြန်လာရာမှ ဖမ်းဆီးခံရ
…………………………………………………………………

ရန်ကုန်၊သြဂုတ်-၁၁

ရခိုင်ပြည်နယ်၊မောင်တောမြို့၊ မြို့မကညင်တန်းကျေးရွာအုပ်စု၊ ဒီလ်ပါရာကျေးရွာအတွင်း၌ လူနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊လက်လုပ်မိုင်း ဖောက်ခွဲခြင်း ကျူးလွန်ရာတွင် ပါဝင်ခဲ့သည်ARSAအဖွဲ့ဝင်တစ်ဦးသည်ကုရ်ဘာနီပွဲတော်ကျင်းပရန်ငါးခူရ(အလယ်)ကျေးရွာသို့ ပြန်လာရာ၌ လုံခြုံရေး အဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

ARSAအဖွဲ့ဝင်ဖြစ်သူဟာဆောင်း(ခ)မူဟာမက်ဟာဆောင်းသည်အထက်ဖော်ပြပါ ဖြစ်စဉ်များကို ကျူးလွန်မှုကြောင့် မောင်တောမြို့မရဲစခန်းတွင်အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ်ထားရှိသည့် တရားခံပြေးသတ်မှတ်ခံထားရသူလည်း ဖြစ်ပါတယ်။

အဆိုပါ တရားခံဖြစ်သူ ARSA အဖွဲ့ဝင်ကို ဇူလိုင်လ ၃၀ ရက် နံနက် ၉ နာရီ ခွဲခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ ဖမ်းဆီးလိုက်တာလည်း ဖြစ်ပါတယ်။

အဆိုပါ တရားခံပြေးအား စစ်ဆေးမေးမြန်းချက်များအရ ၎င်းသည် မြို့မတောင်ရပ်ကွက်၊ မောင်တောမြို့ဇာတိဖြစ်ကြောင်း၊ ၂၀၁၂ နှင့် ၂၀၁၇ ခုနှစ် အကြမ်းဖက်မှုလုပ်ရပ်များတွင် ပါဝင်ခဲ့ပြီး ဘူးသီးတောင်အကျဉ်းထောင်၌ ထောင်ဒဏ် ၆ လ ကျခံခဲ့ဖူးကြောင်း၊ ဘင်္ဂလာဒေ့ရ်ှနိုင်ငံ၊ စစ်တကောင်းမြို့သို့ ၂ နှစ်ခန့် ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး မောင်တောမြို့နယ်၊ ငါးခူရ(အလယ်)ကျေးရွာသို့ ပြန်လည်ခိုးဝင်ရောက်ရှိကာ မိသားစုများနှင့် ကုရ်ဘာနီပွဲတော်ကျင်းပရန်အတွက် ငါးခူရ(အလယ်)ကျေးရွာဈေး၌ ဈေးဝယ်နေစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရပါတယ်။

လက်ရှိအချိန်၌ ဖမ်းဆီးရမိသည့် တရားခံပြေး ဟာဆောင်း(ခ)မူဟာမက်ဟာဆောင်းအား မောင်တော မြို့မရဲစခန်းတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူဆောင်ရွက်လျက်ရှိပါတယ်။

#PeopleMedia #ARSA #မောင်တောမြို့


Share this post