• Follow Us on

Home ပဋိပက္ခဒေသများရှိ အမျိုးသမီးများသည် ကြောက်ရွံ့ထိတ်လန့်ဖွယ်အဖြစ်ဆုံးစိန်ခေါ်မှုများကို ရင်ဆိုင်ကျော် လွှားရန် ဖိအားပေးခံနေကြရကြောင်း ဂျာမနီသံရုံး ထုတ်ပြန်

ပဋိပက္ခဒေသများရှိ အမျိုးသမီးများသည် ကြောက်ရွံ့ထိတ်လန့်ဖွယ်အဖြစ်ဆုံးစိန်ခေါ်မှုများကို ရင်ဆိုင်ကျော် လွှားရန် ဖိအားပေးခံနေကြရကြောင်း ဂျာမနီသံရုံး ထုတ်ပြန်

Share this post

ရန်ကုန်၊ မတ် ၈

 

ပဋိပက္ခဒေသများရှိ အမျိုးသမီးများသည် ကြောက်ရွံ့ထိတ်လန့်ဖွယ်အဖြစ်ဆုံး စိန်ခေါ်မှုများကို ရင်ဆိုင်ကျော် လွှားရန် ဖိအားပေးခံနေကြရကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံရုံးမှ ယနေ့ ထုတ်ပြန်လိုက်သည်။

 

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွင် အလွှာအသီးအသီးမှ အမျိုးသမီးများကို ဂျာမနီသံရုံးက အားပေး ဂုဏ်ပြုကြောင်း၊ ယခုနှစ် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အတွက် အဓိကအကြောင်းအရာမှာ ဘက်လိုက် မှုများ၊ ပုံသေသတ်မှတ်ထားမှုများနှင့် ခွဲခြားဆက်ဆံမှုများ မရှိသည့် ကျား/မ တန်းတူညီမျှသော ကမ္ဘာတစ်ခုကို ဖန်တီးပုံဖော်ရန်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

နိုင်ငံတိုင်းတွင် အမျိုးသမီးများသည် ၎င်းတို့ မိသားစုများအတွက် မိခင်များသဖွယ်၊ သမီးများသဖွယ်၊ လူ့အသိုင်း အဝိုင်းအတွက် ဆရာမများ၊ ဆရာဝန်များ၊ နိုင်ငံရေးသမားများ၊ ရှေ့နေများ၊ အင်ဂျင်နီယာများနှင့် အခြားသော ကျွမ်းကျင်ပညာရှင်များအနေဖြင့် ကဏ္ဍမျိုးစုံမှတစ်ဆင့် လူမှုအဖွဲ့အစည်းကို ပံ့ပိုးပေးနေကြောင်း၊ သို့သော် လည်း ယနေ့ထိတိုင် အမျိုးသမီးဖြစ်နေသည့်အတွက်ကြောင့် ခွဲခြားဆက်ဆံမှုများနှင့် နစ်နာမှုများကို တွေ့ကြုံ ခံစားနေရဆဲပင်ဖြစ်ကြောင်း၊ ထို့ကြောင့် အမျိုးသမီးများ၏ လူ့အခွင့်အရေးကို တိုးမြှင့်ပေးရန်မှာ ဂျာမနီအစိုးရ၏ လူ့အခွင့်အရေးမူဝါဒ၏ အဓိကအချက်အဖြစ် ဆက်လက်ရှိနေကြောင်း ထုတ်ပြန်ထားသည်။

 

ပဋိပက္ခဒေသများရှိ အမျိုးသမီးများသည် ကြောက်ရွံ့ထိတ်လန့်ဖွယ်အဖြစ်ဆုံး စိန်ခေါ်မှုများကို ရင်ဆိုင်ကျော် လွှားရန် ဖိအားပေးခံနေကြရကြောင်း၊ ထို့အတွက်ကြောင့် ခက်ခဲပင်ပန်းလှသည့် အခြေအနေများတွင်ပင် ၎င်းတို့၏ အသိုင်းအဝိုင်းအတွက် ဆက်လက်ထောက်ကူ ပံ့ပိုးပေးနေသည့် မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်း အခြားသော ပဋိပက္ခဖြစ်ပွားနေသည့်ဒေသများရှိ အမျိုးသမီးများအပေါ် ကျွန်ုပ်တို့၏ တန်ဖိုးထားအသိအ မှတ်ပြုမှုနှင့် အမြင့်ဆုံးလေးစားသမှုတို့ကို ဖော်ပြလိုကြောင်း ထုတ်ပြန်ထားသည်။

 

#PeopleMedia

 

(unicode)


…………………………………

 


 


 


 


 


 

#PeopleMedia


Share this post