• Follow Us on

Home ပင်လည်ဘူးမြို့နယ် လက်ထောက်မြို့နယ်ပညာရေးမှူးနှင့် ၎င်း၏ သားနှစ်ဦးဖြစ်သော အသက် ၅ နှစ်အရွယ်ရှိ ကလေးငယ်တစ်ဦးနှင့် အသက် ၈ နှစ်အရွယ်ရှိ ကလေးငယ်တစ်ဦးတို့ လုပ်ကြံခံရ

ပင်လည်ဘူးမြို့နယ် လက်ထောက်မြို့နယ်ပညာရေးမှူးနှင့် ၎င်း၏ သားနှစ်ဦးဖြစ်သော အသက် ၅ နှစ်အရွယ်ရှိ ကလေးငယ်တစ်ဦးနှင့် အသက် ၈ နှစ်အရွယ်ရှိ ကလေးငယ်တစ်ဦးတို့ လုပ်ကြံခံရ

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၂၇ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့နယ်၊ ပေကုန်းကျေးရွာ၌ ဇန်နဝါရီ ၂၅ ရက်နေ့က လက်ထောက်မြို့နယ် ပညာရေးမှူးအပါအဝင် ၎င်း၏ သားနှစ်ဦးဖြစ်သော အသက် ၅ နှစ်အရွယ်ကလေးတစ်ဦးနှင့် အသက် ၈ နှစ် အရွယ်ကလေးတစ်ဦးတို့ လုပ်ကြံခံရသော်လည်း အသက် ၈ နှစ်အရွယ်ရှိ ကလေးငယ်တစ်ဦးသာ အသက်ရှင် လွတ်မြောက်ခဲ့သည်။

 

ဖြစ်စဉ်မှာ ဇန်နဝါရီ ၂၅ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်ခန့်က ပင်လည်ဘူးမြို့နယ်၊ ပေကုန်းကျေးရွာနေ လက် ထောက်မြို့နယ်ပညာရေးမှူး ဦးဉာဏ်ဝင်း၏နေအိမ်သို့ အမည်မသိ အမျိုးသား ၆ ဦး ရောက်ရှိလာပြီး ဦး ဉာဏ်ဝင်းကို သေနတ်ဖြင့် ပစ်ခတ်ပြီးနောက် ခြံဝန်းအတွင်း ဆော့ကစားနေသည့် ကလေးနှစ်ဦးဖြစ်သည့် မောင်ခန့်ဘုန်းပြည့်(၅)နှစ်တွင် မောင်ဉာဏ်ဘုန်းပြည့်(၈)နှစ်တို့အား ထပ်မံပစ်ခတ်ခဲ့သည်။

 

အဆိုပါပစ်ခတ်မှုကြောင့် ဦးဉာဏ်ဝင်းတွင် ဦးခေါင်းယာခြမ်းပွင့်ထွက်ဒဏ်ရာ ၁ ချက်၊ ဝဲပေါင်ကျည်ဖောက် ဝင်ဒဏ်ရာ ၁ ချက်၊ ရင်ညွန့်ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်နှင့် နေအိမ်ခြံဝင်းအတွင်း ဆော့ကစားနေသည့် သားဖြစ်သူ မောင်ခန့်ဘုန်းပြည့်(၅)နှစ်တွင် ဝမ်းဗိုက်ပွင့်ထွက် ဒဏ်ရာ ၁ ချက်၊ ယာရင်အုံကျည်ဖောက် ဝင်ဒဏ်ရာ ၁ ချက်တို့ရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြပြီး သားဖြစ်သူ မောင်ဉာဏ်ဘုန်းပြည့်(၈) နှစ်တွင် ယာပေါင်ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့ ရရှိကာ ဆေးရုံ၌ ဆေးကုသမှုခံယူနေရသည်။

 

စစ်ကိုင်းတိုင်းဒေသကြီးသည် ဆရာတော်သံဃာတော်များ၊ ပညာရေးဝန်ထမ်းများ၊ အုပ်ချုပ်ရေးဝန်ထမ်းများနှင့် နိုင်ငံရေးပါတီဝင်များ အများဆုံးလုပ်ကြံသတ်ဖြတ်ခံနေရသည့် တိုင်းဒေသကြီးတစ်ခုဖြစ်သည်။

 

Photo- credit

 

#PeopleMedia #ပညာရေးဝန်ထမ်း #ပင်လည်ဘူးမြို့

 

(unicode)


…………………………………………………………………

 


 


 


 


 


 

Photo- credit

 



Share this post