• Follow Us on

Home ပထမအသုတ္ ဖိုက္ဇာ ဗိုင္းရပ္စ္ကာကြယ္ေဆးမ်ား အစၥေရးနိုင္ငံသို႔ ေရာက္ရွိ

ပထမအသုတ္ ဖိုက္ဇာ ဗိုင္းရပ္စ္ကာကြယ္ေဆးမ်ား အစၥေရးနိုင္ငံသို႔ ေရာက္ရွိ

Share this post

နိုင္ငံတကာ၊ ဒီဇင္ဘာ ၁၀ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
Pfizer ကုမၸဏီထုတ္ ပထမအသုတ္ ကိုရိုနာဗိုင္းရပ္စ္ကာကြယ္ေဆးမ်ား ယေန႔နံနက္ပိုင္းက အစၥေရးနိုင္ငံသို႔ ေရာက္ရွိလာခဲ့ၿပီဟု သိရသည္။
 
ကိုဗစ္ကာကြယ္ေဆး အရင္ဆုံး ထိုးႏွံခံရန္ ဆႏၵျပဳမည္ဟု ယေန႔နံနက္ပိုင္းက ေလဆိပ္၌က်င္းပေသာ အခမ္းအနားတစ္ခု၌ အစၥေရးဝန္ႀကီးခ်ဳပ္ ဘင္ဂ်မင္ေနတန္ယာဟုက ေျပာသည္။
 
မၾကာေသးမီက ထုတ္လုပ္ခဲ့သည့္ ကိုဗစ္ကာကြယ္ေဆး အလုံးေရ ၁၀၀၀၀၀ ေက်ာ္ တင္ေဆာင္လာေသာ ဘရပ္ဆဲလ္ၿမိဳ႕မွ ပ်ံသန္းလာသည့္ DHL ေလယာဥ္တစ္စင္းက ယေန႔နံနက္ ၉ ခန္႔တြင္ တဲအဗစ္ၿမိဳ႕ေတာ္ရွိ ဘင္ဂူရီ ယန္ေလဆိပ္သို႔ ဆင္း သက္ခဲ့သည္။
 
Pfizer ကိုဗစ္ကာကြယ္ေဆးမ်ားကို အစၥေရးေဆးဝါးကုမၸဏီ တီဗာက စီမံခန္႔ခြဲသည့္ အေအးခန္းတစ္ခုသို႔ လႊဲေျပာင္းေပးခဲ့သည္။
 
Pfizer ကိုဗစ္ကာကြယ္ေဆးမ်ားကို အႏႈတ္ ၆၀ မွ ၈၀ ဒီဂရီစင္တီဂရိတ္အတြင္း သိမ္းဆည္းကာ ပိုမိုထိေရာက္ေစရန္ အေအး ခန္းမွ ထုတ္ယူၿပီးပါက မိနစ္အနည္းငယ္အတြင္း အသုံးျပဳရမည္ျဖစ္သည္။
 
ဗိုင္းရပ္စ္ကာကြယ္ေဆး အလုံးေရ ၅၀၀၀၀၀ ခန္႔ သယ္ေဆာင္လာေသာ ကုန္တင္ေလယာဥ္တစ္စင္းမွာ လာမည့္ သီတင္း ပတ္အနည္းငယ္အတြင္း အစၥေရးနိုင္ငံသို႔ ေရာက္ရွိမည္ျဖစ္သလို ေနာက္ထပ္ ကိုဗစ္ကာကြယ္ေဆးအလုံးေရ တစ္သန္းမွာ ေနာက္အပတ္တြင္ ေရာက္ရွိမည္ျဖစ္သည္။
 
ဒီဇင္ဘာလ ၂၀ ရက္မွစ၍ ကိုဗစ္ကာကြယ္ေဆးထိုးႏွံေရး အစီအစဥ္ စတင္နိုင္ရန္ ျပင္ဆင္သင့္ေၾကာင္း က်န္းမာေရးဝန္ႀကီး ဌာနမွ ညႊန္ၾကားေရးမွဴးခ်ဳပ္ ခ်ီဇီလဲဗီးက ေျပာၾကားသည္။
 
ကိုးကား – ေဂ်႐ုဆလင္ပို႔စ္
Ref; First Pfizer corona vaccines arrive in Israel, PM says he will be first
 
#PeopleMedia
 
(unicode)
ပထမအသုတ် ဖိုက်ဇာ ဗိုင်းရပ်စ်ကာကွယ်ဆေးများ အစ္စရေးနိုင်ငံသို့ ရောက်ရှိ
…………………………………..
 
နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၀ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
Pfizer ကုမ္ပဏီထုတ် ပထမအသုတ် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးများ ယနေ့နံနက်ပိုင်းက အစ္စရေးနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီဟု သိရသည်။
 
ကိုဗစ်ကာကွယ်ဆေး အရင်ဆုံး ထိုးနှံခံရန် ဆန္ဒပြုမည်ဟု ယနေ့နံနက်ပိုင်းက လေဆိပ်၌ကျင်းပသော အခမ်းအနားတစ်ခု၌ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ပြောသည်။
 
မကြာသေးမီက ထုတ်လုပ်ခဲ့သည့် ကိုဗစ်ကာကွယ်ဆေး အလုံးရေ ၁၀၀၀၀၀ ကျော် တင်ဆောင်လာသော ဘရပ်ဆဲလ်မြို့မှ ပျံသန်းလာသည့် DHL လေယာဉ်တစ်စင်းက ယနေ့နံနက် ၉ ခန့်တွင် တဲအဗစ်မြို့တော်ရှိ ဘင်ဂူရီ ယန်လေဆိပ်သို့ ဆင်း သက်ခဲ့သည်။
 
Pfizer ကိုဗစ်ကာကွယ်ဆေးများကို အစ္စရေးဆေးဝါးကုမ္ပဏီ တီဗာက စီမံခန့်ခွဲသည့် အအေးခန်းတစ်ခုသို့ လွှဲပြောင်းပေးခဲ့သည်။
 
Pfizer ကိုဗစ်ကာကွယ်ဆေးများကို အနှုတ် ၆၀ မှ ၈၀ ဒီဂရီစင်တီဂရိတ်အတွင်း သိမ်းဆည်းကာ ပိုမိုထိရောက်စေရန် အအေး ခန်းမှ ထုတ်ယူပြီးပါက မိနစ်အနည်းငယ်အတွင်း အသုံးပြုရမည်ဖြစ်သည်။
 
ဗိုင်းရပ်စ်ကာကွယ်ဆေး အလုံးရေ ၅၀၀၀၀၀ ခန့် သယ်ဆောင်လာသော ကုန်တင်လေယာဉ်တစ်စင်းမှာ လာမည့် သီတင်း ပတ်အနည်းငယ်အတွင်း အစ္စရေးနိုင်ငံသို့ ရောက်ရှိမည်ဖြစ်သလို နောက်ထပ် ကိုဗစ်ကာကွယ်ဆေးအလုံးရေ တစ်သန်းမှာ နောက်အပတ်တွင် ရောက်ရှိမည်ဖြစ်သည်။
 
ဒီဇင်ဘာလ ၂၀ ရက်မှစ၍ ကိုဗစ်ကာကွယ်ဆေးထိုးနှံရေး အစီအစဉ် စတင်နိုင်ရန် ပြင်ဆင်သင့်ကြောင်း ကျန်းမာရေးဝန်ကြီး ဌာနမှ ညွှန်ကြားရေးမှူးချုပ် ချီဇီလဲဗီးက ပြောကြားသည်။
 
ကိုးကား – ဂျေရုဆလင်ပို့စ်
Ref; First Pfizer corona vaccines arrive in Israel, PM says he will be first
 
#PeopleMedia

Share this post