• Follow Us on

Home ပစိဖိတ်ဒေသတွင်း တင်းမာမှုများမြင့်တက်နေစဉ် ဗြိတိန်လေယာဉ်တင်သင်္ဘော စင်္ကာပူမှ ထွက်ခွာ

ပစိဖိတ်ဒေသတွင်း တင်းမာမှုများမြင့်တက်နေစဉ် ဗြိတိန်လေယာဉ်တင်သင်္ဘော စင်္ကာပူမှ ထွက်ခွာ

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၁၃ (People Media)

 

ဗြိတိန်နိုင်ငံပိုင် လေယာဉ်တင်သင်္ဘောအသစ်သည် အနောက်ပစိဖိတဒေသတွင် သုံးလကြာတပ်ဖြန့်ချထားခြင်း ကို အဆုံးသတ်သည့်အနေဖြင့် အောက်တိုဘာလ ၁၂ ရက်နေ့တွင် စင်္ကာပူဆိပ်ကမ်းမှ ထွက်ခွာသွားခဲ့သည်။

 

ဗြိတိန်တော်ဝင်ရေတပ်မှ အကြီးဆုံးလေယာဉ်တင်သင်္ဘောကြီး တပ်ဖြန့်ချထားမှုမှာ ဒေသတွင်း ပထဝီနိုင်ငံရေး ဆိုင်ရာရှုပ်ထွေးမှုများကို မီးမောင်းထိုးပြလိုက်ခြင်းဖြစ်ပြီး ဒေသတွင်း တရုတ်နိုင်ငံ၏ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု လွန်ကဲခြင်းကိုလည်း ဖြစ်ပေါ်လာစေသည့်ဖြစ်ရပ်ဖြစ်သည်။

 

တန်ချိန် ၆၅,၀၀၀ ရှိ HMS Queen Elizabeth လေယာဉ်တင်သင်္ဘောသည် အရှေ့တောင်အာရှကျွန်းနိုင်ငံနှင့် စစ်ရေးလေ့ကျင့်မှုပြုလုပ်ပြီးခါစ ၂၄ နာရီအတွင်း စင်္ကာပူသို့ဆိုက်ရောက်လာခဲ့ခြင်းဖြစ်ပြီး အဆိုပါလေယာဉ်တင် သင်္ဘောကြီးတွင် စင်္ကာပူနိုင်ငံမှ F-16 ဂျက်တိုက်လေယာဉ်များနှင့် ပူးတွဲစစ်ရေးလေ့ကျင့်ရန် F-35B တိုက်လေ ယာဉ်များတင်ဆောင်လာသည်။

 

လေယာဉ်တင်သင်္ဘောပေါ်တွင် F-35B တိုက်လေယာဉ် ၁၈ စင်းသယ်ဆောင်လာပြီး ယင်းလေယာဉ်များထဲမှ ၈ စင်းမှာ တော်ဝင်လေတပ်မတော်၏ အမှတ် ၆၁၇ လေယာဉ်အုပ်မှဖြစ်ပြီး ကျန်လေယာဉ်များမှာ အမေရိကန် မရိန်း တိုက်ခိုက်ရေးလေယာဉ်အုပ် VMFA 211 မှဖြစ်သည်။

 

မေလနှောင်းပိုင်းက ထွက်ခွာခဲ့သည့် HMS Queen Elizabeth လေယာဉ်တင်သင်္ဘောဦးဆောင်သည့် CSG21 ခေါ် အမှတ် ၂၁ လေယာဉ်တင်သင်္ဘောတိုက်ခိုက်ရေးအုပ်စုတွင် Type 23 ရေငုပ်သင်္ဘောတိုက်ဖျက်ရေး ဖရီး ဂိတ် HMS Richmond စစ်သင်္ဘော၊ HMS Kent (F78) စစ်သင်္ဘော၊ Type 45 ပဲ့ထိန်းဒုံးကျည်တပ် ဖျက်သ င်္ဘောာ HMS Defender (D36)၊ တော်ဝင်ရေတပ်အရန် RFA Fort Victoria (A387 စစ်သင်္ဘောနှင့် RFA Tidespring (A136) စစ်သင်္ဘောတို့ပါသည်။

 

၎င်းအပြင် အမေရိကန်ဖျက်သင်္ဘော Sullivans (DDG-68)၊ ဒတ်ချ်ဖရီးဂတ် HNLMS Evertsen (F805) စစ် သင်္ဘော၊ နျူကလီးယားစွမ်းအင်သုံး တိုက်ခိုက်ရေးရေငုပ်သင်္ဘော HMS Artful (S121) တို့လည်းပါဝင်ကြောင်း သိရသည်။

 

အဆိုပါလေယာဉ်တင်သင်္ဘောဦးဆောင်သည့်သင်္ဘောအုပ်စုသည် ဒေသတွင်းသို့ ဇူလိုင်လနှောင်းပိုင်းကရောက် ရှိခဲ့ရာ ပထမဦးဆုံးရောက်ရှိလာသည့်သင်္ဘောများသည် ဇူလိုင်လ ၂၂ ရက်နေ့တွင် အိန္ဒိယသမုဒ္ဒရာမှ မလက္ကာ ရေလက်ကြားသို့ အုပ်စုလိုက်ဝင်ရောက်ခဲ့ပြီး နောက်နေ့တွင် တောင်တရုတ်ပင်လယ်သို့ထွက်ခွာသွားခဲ့သည်။ လေယာဉ်တင်သင်္ဘောနှင့် ကျန်သင်္ဘောများမှာ လေးရက်အကြာတွင် တောင်တရုတ်ပင်လယ်သို့ လိုက်သွားခဲ့ ကြောင်းသိရသည်။

 

လေယာဉ်တင်သင်္ဘောအုပ်စုသည် ဒေသတွင်းရှိနေစဉ်အတွင်း ဒေသတွင်းရှိနိုင်ငံများမှ ရေတပ်များနှင့်အတူ စစ် ရေးလေ့ကျင့်မှုများပြုလုပ်ခဲ့ရာ ဂျပန်နိုင်ငံပိုင် အိုကီနာဝါကျွန်း၏ အရှေ့တောင်ဘက် ပင်လယ်ပြင်တွင် ဒေသ တွင်း ခြောက်နိုင်ငံမှ ရေတပ်များနှင့်အတူ ရေတပ်လေ့ကျင့်ခန်းများဆောင်ရွက်ခဲ့သည်။

 

စစ်ရေးလေ့ကျင့်မှုတွင် ဒေသတွင်းခြောက်နိုင်ငံမှ စစ်သင်္ဘော ၁၇ စီးပါဝင်ခဲ့သလို အမေရိကန်ရေတပ်မှ လေ ယာဉ်တင်သင်္ဘော USS George Washington နှင့် လေယာဉ်တင်သင်္ဘော USS Carl Vinson တို့ဦးဆောင် သော တိုက်ခိုက်ရေးစစ်သင်္ဘောအုပ်စုများနှင့် ဂျပန်နိုင်ငံပိုင် ရဟတ်ယာဉ်တင်သင်္ဘော JS Ise လည်း ပါဝင် သည်။ စစ်ရေးလေ့ကျင့်မှုတွင် ကနေဒါ၊ ဒတ်ချ်နှင့် နယူးဇီလန်အပါအဝင် အခြားနိုင်ငံများလည်း ပါဝင်ကြောင်း သိရသည်။

 

Ref: A British aircraft carrier departs Singapore amid tensions in the Pacific

 

#PeopleMedia

 

(unicode)


…………………………………………………………………..

 


 


 


 


 


 


 


 


 


 


 

Ref: A British aircraft carrier departs Singapore amid tensions in the Pacific

 

#PeopleMedia


Share this post