• Follow Us on
Latest News

Home ပင်လယ်ဘူးမြို့နယ် တိုက်ပွဲ၌ CDM ပြုလုပ်ခဲ့သည့် ရဲတပ်သားတစ်ဦးနှင့် PDF အဖွဲ့ဝင် လေးဦး သေဆုံး

ပင်လယ်ဘူးမြို့နယ် တိုက်ပွဲ၌ CDM ပြုလုပ်ခဲ့သည့် ရဲတပ်သားတစ်ဦးနှင့် PDF အဖွဲ့ဝင် လေးဦး သေဆုံး

Share this post

စစ်ကိုင်း၊ နိုဝင်ဘာ ၉ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လယ်ဘူးမြို့နယ် တိုက်ပွဲအတွင်း၌ CDM ပြုလုပ်ခဲ့သည့် ရဲတပ်သား မျိုးသန့်ဇင်ဟိန်း အပါအဝင် PDF အဖွဲ့ဝင်လေးဦး သေဆုံးခဲ့ကြောင်း ဒေသခံ PDF အဖွဲ့ဖြစ်သည့် (Pinlebu Revoiution) ၏ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

ပင်လယ်ဘူးတိုက်ပွဲအတွင်း၌ ကျဆုံးခဲ့သည့် CDM ရဲတပ်သားဖြစ်သူ မျိုးသန့်ဇင်ဟိန်းသည် စစ်ကိုင်းတိုင်းဒေသ ကြီးတိုင်းရုံး၌ တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။

 

အဆိုပါ တိုက်ပွဲအတွင်း၌ ရွေဘိုနယ်မှ နှစ်ဦး၊ ရေဦးနှင့် ခင်ဦးမြို့နယ်များမှ တစ်ဦးစီဖြစ်တယ်လို့ People’s Spring Page မှလည်း သတင်းထုတ်ပြန်မှုပြုလုပ်ထားပါတယ်။

 

လက်ရှိအချိန်၌ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ PDF များ အားကောင်းသည့်နေရာများကို လုံခြုံရေးအဖွဲ့များမှ နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသလို အဆိုပါဒေသများ၌ တိုက်ပွဲများလည်း ပြင်းထန်နေပါတယ်။

 

ထို့အတူ ဒေသခံ PDF အဖွဲ့များသည် လုံခြုံရေးအဖွဲ့များ၏ ယာဉ်တန်းများကို မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ခြုံခို တိုက်ခိုက်ခြင်းများလည်း ဆောင်ရွက်ချက်ရှိနေပါတယ်။

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၌ တပ်မတော်သတင်းပေးဟု ယူဆခံရသူများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ဆရာတော်များ၊ ပြည်ခိုင်ဖြိုးပါတီဝင်များ လုပ်ကြံသတ်ဖြတ်ခြင်းခံနေရပါတယ်။

 

စစ်ကိုင်းတိုင်အထက်ပိုင်းဒေသများ၌ တိုက်ပွဲများ ဖြစ်ပေါ်နေမှုကြောင့် ဒေသခံများ စစ်ဘေးဒဏ်ကို ခံနေရ တာလည်း ဖြစ်ပါတယ်။

 

#PeopleMedia #ပင်လယ်ဘူးမြို့

 

(unicode)


………………………………………………………….

 


 


 


 


 


 


 


 


 



Share this post