• Follow Us on

Home ပညာရေးသည် အကြမ်းဖက်ဝါဒ၏ ပစ်မှတ်ဖြစ်နေပြီလော

ပညာရေးသည် အကြမ်းဖက်ဝါဒ၏ ပစ်မှတ်ဖြစ်နေပြီလော

Share this post

ကမ္ဘာ့ကုလသမဂ္ဂမှ ကြေညာထားသော လူ့အခွင့်အရေးကြေညာစာတမ်းတွင် ပါဝင်သည့်အချက်တစ်ခုမှာ လူတိုင်းသည် ပညာသင်ကြားနိုင်ခွင့်ရှိရမည်ဟူ၍ Article 26 တွင် ဖော်ပြထားလေသည်။ UNHR Article 26 တွင်ပါဝင်သော စာသား အတိအကျမှာ အောက်ပါအတိုင်းပင်ဖြစ်သည်။

 

၁။ လူတိုင်းတွင် ပညာသင်ကြားခွင့်ရှိသည်။ ပညာရေးသည် အနည်းဆုံး မူလတန်းနှင့် အခြေခံအဆင့်များတွင် အခမဲ့ဖြစ်ရမည်။ မူလတန်းပညာကို မသင်မနေရဖြစ်ရမည်။ နည်းပညာနှင့် အသက်မွေးဝမ်းကျောင်းပညာရေးကို ယေဘုယျအားဖြင့် ရနိုင်စေမည် ဖြစ်ပြီး အဆင့်မြင့်ပညာရေးကို ကုသိုလ်အခြေခံဖြင့် အားလုံးတန်းတူရရှိစေရမည်။

 

၂။ ပညာရေးသည် လူ့ကိုယ်ရည်ကိုယ်သွေး အပြည့်အဝဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များကို လေးစားလိုက်နာမှု အားကောင်းလာစေရန် ညွှန်ကြားရမည်။ လူမျိုးရေး၊ ဘာသာရေးအုပ်စုများအကြား နားလည်မှု၊ စာနာ နား လည်မှုနှင့် ချစ်ကြည်ရင်းနှီးမှုကို မြှင့်တင်ပေးမည်ဖြစ်ပြီး ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန်အတွက် ကုလသမဂ္ဂ၏ လှုပ်ရှားမှုများကို ဆက်လက်လုပ်ဆောင်မည် ဖြစ်သည်။

 

၃။ မိဘများသည် သားသမီးများအား ပေးအပ်ရမည့် ပညာရေးအမျိုးအစားကို ရွေးချယ်ပိုင်ခွင့်ရှိသည်။

 

အဆိုပါအချက်များကိုကြည့်ပါက လူတိုင်းသည် လွတ်လပ်စွာပညာသင်ကြားနိုင်ခွင့်ရှိရမည် မည်သူမှ တားဆီးပိုင်ခွင့်မရှိဟု ဆို နိုင်လေသည်။ ဒီဇင်ဘာလ ၈ ရက်နေ့တွင် ယူနီဆက်ဖ်မှ ကမ္ဘာ့နိုင်ငံအသီးသီးရှိ အစိုးရအဖွဲ့များ INGO များအား ကျောင်းများ အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရန် ကြိုးပမ်းလုပ်ဆောင်စေလိုကြောင်း ကြေညာချက် ထုတ်ပြန်ထားလေသည်။ န-စ-ကအနေဖြင့် ကိုဗစ်တတိယလှိုင်းအပြီးတွင် စာသင်ကျောင်းများကို ပြန်လည်ဖွင့်လှစ်ရန်အတွက် ဆောင်ရွက်ရာ ယခုအချိန်တွင် တက္ကသိုလ်ဝင် တန်း စာမေးပွဲများ စစ်ဆေးနိုင်ရန်အတွက် အဆင်သင့် ဖြစ်လာခဲ့လေသည်။

 

လက်ရှိအချိန်၌ ပညာရေးဝန်ကြီးဌာနမှ အခြေခံပညာရေးကျောင်းများ ဖွင့်လှစ်ထားမှု၊ တက္ကသိုလ်များ ဖွင့်လှစ်ခြင်း၊တက္ကသိုလ်များ ဖွင့်လှစ်ရန် ပြင်ဆင်ထားမှုအပေါ် နည်းလမ်းအမျိုးမျိုးဖြင် နိုင်ငံရေးအမည်ခံ အစုအဖွဲ့များက နည်းလမ်းအအမျိုးမျိုးဖြင့် နှောက် ယှက်ဖျက်ဆီးလျက်ရှိသည်။၂၀၂၁ ခုနှစ် ဧပြီ လ ၁ ရက်နေ့မှသည် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၂ ရက်နေ့အထိ မြန်မာနိုင်ငံရှိ မြို့ ၁၇၉ မြို့ တွင် ပညာရေးကဏ္ဍအား အကြမ်းဖက်မှုပြုလုပ်ခဲ့သည့် အကြိမ်ရေမှာ ၈၆၉ ကြိမ် ရှိခဲ့လေသည်။

အလားတူ ၎င်းတို့သည် ပညာရေးဝန်ထမ်းများအား လုပ်ကြံသတ်ဖြတ်ခြင်း/ဖမ်းဆီးနှိပ်စက်ခြင်း၊ ပညာသင်ကြားနေသော ကျောင်း သား/သူများအား ခြိမ်းခြောက်ခြင်း၊ ကျောင်းများအား ဖျက်ဆီးခြင်းနှင့် အခြားသော အကြမ်းဖက်လုပ်ရပ်များကို ဆောင်ရွက်ခဲ့လေ သည်။

 

နိုင်ငံရေးအမည်ခံ အစုအဖွဲ့အချို့သည်  “ကျောင်းဖွင့်တာက အများပြည်သူကို ထိခိုက်ပျက်စီးစေတယ်” ဟူ၍ ကြိမ်းဝါးသည်ဖြစ်ရာ အကြမ်းဖက်တာလီဘန် လက်အောက်တွင် ရဲရဲဝံ့ဝံ့နှင့် အမျိုးသမီးများ ပညာသင်ကြားခွင့်တိုက်ပွဲဝင်ခဲ့သော ကမ္ဘာ့ အသက်အ ငယ်ဆုံးနိုဘယ်လ်ဆုရှင်မာလာလာပင် ရယ်နေလိမ့်မည်ဖြစ်သည်။ ၁၆ နှစ်သမီး မာလာလာပြောခဲ့သည်မှာ “ကလေးတစ်ယောက် ၊ ဆရာတစ်ယောက်၊ စာအုပ်တစ်အုပ်နဲ့ ဘောပင်တစ်ချောင်းဟာ ကမ္ဘာကြီးကို ပြောင်းလဲပစ်နိုင်တယ်” ပင်ဖြစ်သည်။

 

လတ်တလောတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲများ ဖြေဆိုရန်ပြင်ဆင်နေသော အချိန်ဖြစ်သောကြောင့် ကလေးများ၏ ပညာ ရေးကိုအလေးထားသော ကျောင်းအုပ်များ၊ ဆရာ/ဆရာမများမှ အချိန်ပိုသင်ကြားပေးခြင်း၊ အနီးကပ်စောင့်ရှောက်ကာ ကျောင်း သား/ သူများကို ဂရုစိုက်နေကြလေသည်။ တစ်ဖက်တွင်လည်း မသမာသူတို့သည် ကျောင်းသားအရွယ် လူငယ်များကို မှိုင်း တိုက်ကာ သိမ်းသွင်းထားသည်ဖြစ်ရာ ၎င်းတို့နှင့် သက်တူရွယ်တူများသည် ၎င်းတို့ထက် ပညာပိုတတ်သွားမည် လူမှုအဆင့် အတန်းပို့မြင့်သွားမည်ကို မရှုစိတ်ဖြင့် အကြမ်းဖက်လုပ်ရပ်များကို ပိုမိုလုပ်ဆောင်လာဟန် ရှိလေသည်။

 

ကျောင်းများကိုပိတ်ရန်ခြိမ်းခြောက်ခြင်း၊ ကျောင်းဆောင်နှင့် ပရိဘောဂများကို ဖျက်ဆီးခြင်း၊ ကျောင်းတက်နေသောသူများအား စိတ်အနှောင့်အယှက်ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ဆန့်ကျင်စာများ လိုက်လံဝေခြင်း၊ ကျောင်းစည်းရိုးတွင်ရေးသားခြင်းများကို အဓိကထားကာ ဆောင်ရွက်နေလေသည်။ အချို့သောနယ်များတွင် ကျောင်းအုပ်များ ဆရာ/ဆရာမများကို ပြန်ပေးဆွဲကာ ရပ်ရွာလူထုဆီမှာ ငွေတောင်းခံခြင်းများ ပြုလုပ်လာလေသည်။

 

အလားတူ နိုင်ငံရေးအဖွဲ့အစည်းအချို့က မဖြစ်နိုင်သောအိမ်မက်များ၊ မိုးလုံးပြည့်မုသာဝါဒီ မျှော်လင့်ချက် အတုအယောင်များ ကြောင့် ပညာရေးလမ်းကြောင်းပျက်ပြားကာ ပညာသင်ကြားနေသော သက်တူရွယ်တူများအပေါ် မရှုစိတ်ဖြင့်ပူလောင်နေသော ၎င်းတို့အပေါ် သစ္စာခံသူများက  အကြမ်းဖက်လုပ်ရပ်များကို ဆက်လက်လုပ်ဆောင်နေမည်ပင်ဖြစ်သည်။

 

ထို့အပြင် အချို့သော EAO များသည်လည်း ၎င်းတို့နယ်မြေများတွင် စာသင်ကျောင်းများ မဖွင့်လှစ်ရန်၊ ဖွင့်ထားသော ကျောင်းများ အား ပိတ်ပစ်ရန် လုပ်ဆောင်လာကြလေသည်။ မိမိတို့လူမျိုးအား ပညာမသင်ကြားစေရန် လိုက်လံပိတ်ပင်နေသည့် EAO များ သည် လူမျိုးစုအရေးအတွက် ဆောင်ရွက်နေပါသည်ဟု ပြောသည်ကို မည်သို့ ယုံကြည်ရမည်နည်း။ တာလီဘန်များကဲ့သို့ ပညာ သင်ကြားရေးကို လိုက်လံပိတ်ပင်နေသောအဖွဲ့များသည် မကြာမှီအချိန် နောက်တစ်ချိန်၌ terrorist များဟူ၍ သမိုင်းမှတ်တမ်းဆိုး ဧကန်ကျန်ရစ်ကျမည် ဖြစ်သည်။

 

မှတ်ချက် ။          ။ စာရေးသူ၏ အာဘော်သာဖြစ်သာ ဖြစ်သည်။

 

#ပညာရေး

 

(unicode)


…………………………………………..

 


 


 


 


 


 



 


 


 


 


 


 


 



Share this post