• Follow Us on

Home ပထမဦးဆုံး ဆော်ဒီအာရေဗျ အမျိုးသမီးစစ်သည်များ စစ်သင်တန်းဆင်း

ပထမဦးဆုံး ဆော်ဒီအာရေဗျ အမျိုးသမီးစစ်သည်များ စစ်သင်တန်းဆင်း

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၃ (People Media)

 

ပထမဦးဆုံးဆော်ဒီအာရေဗျအမျိုးသမီးစစ်သည်များအုပ်စုသည် လက်နက်ကိုင်တပ်ဖွဲ့အမျိုးသမီး ကေဒါသင် တန်းကျောင်းစင်တာတွင် မေလ ၃၀ ရက်နေ့မှစတင်သည့် အခြေခံစစ်သင်တန်းသုံးလခွဲတက်ရောက်ပြီးနောက်  သင်တန်းဆင်းလာပြီဖြစ်ကြောင်းသိရသည်။

 

လတ်တလောကျင်းပသည့်ကျောင်းဆင်းပွဲတွင် ထူးချွန်အမျိုးသမီးစစ်သည်များ၏အမည်စာရင်းများကို ကြေညာ ခဲ့ပြီး ဆုရရှိသူများကို ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း ကြာသာပတေးနေ့က အာရပ်သတင်းဌာနတစ်ခုက ကြေ ညာခဲ့သည်။

 

ဆော်ဒီအာရေဗျအစိုးရသည် အမျိုးသမီးများကို လုပ်ပိုင်ခွင့်ပေးသည့်ကြိုးပမ်းမှုအဖြစ် ယခုနှစ် ဖေဖော်ဝါရီလက စစ်မှုထမ်းတပ်သားသစ်စုဆောင်းရာတွင် အမျိုးသမီးတပ်သားသစ်များကိုပါစုဆောင်းခဲ့သည်။

 

လက်ရှိအချိန်၌ ဆော်ဒီအာရေဗျကြည်းတပ်၊ တော်ဝင်ဆော်ဒီလေကြောင်းရန်ကာကွယ်ရေး၊ တော်ဝင်ဆော်ဒီရေ တပ်၊ တော်ဝင်ဆော်ဒီမဟာဗျူဟာမြောက်ဒုံးကျည်တပ်ဖွဲ့နှင့် လက်နက်ကိုင်တပ်ဖွဲ့များဆိုင်ရာဆေးတပ်ဖွဲ့များ တွင် အမျိုးသမီးများကို တပ်သားမှ တပ်ကြပ်ကြီးအဆင့်အထိ ခန့်အပ်တာဝန်ပေးသွားမည်ဖြစ်သည်။

 

ဆော်ဒီအာရေဗျနိုင်ငံတွင် အမျိုးသမီးများကို နှစ်ပေါင်းများစွာယာဉ်မောင်းခွင့်ပိတ်ပင်တားမြစ်ခဲ့ပြီးနောက် ၂၀၁၈ ခုနှစ်က အမျိုးသမီးများကိုကားမောင်းခွင့် စတင်ခွင့်ပြုခဲ့သည်။

 

အမျိုးသမီးများအတွက် ယခုကဲ့သို့အလုပ်အကိုင်အခွင့်အလမ်းများထောက်ပံ့ခြင်းအားဖြင့် အမျိုးသမီးများစစ်မှု ထမ်းဆောင်ခွင့်ရခြင်းသည် ဆော်ဒီလူ့အဖွဲ့အစည်းအတွင်း အမျိုးသမီးများပါဝင်ပေါင်းစည်းခွင့်ကို ဆောင်ရွက်ခဲ့ ခြင်းဖြစ်သည်။

 

Ref: Saudi Arabia’s first batch of female soldiers graduate from Armed Forces Womens Cadre Training Centre

 

#PeopleMedia

 

(unicode)


………………………………………………………………..

 


 


 


 


 


 


 


 

Ref: Saudi Arabia’s first batch of female soldiers graduate from Armed Forces Womens Cadre Training Centre

 

#PeopleMedia


Share this post