• Follow Us on

Home ပင္လယ္ေကြ႕တြင္ အီရန္ကဟု ယူဆရေသာ နည္းပညာျမင့္ မစ္ဇိုင္း အစိတ္အပိုင္းမ်ား အေမရိကန္ သိမ္းဆည္း

ပင္လယ္ေကြ႕တြင္ အီရန္ကဟု ယူဆရေသာ နည္းပညာျမင့္ မစ္ဇိုင္း အစိတ္အပိုင္းမ်ား အေမရိကန္ သိမ္းဆည္း

Share this post

အေမရိကန္စစ္သေဘၤာတစ္စီးဟာ အာေရဘီယံပင္လယ္မွာ အီရန္နဲ႔ ဆက္သြယ္မႈရွိတယ္လို႔ သံသယရွိရတဲ့ ေရယာဥ္တစ္စီးက နည္းပညာျမင့္ မစ္ဇိုင္းအစိတ္အပိုင္းေတြကို သိမ္းဆည္းရမိခဲ့ပါတယ္။

ဗုဒၶဟူးေန႔ ထုတ္ျပန္ခ်က္မွာ ပင္တဂြန္စစ္ဌာနခ်ဳပ္က ႏို၀င္ဘာ ၂၅ ရက္ေန႔မွာ အေမရိကန္စစ္သေဘၤာတစ္စီးက ႏိုင္ငံပိုင္မရွိတဲ့ ေရယာဥ္တစ္စီးက နည္းပညာျမင့္မစ္ဇိုင္းအစိတ္အပိုင္းေတြ႕ရွိခဲ့တယ္လို႔ အတည္ျပဳထားပါတယ္။

ကနဦးစံုစမ္းစစ္ေဆးမႈေတြအရ အီရန္ႏိုင္ငံကျဖစ္တယ္လို႔ ညႊန္ျပေနၿပီး စံုစမ္းစစ္ေဆးမႈေတြ ဆက္လက္လုပ္ ေဆာင္ေနတယ္လို႔ ပင္တဂြန္က ေျပာပါတယ္။

ေတြ႕ရွိခဲ့တဲ့ ေရယာဥ္ေပၚက လူေတြကို ယီမင္ကမ္းေျခေစာင့္တပ္ဖြဲ႕ကို လႊဲေျပာင္းေပးခဲ့ၿပီး ေတြ႕ရွိခဲ့တဲ့ မစ္ဇုိင္း အစိတ္အပိုင္းေတြကိုေတာ့ အေမရိကန္က သိမ္းဆည္းထားပါတယ္။

Ref; https://www.aljazeera.com/

#PeopleMedia

(Unicode)
ပင်လယ်ကွေ့တွင် အီရန်ကဟု ယူဆရသော နည်းပညာမြင့် မစ်ဇိုင်း အစိတ်အပိုင်းများ အမေရိကန် သိမ်းဆည်း
…………………………………………………………

အမေရိကန်စစ်သင်္ဘောတစ်စီးဟာ အာရေဘီယံပင်လယ်မှာ အီရန်နဲ့ ဆက်သွယ်မှုရှိတယ်လို့ သံသယရှိရတဲ့ ရေယာဉ်တစ်စီးက နည်းပညာမြင့် မစ်ဇိုင်းအစိတ်အပိုင်းတွေကို သိမ်းဆည်းရမိခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့ ထုတ်ပြန်ချက်မှာ ပင်တဂွန်စစ်ဌာနချုပ်က နိုဝင်ဘာ ၂၅ ရက်နေ့မှာ အမေရိကန်စစ်သင်္ဘောတစ်စီးက နိုင်ငံပိုင်မရှိတဲ့ ရေယာဉ်တစ်စီးက နည်းပညာမြင့်မစ်ဇိုင်းအစိတ်အပိုင်းတွေ့ရှိခဲ့တယ်လို့ အတည်ပြုထားပါတယ်။

ကနဦးစုံစမ်းစစ်ဆေးမှုတွေအရ အီရန်နိုင်ငံကဖြစ်တယ်လို့ ညွှန်ပြနေပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ် ဆောင်နေတယ်လို့ ပင်တဂွန်က ပြောပါတယ်။

တွေ့ရှိခဲ့တဲ့ ရေယာဉ်ပေါ်က လူတွေကို ယီမင်ကမ်းခြေစောင့်တပ်ဖွဲ့ကို လွှဲပြောင်းပေးခဲ့ပြီး တွေ့ရှိခဲ့တဲ့ မစ်ဇိုင်း အစိတ်အပိုင်းတွေကိုတော့ အမေရိကန်က သိမ်းဆည်းထားပါတယ်။

Ref; https://www.aljazeera.com/

#PeopleMedia


Share this post