• Follow Us on

Home ပင်လယ်နက်အတွင်း ကုန်တင်သင်္ဘောနစ်မြှုပ်မှုကြောင့် သုံးဦး သေဆုံး

ပင်လယ်နက်အတွင်း ကုန်တင်သင်္ဘောနစ်မြှုပ်မှုကြောင့် သုံးဦး သေဆုံး

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၁၈ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
ယမန်နေ့က တူရကီနိုင်ငံ ပင်လယ်နက်ဒေသရှိ ဘာတင်ပြည်နယ်ကမ်းလွန်၌ ပလောနိုင်ငံအလံ လွှင့်ထူ ထားသော ကုန်တင်သင်္ဘောတစ်စင်း နစ်မြှုပ်ခဲ့ရာကြောင်း သိရသည်။
 
ကယ်ဆယ်ရေးလုပ်သားများက သင်္ဘောအမှုထမ်း ခြောက်ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး အလောင်းတစ် လောင်းကို ကမ်းခြေ၌တွေ့ရှိခဲ့ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး ဆိုင်နန်ဂူနာက ပြောသည်။
 
အလောင်းနှစ်လောင်းကို မရရှိသေးကြောင်း၊ ကျောက်ဆောင်ထူထပ်သော ဧရိယာတစ်ခုအတွင်း သင်္ဘော အမှုထမ်းသုံးဦးကို တွေ့ရှိခဲ့ကြောင်း၊ ကယ်ဆယ်ရေးအဖွဲ့များက အဆိုပါနေရာသို့ရောက်ရှိရန် ကြိုးပမ်း နေကြောင်း ၎င်းက ဆိုသည်။
 
ရာသီဥတု ဆိုးရွားနေလင့်ကစား ကမ်းခြေစောင့်တပ်ဖွဲ့မှ ရဟတ်ယာဉ်တစ်စင်း အခင်းဖြစ်ရာနေရာသို့ မောင်း နှင်နိုင်ခဲ့ပြီး ကျန်ရှိသော အမှုထမ်းများကို ကယ်ဆယ်သွားမည်ဖြစ်ပြီး ရေတပ်ပိုင်သင်္ဘောတစ်စင်း အဆိုပါ နေရာသို့ သွားရောက်နေကြောင်း ၎င်းကဆိုသည်။
 
ကယ်ဆယ်ခဲ့သော သင်္ဘောအမှုထမ်းများက ကျန်းမာရေးကောင်းမွန်ကြောင်း ဂူနာက ဆိုသည်။
 
ကျောက် ချထားရာ ပင်လယ်ပြင်အတွင်း ကုန်တင်သင်္ဘောက နှစ်ပိုင်းပြတ်ကာ နစ်မြှုပ်သွားခဲ့ကြောင်း ပို့ဆောင်ရေးနှင့် အခြေခံအဆောက်အအုံဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောသည်။
 
ရာသီဥတုဆိုးရွားမှုကြောင့် အဆိုပါကုန်တင်သင်္ဘောက ဘာတင်ဆိပ်ကမ်း အထူးဒေသ၌ ဇန်နဝါရီလ ၁၅ ရက်က ကျောက်ချခဲ့ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။
 
ကိုးကား – ဘနားမား
 
Ref; 3 dead, 6 rescued after cargo ship sinks in Black Sea
 
#PeopleMedia
 
(unicode)
…………………………………
 
 
 
 
 
 
 
 
 
 
Ref; 3 dead, 6 rescued after cargo ship sinks in Black Sea
 
#PeopleMedia

Share this post