• Follow Us on

Home ပထမသက္တမ္းတြင္ ကတိအတိုင္း မေဆာင္ရြက္ႏုိင္၍ ေရြးေကာက္ပြဲ မ၀င္ရန္ သီရိလကၤာသမၼတဆံုးျဖတ္

ပထမသက္တမ္းတြင္ ကတိအတိုင္း မေဆာင္ရြက္ႏုိင္၍ ေရြးေကာက္ပြဲ မ၀င္ရန္ သီရိလကၤာသမၼတဆံုးျဖတ္

Share this post

သီရိလကၤာသမၼတ ေမသီပါလာ ဆီရီစီနာဟာ သူရဲ႕ပထမသမၼတသက္ တမ္းကာလမွာ ကတိျပဳ ထားတဲ့အခ်က္အေတာ္မ်ားမ်ားကို ေဆာင္ရြက္ ႏုိင္ခဲ့ျခင္းမရွိတဲ့အတြက္ လာမယ့္လမွာ က်င္းပမယ့္ ေရြးေကာက္ပြဲမွာ ၀င္ေရာက္အေရြးမခံဖို႔ ဆံုးျဖတ္လိုက္ပါတယ္။

ႏို၀င္ဘာလ ၁၆ ရက္ေန႔မွာ က်င္းပျပဳလုပ္သြားမယ့္ ေရြးေကာက္ပြဲအ တြက္ ပါ၀င္ယွဥ္ၿပိဳင္မယ့္ ကိုယ္စားလွယ္ ၃၅ ဦးထိရွိေနၿပီး ကာကြယ္ ေရးဦး စီးခ်ဳပ္ေဟာင္း ဂိုတာဘာယာ ရာဂ်ာပက္ဆာက ေရြးေကာက္ပြဲ အတြက္ ေရပန္းအစားဆံုး ကိုယ္စားလွယ္ေလာင္းျဖစ္ေနပါတယ္။

ဆီရီစီနာဟာ ၄င္းအာဏာရရွိခဲ့ရင္ ရက္ ၁၀၀ တြင္း အထူးအခြင့္အာ ဏာရွိေနတဲ့ သမၼတစနစ္ကို ဖ်က္သိမ္းဖို႔၊ ဖြဲ႕စည္းပံုအေျခခံျပင္ဆင္ၿပီး တမီလ္လူမ်ိဳးစုေတြကို အာဏာခြဲေ၀ေပးဖို႔နဲ႔ ေနာက္ဆံုး အစိုးရတပ္ဖြဲ႕ ၀င္ေတြနဲ႔ တမီလ္သူပုန္ေတြၾကားျဖစ္ပြားခဲ့တဲ့ တိုက္ပြဲေတြအတြင္း လူ႔အခြင့္အေရးခ်ိဳး ေဖာက္မႈေတြကို စံုစမ္းေဖာ္ထုတ္ေပးဖို႔ ကတိျပဳ ထားခဲ့တာျဖစ္ပါတယ္။

ဒါ့အျပင္ ၄င္းက အဂတိလိုက္စားမႈနဲ႔ အာဏာအလႊဲသံုးစားျပဳလုပ္မႈေတြ ရွိခဲ့တယ္လို႔ စြပ္စြဲထားတဲ့ ရာဂ်ာပက္ဆာမိသားစုကိုလည္း စံုစမ္းစစ္ေဆး သြားမယ္လို႔ ကတိျပဳခဲ့ပါတယ္။

၂၀၁၅ ေရြးေကာက္ပြဲမွာ ဆီရီစီနာအႏိုင္ရခဲ့ၿပီးေနာက္ ႏုိင္ငံတြင္း လူ႔ အခြင့္အေရးခ်ိဳးေဖာက္မႈျဖစ္ရပ္ ေတြနဲ႔ ႏုိင္ငံေရးအေျခအေနေတြ တိုးတက္လာဖို႔ ျပည္တြင္းကသာမက ႏုိင္ငံတကာအသိုင္းအ၀ိုင္းကပါ ေမွ်ာ္လင့္ခဲ့တာျဖစ္ပါတယ္။

ဆီရီစီနာဟာ သူ႔ရဲ႕ ကတိက၀တ္ေတြအတိုင္း ပထမသက္တမ္းမွာ ေဆာင္ရြက္ႏုိင္ျခင္းမရွိခဲ့တာေၾကာင့္ ေရြးေကာက္ပြဲမွာ ထပ္မံ၀င္ေရာ က္အေရြးမခံဖို႔ ဆံုးျဖတ္ခဲ့တာျဖစ္ပါတယ္။

Ref; https://time.com

(unicode)
ပထမသက်တမ်းတွင် ကတိအတိုင်း မဆောင်ရွက်နိုင်၍ ရွေးကောက်ပွဲ မဝင်ရန် သီရိလင်္ကာသမ္မတဆုံးဖြတ်
…………………………………………………………………..

သီရိလင်္ကာသမ္မတ မေသီပါလာ ဆီရီစီနာဟာ သူရဲ့ပထမသမ္မတသက် တမ်းကာလမှာ ကတိပြု ထားတဲ့အချက်အတော်များများကို ဆောင်ရွက် နိုင်ခဲ့ခြင်းမရှိတဲ့အတွက် လာမယ့်လမှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်အရွေးမခံဖို့ ဆုံးဖြတ်လိုက်ပါတယ်။

နိုဝင်ဘာလ ၁၆ ရက်နေ့မှာ ကျင်းပပြုလုပ်သွားမယ့် ရွေးကောက်ပွဲအ တွက် ပါဝင်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ် ၃၅ ဦးထိရှိနေပြီး ကာကွယ် ရေးဦး စီးချုပ်ဟောင်း ဂိုတာဘာယာ ရာဂျာပက်ဆာက ရွေးကောက်ပွဲ အတွက် ရေပန်းအစားဆုံး ကိုယ်စားလှယ်လောင်းဖြစ်နေပါတယ်။

ဆီရီစီနာဟာ ၄င်းအာဏာရရှိခဲ့ရင် ရက် ၁၀၀ တွင်း အထူးအခွင့်အာ ဏာရှိနေတဲ့ သမ္မတစနစ်ကို ဖျက်သိမ်းဖို့၊ ဖွဲ့စည်းပုံအခြေခံပြင်ဆင်ပြီး တမီလ်လူမျိုးစုတွေကို အာဏာခွဲဝေပေးဖို့နဲ့ နောက်ဆုံး အစိုးရတပ်ဖွဲ့ ဝင်တွေနဲ့ တမီလ်သူပုန်တွေကြားဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း လူ့အခွင့်အရေးချိုး ဖောက်မှုတွေကို စုံစမ်းဖော်ထုတ်ပေးဖို့ ကတိပြု ထားခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ၄င်းက အဂတိလိုက်စားမှုနဲ့ အာဏာအလွှဲသုံးစားပြုလုပ်မှုတွေ ရှိခဲ့တယ်လို့ စွပ်စွဲထားတဲ့ ရာဂျာပက်ဆာမိသားစုကိုလည်း စုံစမ်းစစ်ဆေး သွားမယ်လို့ ကတိပြုခဲ့ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ ဆီရီစီနာအနိုင်ရခဲ့ပြီးနောက် နိုင်ငံတွင်း လူ့ အခွင့်အရေးချိုးဖောက်မှုဖြစ်ရပ် တွေနဲ့ နိုင်ငံရေးအခြေအနေတွေ တိုးတက်လာဖို့ ပြည်တွင်းကသာမက နိုင်ငံတကာအသိုင်းအဝိုင်းကပါ မျှော်လင့်ခဲ့တာဖြစ်ပါတယ်။

ဆီရီစီနာဟာ သူ့ရဲ့ ကတိကဝတ်တွေအတိုင်း ပထမသက်တမ်းမှာ ဆောင်ရွက်နိုင်ခြင်းမရှိခဲ့တာကြောင့် ရွေးကောက်ပွဲမှာ ထပ်မံဝင်ရော က်အရွေးမခံဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

Ref; https://time.com


Share this post