• Follow Us on

Home ပင်လယ်ပြင်စစ်ဆင်ရေးတာဝန်များကို အကန့်အသတ်ဖြင့်သာဆောင်ရွက်နိုင်ခဲ့သည့် ရေတပ်အဖြစ်မှ ယခု အချိန်တွင် သီးသန့်စီးပွားရေးဇုန်နှင့် ပင်လယ်ပြင်နယ်နိမိတ်တစ်လျှောက်စိုးမိုးထိန်းချုပ်နိုင်သည့် ရေတပ်အဖြစ် ကို တက်လှမ်းနိုင်ခဲ့ပြီဖြစ်ကြောင်း ကာကွယ်ရေးဦးစီးချုပ်(ရေ) ပြောဆို

ပင်လယ်ပြင်စစ်ဆင်ရေးတာဝန်များကို အကန့်အသတ်ဖြင့်သာဆောင်ရွက်နိုင်ခဲ့သည့် ရေတပ်အဖြစ်မှ ယခု အချိန်တွင် သီးသန့်စီးပွားရေးဇုန်နှင့် ပင်လယ်ပြင်နယ်နိမိတ်တစ်လျှောက်စိုးမိုးထိန်းချုပ်နိုင်သည့် ရေတပ်အဖြစ် ကို တက်လှမ်းနိုင်ခဲ့ပြီဖြစ်ကြောင်း ကာကွယ်ရေးဦးစီးချုပ်(ရေ) ပြောဆို

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၂၁ (People Media)

 

ပင်လယ်ပြင်စစ်ဆင်ရေးတာဝန်များကို အကန့်အသတ်ဖြင့်သာ ဆောင်ရွက်နိုင်ခဲ့သည့် ရေတပ်အဖြစ်မှ ယခု အချိန်တွင် သီးသန့်စီးပွားရေးဇုန်နှင့် ပင်လယ်ပြင်နယ်နိမိတ်တစ်လျှောက် စိုးမိုးထိန်းချုပ်နိုင်သည့် ရေတပ် အဖြစ်ကို တက်လှမ်းနိုင်ခဲ့ပြီဖြစ်ကြောင်း ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင်မိုးအောင်က ပြောဆိုသည်။

 

တပ်မတော်(ရေ)အရာရှိငယ် (စီမံခန့်ခွဲရေး)သင်တန်း အမှတ်စဉ်(၈၁)နှင့် တပ်မတော် (ရေ)အရာရှိငယ် (အင် ဂျင်နီယာ)သင်တန်း အမှတ်စဉ်(၅၅)သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် သန်လျင်တပ်နယ်ရှိရေတပ် လေ့ကျင့်ရေးဌာနချုပ်စစ်ရေးပြကွင်း၌ ကျင်းပခဲ့စဉ် ကာကွယ်ရေးဦးစီးချုပ်(ရေ)က အထက်ပါအတိုင်းပြောဆိုခဲ့သည်။

 

ကာကွယ်ရေးဦးစီးချုပ်(ရေ)က တပ်မတော်(ရေ)သည် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားလာခြင်း ဖြစ်ပြီး ခေတ်အဆက်ဆက်ပေါ်ပေါက်ခဲ့သော ပြည်တွင်းသောင်းကျန်းမှုအန္တရာယ်နှင့် ပြည်ပခြိမ်းခြောက်မှုများ ကို တပ်မတော်(ကြည်း)၊ တပ်မတော်(လေ)တို့နှင့်အတူ ပူးပေါင်းတွန်းလှန်ဖယ်ရှားနိုင်ခဲ့သည့် အစဉ်အလာ ကောင်းများရှိကြောင်း၊ တပ်မတော်(ရေ)ကိုစတင် ဖွဲ့စည်းစဉ်က စစ်ရေယာဉ်အနည်းငယ်သာပိုင်ဆိုင်ခဲ့သော် လည်း ယနေ့အချိန်တွင် ဖရီဂိတ်စစ်ရေယာဉ်များအထိ ကိုယ်ပိုင်ဒီဇိုင်းရေးဆွဲ တည်ဆောက်လာနိုင်ခဲ့ပြီး တိုက်ခိုက်ရေးရေငုပ်သင်္ဘောများအပါအဝင် ကုန်းရေနှစ်သွယ် ဘက်စုံသုံစစ်ရေယာဉ်ကြီးများကိုပါ ပိုင်ဆိုင်သည်အထိ တိုးတက်ဖွဲ့စည်းလာနိုင်ပြီဖြစ်ကြောင်း၊ ခေတ်မီစစ်ရေယာဉ်များကို တိုးတက်ဖွဲ့စည်း နိုင်ခဲ့သဖြင့် ပင်လယ်ပြင်စစ်ဆင် ရေးတာဝန်များအား အကန့်အသတ်ဖြင့်သာ ဆောင်ရွက်နိုင်ခဲ့သည့် ရေ တပ်အဖြစ်မှ ယခုအချိန်တွင်သီးသန့်စီးပွားရေးဇုန်နှင့် ပင်လယ်ပြင်နယ်နိမိတ်တစ်လျှောက် စိုးမိုးထိန်းချုပ်နိုင် သည့်ရေတပ်အဖြစ်ကို တက်လှမ်းနိုင်ခဲ့ပြီဖြစ်ကြောင်း၊ ပြောဆိုသည်။

 

ခေတ်မီစစ်ရေယာဉ်များနှင့် ယခုကဲ့သို့ မျှော်မှန်းချက်ထား တည်ဆောက်လျက်ရှိသဖြင့် ပညာရပ်ပိုင်း ဆိုင်ရာအလိုက် ကျွမ်းကျင်ပိုင်နိုင်အောင် လေ့လာလေ့ကျင့်သွားရန်နှင့် လက်အောက်မှ စစ်သည်များကိုလည်း လေ့ကျင့်ပေးရန်လိုအပ်မည်ဖြစ်ကြောင်း၊ တပ်မတော်(ရေ)၏ စွမ်းရည်မြင့်မားလာသည်နှင့်အမျှ နိုင်ငံတော်အား ပင်လယ်ပြင်မှ ကျူးကျော်မှုမှန်သမျှကို ရှေ့တန်းကျကျခုခံကာကွယ်ရန်၊ နိုင်ငံတော်၏ရေကြောင်းအကျိုး စီးပွား များကို ကာကွယ်စောင့်ရှောက်ရန်နှင့် (ကြည်း/ရေ/လေ)ပူးပေါင်းစစ်ဆင်ရေးဆင်နွှဲ နိုင်စွမ်းရှိရန်ဆိုသည့် တပ်မ တော်(ရေ)၏ ရည်မှန်းချက်တာဝန်များကို ပိုမိုထိရောက်စွာ ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ)က ပြောဆိုခဲ့သည်။

 

#PeopleMedia #တပ်မတော်(ရေ)

 

(unicode)


………………………………………………………………….

 


 


 


 


 


 



Share this post