• Follow Us on

Home ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုး သားအဆင့်လုပ်ငန်းစီမံချက် တစ်နှစ်တိတိဆောင်ရွက်သွားရမည်ဖြစ်ကြောင်း လူကယ်ပြန်ပြည်ထောင်စုဝန်ကြီး ပြောကြား

ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုး သားအဆင့်လုပ်ငန်းစီမံချက် တစ်နှစ်တိတိဆောင်ရွက်သွားရမည်ဖြစ်ကြောင်း လူကယ်ပြန်ပြည်ထောင်စုဝန်ကြီး ပြောကြား

Share this post

ရန်ကုန်၊ နိုဝင်ဘာ ၁၁ (People Media)

 

ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုး သားအဆင့်လုပ်ငန်းစီမံချက်ကို (၁၀.၁၁.၂၀၂၁) ရက်နေ့မှ စတင်ကာ တစ်နှစ်တိတိ ဆောင်ရွက်သွားရမှာ ဖြစ်ပါကြောင်း၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ပြောသည်။

 

ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုး သားအဆင့်ကော်မတီအစည်းအဝေး(၃/၂၀၂၁) ကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီးရုံးစုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ သည်။

 

လုပ်ငန်းစီမံချက်နှင့် စပ်လျဉ်းပြီး လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီက သဘောတူခွင့်ပြုသဖြင့် စီမံချက်အား အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ထို့အတွက် ယခုအစည်းအဝေးကို ကျင်းပရခြင်းဖြစ်ပါကြောင်း၊ အမျိုးသားအဆင့်လုပ်ငန်းစီမံချက် အကောင်အထည် ဖော်သည့်နေ့ကစ၍ တစ်နှစ်တိတိ ဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း၊ လုပ်ငန်းစီမံချက်ပါလုပ်ငန်းရပ်များအား အကောင်အထည်ဖော် ဆောင်ရွက်သည့်အခါ သက်ဆိုင်ရာဌာနများအနေဖြင့် မိမိတို့ကဏ္ဍအလိုက် အကောင် အထည် ဖော်ရမည့်လုပ်ငန်းများရှိသကဲ့သို့ ဌာနများပေါင်းစပ်ညှိနှိုင်း အကောင်အထည်ဖော်ဆောင်ရွက်ရမည့် လုပ်ငန်းအစီအမံများအား ပူးပေါင်းဆောင်ရွက်ပေးကြရန်ဖြစ်ကြောင်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက် သက်ခိုင်က ပြောသည်။

 

ဆက်လက်ပြီး လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အမျိုးသားအဆင့်လုပ်ငန်းစီမံချက် အကောင် အထည်ဖော်ရေးနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဝန်ကြီးဌာန/အဖွဲ့အစည်းများအနေဖြင့် လုပ်ငန်းစီမံချက်ပါ အကောင်အထည်ဖော်မှုများအား အမျိုးသားအဆင့် ကော်မတီသို့ (၃) လတစ်ကြိမ် အစီရင်ခံစာတင်ပြနိုင်ရေး၊ အမျိုးသားအဆင့်လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှုအား နိုင်ငံခြားရေးဝန်ကြီးဌာနမှ တစ်ဆင့် UN သို့ အသိပေးမှုများဆောင်ရွက်နိုင်ရေး၊ တိုင်ကြားမှုနည်းလမ်းများကို ပြည်သူလူထုသို့ ထိရောက်စွာ အသိပေးနိုင် ရေး၊ တိုင်ကြားမှုယန္တရားနှင့်ပတ်သက်၍ ဆောင်ရွက်မှုလုပ်ငန်းစဉ်များအား သက်ဆိုင်ရာဌာန/ အဖွဲ့အစည်းများ သို့ အသိပေးနိုင်ရေး၊ လုပ်ငန်းကော်မတီအစည်းအဝေးခေါ်ယူကျင်းပရေး စသည့်ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။

 

#PeopleMedia #လူကယ်ပြန်

 

(unicode)


………………………………………………………………

 


 


 


 


 


 



Share this post