• Follow Us on

Home ပညာေရး၀န္ထမ္းမ်ား ပါတီကိုယ္စားျပဳသည့္ အ၀တ္အစားမ်ား ၀တ္ဆင္ျခင္းမျပဳရန္ အေၾကာင္းၾကားစာထုတ္ျပန္

ပညာေရး၀န္ထမ္းမ်ား ပါတီကိုယ္စားျပဳသည့္ အ၀တ္အစားမ်ား ၀တ္ဆင္ျခင္းမျပဳရန္ အေၾကာင္းၾကားစာထုတ္ျပန္

Share this post

ရန္ကုန္၊ စက္တင္ဘာ ၁၁

ပညာေရး၀န္ထမ္းမ်ား ပါတီကိုယ္စားျပဳသည့္ အ၀တ္အစား၊ဦးထုပ္၊ႏွာေခါင္းစည္း(Mask) မ်ား ၀တ္ဆင္ျခင္းမျပဳရန္ ေမာ္လိုက္ၿမိဳ႕နယ္ပညာေရးမွဴးမွ အေၾကာင္းၾကားစာထုတ္ျပန္ထားသည္။

ပညာေရး၀န္ထမ္းမ်ားသည္ ပါတီတစ္ခုခု၏ အ၀တ္အစား အသုံးအေဆာင္မ်ားအသုံးျပဳၿပီး ၿမိဳ႕တြင္းသို႔ သြားလာျခင္းမျပဳရန္လည္းထုတ္ျပန္ခ်က္တြင္ပါရွိသည္။

၎ထုတ္ျပန္ခ်က္ႏွင့္ပတ္သက္ၿပီး အေျခခံပညာဦးစီးဌာန ဒုတိယၫႊန္ၾကားေရးမွဴးခ်ဳပ္ေဒါက္တာ တင္ေမာင္၀င္းက “ဒီအ၀တ္အစား၀တ္တာနဲ႔ပဲပါတီကိုေထာက္ခံျခင္းမေထာက္ခံျခင္းမဆိုင္ပါဘူး။မဆိုင္ပါဘူး ဒါကေတာ့သူတို႔သေဘာေပါ႔ေနာ္။ဆရာ၊ဆရာမ ေတြေက်ာင္းထဲမွာေနရင္ မလုပ္ဖို႔ပဲလိုတာပါ။က်န္တာကေတာ့ သူတို႔ဘက္ေန လႊတ္လပ္စြာ ဆုံးျဖတ္ခြင့္ရွိပါတယ္”ဟုေျပာသည္။

ထို႔အျပင္ ပညာေရး၀န္ထမ္းမ်ားအေနျဖင့္ ေရြးေကာက္ပြဲဆိုင္ရာမ်ားကို တစ္ဦးတစ္ေယာက္ထံသို႔ Online မွျဖစ္ေစ Forward လုပ္၍ ေဝမွ်ျခင္းမျပဳလုပ္ရန္လည္းထုတ္ျပန္ခ်က္တြင္ေတြ႕ရသည္။

ပညာေရး၀န္ထမ္းမ်ားသည္ ပါတီႏိုင္ငံေရးကိစၥမ်ားႏွင့္ကင္းရွင္းစြာေနထိုင္ၾကရန္ ၊ေရြးေကာက္ပြဲဆိုင္ရာမဲ႐ုံအဖြဲ႕ ၀င္မ်ား တာ၀န္ေက်ပြန္စြာ ထမ္းေဆာင္ၾကရန္ ေမာ္လိုက္ၿမိဳ႕နယ္ ပညာေရးမွဴးမွ အသိေပးေၾကျငာခ်က္ထုတ္ျပန္ထားသည္။

#PeopleMedia #ပညာေရး

(unicode)
ပညာရေးဝန်ထမ်းများ ပါတီကိုယ်စားပြုသည့် အဝတ်အစားများ ဝတ်ဆင်ခြင်းမပြုရန် အကြောင်းကြားစာထုတ်ပြန်
………………………………………

ရန်ကုန်၊ စက်တင်ဘာ ၁၁

ပညာရေးဝန်ထမ်းများ ပါတီကိုယ်စားပြုသည့် အဝတ်အစား၊ဦးထုပ်၊နှာခေါင်းစည်း(Mask) များ ဝတ်ဆင်ခြင်းမပြုရန် မော်လိုက်မြို့နယ်ပညာရေးမှူးမှ အကြောင်းကြားစာထုတ်ပြန်ထားသည်။

ပညာရေးဝန်ထမ်းများသည် ပါတီတစ်ခုခု၏ အဝတ်အစား အသုံးအဆောင်များအသုံးပြုပြီး မြို့တွင်းသို့ သွားလာခြင်းမပြုရန်လည်းထုတ်ပြန်ချက်တွင်ပါရှိသည်။

၎င်းထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါက်တာ တင်မောင်ဝင်းက “ဒီအဝတ်အစားဝတ်တာနဲ့ပဲပါတီကိုထောက်ခံခြင်းမထောက်ခံခြင်းမဆိုင်ပါဘူး။မဆိုင်ပါဘူး ဒါကတော့သူတို့သဘောပေါ့နော်။ဆရာ၊ဆရာမ တွေကျောင်းထဲမှာနေရင် မလုပ်ဖို့ပဲလိုတာပါ။ကျန်တာကတော့ သူတို့ဘက်နေ လွှတ်လပ်စွာ ဆုံးဖြတ်ခွင့်ရှိပါတယ်”ဟုပြောသည်။

ထို့အပြင် ပညာရေးဝန်ထမ်းများအနေဖြင့် ရွေးကောက်ပွဲဆိုင်ရာများကို တစ်ဦးတစ်ယောက်ထံသို့ Online မှဖြစ်စေ Forward လုပ်၍ ဝေမျှခြင်းမပြုလုပ်ရန်လည်းထုတ်ပြန်ချက်တွင်တွေ့ရသည်။

ပညာရေးဝန်ထမ်းများသည် ပါတီနိုင်ငံရေးကိစ္စများနှင့်ကင်းရှင်းစွာနေထိုင်ကြရန် ၊ရွေးကောက်ပွဲဆိုင်ရာမဲရုံအဖွဲ့ ဝင်များ တာဝန်ကျေပွန်စွာ ထမ်းဆောင်ကြရန် မော်လိုက်မြို့နယ် ပညာရေးမှူးမှ အသိပေးကြေငြာချက်ထုတ်ပြန်ထားသည်။

#PeopleMedia #ပညာရေး


Share this post