• Follow Us on

Home ပင်လယ်ပြင်၌ မျောပါနေသော ဘင်္ဂလီဒုက္ခသည်လှေကို အိန္ဒိယ ကမ်းခြေစောင့်တပ်ဖွဲ့ ကယ်တင်

ပင်လယ်ပြင်၌ မျောပါနေသော ဘင်္ဂလီဒုက္ခသည်လှေကို အိန္ဒိယ ကမ်းခြေစောင့်တပ်ဖွဲ့ ကယ်တင်

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၆ (PeopleMedia )

 

အိန္ဒိယကမ်းခြေစောင့်တပ်ဖွဲ့က ကပ္ပလီပင်လယ်အတွင်း မျောပါနေသော ဘင်္ဂလီလှေတစ်စင်းပေါ်မှ အ သက်ရှင်သူ ၈၁ ဦးနှင့် သေဆုံးသူရှစ်ဦးကို တွေ့ရှိခဲ့ပြီး အသက်ရှင်သူများကို အိန္ဒိယပိုင်နယ်အတွင်း ဝင်ရောက်ခွင့် ပြုမည်မဟုတ်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ယနေ့ ပြောကြားလိုက်သည်။

 

ဘင်္ဂလီဒုက္ခသည်တစ်ဦး ပျောက်ဆုံးနေကြောင်း အိန္ဒိယ ပြည်ပရေးရာဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ အနူရတ်ဆရီဗတ်စတဗာက ပြောကြားသည်။

 

မြန်မာနိုင်ငံမှ ထွက်ပြေးလာခဲ့သည့် ထောင်ပေါင်းများစွာသော ဘင်္ဂလီဒုက္ခသည်များအတွက် တည် ဆောက်ထားသည့် ဘင်္ဂလားဒေ့ရှ့်နိုင်ငံ ကော့ဘဇားမြို့မှ ဖေဖော်ဝါရီလ ၁၁ ရက်တွင် ထွက်ခွာလာခဲ့သည့် ပျောက် ဆုံးနေသော လှေတစ်စင်းနှင့်ပတ်သက်၍ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာအေဂျင်စီက ယခုအပတ်အစောပိုင်း တွင် သတိပေးမှု ပြုလုပ်ခဲ့သည်။

 

အင်ဂျင်ပျက်မှုကြောင့် ပင်လယ်ပြင်အတွင်း လေးရက်ကြာ မျောပါနေပြီးနောက် လှေပေါ်ပါ ဘင်္ဂလီဒုက္ခ သည်များက အစားအစာနှင့်ရေပြတ်လပ်ကာ အိန္ဒိယ ကမ်းခြေစောင့်တပ်ဖွဲ့မှ ကယ်ဆယ်ချိန်တွင် ဒုက္ခသည်အများ စုက ရေဓာတ်ကုန်ခမ်းမှုကြောင့် ဖျားနာမှုဖြစ်နေခဲ့ကြောင်း ၎င်းက ပြောသည်။

 

ကလေးငယ် ၂၃ ဦးပါ ဘင်္ဂလီဒုက္ခသည်များကို ကယ်ဆယ်ရန် အိန္ဒိယကမ်းခြေစောင့်သင်္ဘောနှစ်စင်း စေ လွှတ်ခဲ့ပြီး ဒုက္ခသည်များ ဘေးအန္တရာယ်ကင်းစွာ ပြန်နိုင်ရန် အိန္ဒိယအစိုးရက ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ဆွေးနွေးနေ ကြောင်း သူက ဆိုသည်။

 

ဒုက္ခသည်စခန်းများမှ စက်လှေများထွက်ခွာသွားမှုကို သတိမထားမိခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင် များက ဖေဖော်ဝါရီလ ၂၂ ရက်တွင် ပြောကြားခဲ့သည်။

ကိုးကား – ရိုက်တာ

 

Ref; Indian coast guard rescues 81 Rohingya on drifting boat, eight dead, one missing

 

(unicode)

………………………………………








Ref; Indian coast guard rescues 81 Rohingya on drifting boat, eight dead, one missing


Share this post