• Follow Us on

Home ပစ်ခတ်နိုင်သော အကွာအဝေးတိုးချဲ့ထားသည့် သင်္ဘောဖျက်ဒုံးကျည်အများအပြား ထိုင်ဝမ်ထုတ်လုပ်မည်

ပစ်ခတ်နိုင်သော အကွာအဝေးတိုးချဲ့ထားသည့် သင်္ဘောဖျက်ဒုံးကျည်အများအပြား ထိုင်ဝမ်ထုတ်လုပ်မည်

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၁၇ (People Media)

 

ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီး၏ မြေပြင်အခြေစိုက် သင်္ဘောဖျက်ဒုံးကျည်စနစ်များထုတ်လုပ်ရေးအစီအစဉ်၏ အ စိတ်အပိုင်းတစ်ရပ်အဖြစ် Hsiung Feng III သင်္ဘောဖျက်ဒုံးကျည်များ ပစ်ခတ်နိုင်သောအကွာအဝေးကို တိုးချဲ့ ပြီး ဒုံးကျည်အများအပြားထုတ်လုပ်ရန်ခွင့်ပြုသည့် စစ်လက်နက်ဝယ်ယူရေးအစီအစဉ်ကို ထိုင်ဝမ်အစိုးရအဖွဲ့က သြဂုတ်လ ၁၆ ရက်နေ့က အတည်ပြုလိုက်သည်။

 

ပစ်ခတ်နိုင်သောအကွာအဝေး ထပ်မံတိုးချဲ့မည့် Hsiung Feng III သင်္ဘောဖျက်ဒုံးကျည်အသစ်တစ်စင်း၏ အ မြင့်ဆုံးပစ်ခတ်နိုင်သောအကွာအဝေးမှာ ကီလိုမီတာ ၄၀၀ နီးပါးရှိကြောင်းသိရပြီး ယင်းအကွာအဝေးမှာ တရုတ် စစ်တပ်ကိုထိန်းထားနိုင်သည့်အကွာအဝေးဖြစ်ကြောင်း Liberty Times တွင်ရေးသားဖော်ပြထားသည်။

 

အမျိုးသား ချောင်ရှမ်း သိပ္ပံနှင့် နည်းပညာအင်စတီကျူ National Chung Shan Institute of Science and Technology (NCSIST) က သင်္ဘောဖျက်ဒုံးကျည်များ ပစ်ခတ်နိုင်သောအကွာအဝေးတိုးချဲ့ရာတွင် အဆင့် မြှင့်တင်ထားသည့် ခေတ်မီနည်းပညာများကို အသုံးပြုသွားမည်ဖြစ်ကြောင်း ဆန်းစစ်လေ့လာသူများက ခန့်မှန်း ထားကြသည်။

 

သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်နေစဉ်အတွင်း အမျိုးသား ချောင်ရှမ်း သိပ္ပံနှင့် နည်း ပညာ အင်စတီကျူ (NCSIST) သည် နည်းပညာပေါင်းစုံကိုအသုံးပြုပြီး ပစ်ခတ်နိုင်သောအကွာအဝေးတိုးချဲ့ ထားသည့် သင်္ဘောဖျက်ဒုံးကျည်ရှေ့ပြေးပုံစံအမျိုးမျိုးကို ထုတ်လုပ်ခဲ့ကြောင်း၊ ယင်းရှေ့ပြေးပုံစံဒုံး ကျည်အမျိုး မျိုးထဲမှ  အရှိန်မြှင့်ဒုံးကျည်များကို စမ်းသပ်မှုများတွင်အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

 

မြေပြင်အခြေစိုက် သင်္ဘောဖျက်ဒုံးကျည်စနစ်များထုတ်လုပ်ရေးတွင် အဆင့်နှစ်ဆင့်ခွဲခြားထားကြောင်း လက် နက်ထုတ်လုပ်ရေးအစီအစဉ်နှင့်ပတ်သက်၍ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန၏ အစီရင်ခံစာကို ကိုးကား၍ Liberty Times တွင်ရေးသားဖော်ပြထားသည်။

 

ပထမအဆင့်တွင် လက်ရှိမိုဒယ်လ်ဖြစ်သော Hsiung Feng II နှင့် Hsiung Feng III ဒုံးကျည်များနှင့် ရွေ့လျား ဒုံးပစ်စင်များကို ၂၀၂၂ ခုနှစ်မှ ၂၀၂၆ ခုနှစ်အထိ ဆက်လက်ထုတ်လုပ်သွားမည်ဖြစ်ပြီး  ဒုတိယအဆင့်တွင် ပစ် ခတ်နိုင်သောအကွာအဝေးတိုးချဲ့ထားသည့် Hsiung Feng III ဒုံးကျည်များနှင့် ရွေ့လျားဒုံးပစ်စင်များကို ၂၀၂၃ ခုနှစ်မှ ၂၀၂၆ ခုနှစ်အထိ ထုတ်လုပ်သွားမည်ဖြစ်သည်။

 

လက်ရှိအချိန်တွင် Hsiung Feng III ဒုံးကျည်များကို မဟာဗျူဟာအရ မြေပြင်အခြေစိုက် ရွေ့လျားဒုံးပစ်စင်များ တွင်တပ်ဆင်ထားသကဲ့သို့ Cheng Kung-class စစ်သင်္ဘောများ၊ Chin Chiang-class စစ်သင်္ဘောများနှင့် Tuo Chiang-class စစ်သင်္ဘောများတွင်လည်း တပ်ဆင်ထားသည်။

 

အနာဂတ်ကာလတွင် ပစ်ခတ်နိုင်သောအကွာအဝေးတိုးချဲ့ထားသည့် Hsiung Feng III ဒုံးကျည်များကို ပိုမိုကြီး မားသောစစ်သင်္ဘောများတွင် တပ်ဆင်နိုင်ရန် မျှော်မှန်းထားသော်လည်း ဒုံးကျည်အသစ်၏ ကြီးမားသောအရွယ် အစား၊ မီးတောက်များနှင့် ပစ်ခတ်စဉ်အားပြင်းသောဒုံးကန်အားကြောင့် Keelung-class စစ်သင်္ဘောများတွင် သာ တပ်ဆင်ရန် အဆင်ပြေနိုင်မည်ဖြစ်ကြောင်းသိရသည်။

 

Ref: Taiwan to mass produce extended range anti-ship missiles

 

#PeopleMedia

 

(unicode)


……………………………………………………………………….

 


 


 


 


 


 


 


 


 


 

Ref: Taiwan to mass produce extended range anti-ship missiles

 

#PeopleMedia


Share this post