• Follow Us on

Home ပင်းတယမီးအိမ်ရှင် ဒေါက်တာသန်းမင်းထွဋ် ယနေ့ နံနက်၌ ပုသိမ်ထောင်မှ ပြန်လည်လွတ်မြောက်

ပင်းတယမီးအိမ်ရှင် ဒေါက်တာသန်းမင်းထွဋ် ယနေ့ နံနက်၌ ပုသိမ်ထောင်မှ ပြန်လည်လွတ်မြောက်

Share this post

ပုသိမ်၊ သြဂုတ် ၂ (People Media)

 

ပုသိမ်ဆေးရုံအုပ်တစ်ဦးလည်းဖြစ်သူ ပင်းတယမီးအိမ်ရှင် ဒေါက်တာသန်းမင်းထွဋ်သည် ယနေ့နံနက်ပိုင်းတွင် ပုသိမ်အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာပြီဖြစ်ပါတယ်။

 

ဒေါက်တာသန်းမင်းထွဋ်ကို ယနေ့ မနက် ၁၁ နာရီခန့်က ပုသိမ်မြို့မှာ အမှုပိတ်ပြီးဖြစ်ကြောင်းကိုလည်း သူ၏ လူမှုကွန်ယက်စာမျက်မှာ ရေးသားထားပါတယ်။

 

ဒေါက်တာသန်းမင်းထွဋ်သည် ဆရာဝန်ကျင့်ဝတ်များကို ဖောက်ဖျက်၍ CDM လှုပ်ရှားမှုတွင် ပါဝင်ဆောင်ရွက်ပြီး ပြည်သူများစိတ်တွင် စိုးရိမ်အောင် ပြုလုပ်ခြင်းကြောင့် ပုသိမ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးတင်လှိုင်က ဥပဒေပုဒ်မ ၅၀၅-က ဖြင့် တရားဆွဲကာ၂၀၂၁ ခုနှစ် မတ်လ ၁၂ ရက်နေ့တွင် စတင်ထိန်းသိမ်းခဲ့ခြင်းဖြစ်တယ်လို့ န-စ-က ၏ သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားပါတယ်။

 

#PeopleMedia #political #ဒေါက်တာသန်းမင်းထွဋ်

 

(unicode)


…………………………………………………..

 


 


 


 


 



Share this post