• Follow Us on

Home ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးႏွင့္ ထာ၀ရၿငိမ္းခ်မ္းေရးအတြက္ ထုတ္ျပန္ ခ်က္

ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးႏွင့္ ထာ၀ရၿငိမ္းခ်မ္းေရးအတြက္ ထုတ္ျပန္ ခ်က္

Share this post

ေနျပည္ေတာ္၊ ဩဂုတ္-၂၄

၁။ ျမန္မာႏိုင္ငံတြင္ Coronavirus Disease 2019(COVID-19) ေရာဂါကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးလုပ္ငန္းမ်ား ပိုမိုထိေရာက္လ်င္ျမန္က်ယ္ျပန္႔စြာေဆာင္ရြက္ႏိုင္ေရးႏွင့္ ထာ၀ရၿငိမ္းခ်မ္းေရးအတြက္ တပ္မေတာ္အေနျဖင့္ ႏိုင္ငံတကာစံႏႈန္းအတိုင္း ႏိုင္ငံေတာ္မွ အၾကမ္းဖက္ဟု သတ္မွတ္ေၾကညာထားေသာ အၾကမ္းဖက္အဖြဲ႕အစည္းမ်ားရွိသည့္ ေနရာမ်ားမွအပ က်န္နယ္ေျမမ်ားတြင္ ၂၀၂၀ ျပည့္ႏွစ္၊ ေမလ(၁၀) ရက္မွ ဩဂုတ္လ (၃၁) ရက္ေန႔အထိ ပစ္ခတ္တိုက္ခိုက္မႈရပ္စဲထားေၾကာင္းႏွင့္ COVID-19 ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရးလုပ္ငန္းမ်ားကို ႏိုင္ငံ့အေရး၊ အမ်ိဳးသားေရးအျဖစ္ အင္တိုက္အားတိုက္ ထိထိေရာက္ေရာက္ ဆက္လက္ပါဝင္ကူညီေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ၂၀၂၀ ျပည့္ႏွစ္၊ ေမလ ၉ ရက္တြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးက သတင္းထုတ္ျပန္ခဲ့ၿပီးျဖစ္သည္။

၂။ ကမၻာအႏွံ႔တြင္ COVID-19 ကမၻာ့ကပ္ေရာဂါႏွင့္ရင္ဆိုင္ေနရေသာေၾကာင့္ ကမၻာတစ္ဝန္း လက္ရွိျဖစ္ပြားေနသည့္ လက္နက္ကိုင္ပဋိပကၡမ်ား ရပ္တန္႔ေပးၾကရန္ ကုလသမဂၢအေထြေထြ အတြင္းေရးမွဴးခ်ဳပ္ Antonio Guterres က ၂၀၂၀ ျပည့္ႏွစ္၊ မတ္လ ၂၃ ရက္ေန႔တြင္ တိုက္တြန္းေျပာၾကားခဲ့ၿပီး ကုလသမဂၢအေထြေထြ အတြင္းေရးမွဴးခ်ဳပ္၏ Appeal for Global Ceasefire ကို ထုတ္ျပန္ခဲ့ပါသည္။ ကုလသမဂၢအေထြေထြအတြင္းေရးမွဴးခ်ဳပ္၏ Appeal for Global Ceasefire ကို ေထာက္ခံသည့္အေနျဖင့္ COVID-19 ေရာဂါကာလအတြင္း လူသားခ်င္းစာနာေထာက္ထားမႈအကူညီမ်ားေပးႏိုင္ရန္အတြက္ လက္နက္ကိုင္ပဋိပကၡတြင္သက္ဆိုင္သူမ်ား အားလုံးအေနျဖင့္ အနည္းဆုံးရက္ ၉၀ ၾကာ အပစ္အခတ္ရပ္စဲရန္ႏွင့္ COVID-19 ေရာဂါတုံ႔ျပန္ေရး အကူအညီေပးရန္ အပါအဝင္ဆုံးျဖတ္ခ်က္တစ္ရပ္ကို ကုလသမဂၢလုံၿခဳံေရးေကာင္စီက ၂၀၂၀ ျပည့္ႏွစ္ ဇူလိုင္လ ၁ ရက္ေန႔တြင္ဆုံးျဖတ္ခဲ့ပါသည္။ မိမိတို႔ႏိုင္ငံအေနျဖင့္ ကုလသမဂၢ အဖြဲ႕ဝင္ႏိုင္ငံျဖစ္ကာ ႏိုင္ငံတကာက်င့္ဝတ္မ်ားႏွင့္ ကုလသမဂၢ၏ဆုံးျဖတ္ခ်က္ အေပၚလိုက္နာရန္တာဝန္ရွိၿပီး အျခားႏိုင္ငံမ်ားနည္းတူ လိုက္နာက်င့္သုံးလ်က္ရွိပါသည္။

၃။ ထို႔အျပင္ တပ္မေတာ္အေနျဖင့္လည္း COVID-19 ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးလုပ္ငန္းမ်ားကို ႏိုင္ငံ့အေရး၊ အမ်ိဳးသားေရးတာဝန္အျဖစ္ အင္တိုက္အားတိုက္ ဆက္လက္ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္းႏွင့္ ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးလုပ္ငန္းမ်ား ပိုမိုထိေရာက္လ်င္ျမန္စြာ ေဆာင္ရြက္ႏိုင္ေရး၊ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ-(၂၁)ရာစုပင္လုံ စတုတၳအစည္းအေဝးတြင္ သေဘာတူလက္မွတ္ေရးထိုးခဲ့သည့္ ျပည္ေထာင္စု သေဘာတူစာခ်ဳပ္ အစိတ္အပိုင္း(၃)ကို ေဖာ္ေဆာင္ရာတြင္ ထိေရာက္ေအာင္ျမင္စြာ ေဆာင္ရြက္ႏိုင္ေရးအတြက္ စစ္ေရးဆိုင္ရာ လႈပ္ရွားမႈမ်ားကို ၂၀၂၀ ျပည့္ႏွစ္၊ စက္တင္ဘာလ ၁ ရက္မွ ၃၀ ရက္အထိ တိုးျမႇင့္ရပ္ဆိုင္းေပးသြားမည္ျဖစ္ေၾကာင္း သတင္းထုတ္ျပန္ေၾကညာအပ္ပါသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး

#PeopleMedia #Peace

(unicode)
ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာ၀ရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်
ချက်
========================================
နေပြည်တော်၊ ဩဂုတ်-၂၄

၁။ မြန်မာနိုင်ငံတွင် Coronavirus Disease 2019(COVID-19) ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ပိုမိုထိရောက်လျင်မြန်ကျယ်ပြန့်စွာဆောင်ရွက်နိုင်ရေးနှင့် ထာ၀ရငြိမ်းချမ်းရေးအတွက် တပ်မတော်အနေဖြင့် နိုင်ငံတကာစံနှုန်းအတိုင်း နိုင်ငံတော်မှ အကြမ်းဖက်ဟု သတ်မှတ်ကြေညာထားသော အကြမ်းဖက်အဖွဲ့အစည်းများရှိသည့် နေရာများမှအပ ကျန်နယ်မြေများတွင် ၂၀၂၀ ပြည့်နှစ်၊ မေလ(၁၀) ရက်မှ ဩဂုတ်လ (၃၁) ရက်နေ့အထိ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲထားကြောင်းနှင့် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို နိုင်ငံ့အရေး၊ အမျိုးသားရေးအဖြစ် အင်တိုက်အားတိုက် ထိထိရောက်ရောက် ဆက်လက်ပါဝင်ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၂၀၂၀ ပြည့်နှစ်၊ မေလ ၉ ရက်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

၂။ ကမ္ဘာအနှံ့တွင် COVID-19 ကမ္ဘာ့ကပ်ရောဂါနှင့်ရင်ဆိုင်နေရသောကြောင့် ကမ္ဘာတစ်ဝန်း လက်ရှိဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများ ရပ်တန့်ပေးကြရန် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် Antonio Guterres က ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၃ ရက်နေ့တွင် တိုက်တွန်းပြောကြားခဲ့ပြီး ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ Appeal for Global Ceasefire ကို ထုတ်ပြန်ခဲ့ပါသည်။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ Appeal for Global Ceasefire ကို ထောက်ခံသည့်အနေဖြင့် COVID-19 ရောဂါကာလအတွင်း လူသားချင်းစာနာထောက်ထားမှုအကူညီများပေးနိုင်ရန်အတွက် လက်နက်ကိုင်ပဋိပက္ခတွင်သက်ဆိုင်သူများ အားလုံးအနေဖြင့် အနည်းဆုံးရက် ၉၀ ကြာ အပစ်အခတ်ရပ်စဲရန်နှင့် COVID-19 ရောဂါတုံ့ပြန်ရေး အကူအညီပေးရန် အပါအဝင်ဆုံးဖြတ်ချက်တစ်ရပ်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၁ ရက်နေ့တွင်ဆုံးဖြတ်ခဲ့ပါသည်။ မိမိတို့နိုင်ငံအနေဖြင့် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံဖြစ်ကာ နိုင်ငံတကာကျင့်ဝတ်များနှင့် ကုလသမဂ္ဂ၏ဆုံးဖြတ်ချက် အပေါ်လိုက်နာရန်တာဝန်ရှိပြီး အခြားနိုင်ငံများနည်းတူ လိုက်နာကျင့်သုံးလျက်ရှိပါသည်။

၃။ ထို့အပြင် တပ်မတော်အနေဖြင့်လည်း COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို နိုင်ငံ့အရေး၊ အမျိုးသားရေးတာဝန်အဖြစ် အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ပိုမိုထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင်ရေး၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေးတွင် သဘောတူလက်မှတ်ရေးထိုးခဲ့သည့် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၃)ကို ဖော်ဆောင်ရာတွင် ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁ ရက်မှ ၃၀ ရက်အထိ တိုးမြှင့်ရပ်ဆိုင်းပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ကြေညာအပ်ပါသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

#PeopleMedia #Peace


Share this post