• Follow Us on
Latest News

Home ပန်းခင်းစီမံချက်လုပ်ငန်းများဆောင်ရွက်ရာတွင် မည်သည့်ကန့်သတ်ချက်များရှိစေကာမူ သတ်မှတ်ကာလ အတွင်း လျာထားချက်ပြည့်မီပြီးစီးအောင်ဆောင်ရွက်ရန် လဝကဝန်ကြီး မှာကြား

ပန်းခင်းစီမံချက်လုပ်ငန်းများဆောင်ရွက်ရာတွင် မည်သည့်ကန့်သတ်ချက်များရှိစေကာမူ သတ်မှတ်ကာလ အတွင်း လျာထားချက်ပြည့်မီပြီးစီးအောင်ဆောင်ရွက်ရန် လဝကဝန်ကြီး မှာကြား

Share this post

နေပြည်တော်၊ မတ် ၉

 

ပန်းခင်းစီမံချက်လုပ်ငန်းများ ဆောင်ရွက်ရာတွင် မည်သည့် ကန့်သတ်ချက်များရှိစေကာမူ သတ်မှတ်ကာလ အတွင်း လျာထားချက်ပြည့်မီပြီးစီးအောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောသည်။

 

ပန်းခင်းစီမံချက်နှင့်ပတ်သက်၍ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် လျာထားချက် ပြည့်မီပြီးစီးအောင် ဆောင် ရွက်နိုင်ရေးမှာကြားခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။

 

“ပန်းခင်းစီမံချက်ဟာ နိုင်ငံတော်ရဲ့ အနာဂတ်အတွက် အရေးကြီးတဲ့ စီမံချက်တစ်ခုဖြစ်သလို နိုင်ငံသားတစ်ဦး ချင်းအတွက် လူမှုဘဝဆောင်ရွက်မှုတိုင်းမှာ မရှိမဖြစ် လိုအပ်တဲ့ နိုင်ငံသားဆိုင်ရာ အထောက်အထားတစ်ခု ရရှိနိုင်မယ့် အခွင့်အရေးတစ်ခုဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်ဟာ အစိုးရအဆက်ဆက် ဆောင်ရွက်ပေးလျက်ရှိတဲ့ လုပ်ငန်းတစ်ခုဖြစ်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မှတ်ပုံတင် မရှိသေးသူတွေ ကျန်ရှိနေသေးပါတယ်။ နိုင်ငံသားကတ်ရဲ့ အသုံးဝင်တန်ဖိုးကို သိရှိနားလည်နိုင်ဖို့အတွက် တာဝန်ရှိသူအဆင့်ဆင့်က ပြည်သူတွေကို အမြဲမပြတ်ရှင်းလင်း ချပြကြဖို့ လိုအပ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောသည်။

 

ပန်းခင်းစီမံချက်သည် ယခုအခါ (၁၀) လ ကျော်ကြာရှိပြီဖြစ်ကြောင်း၊ ယင်းကာလအတွင်း ပဲခူးတိုင်း၊ ဧရာဝတီ တိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်းတို့သည် စီမံချက် လျာထားချက်ကို တိုင်းလုံးကျွတ် ရာနှုန်း ပြည့် ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့သည်ကိုတွေ့ရှိရကြောင်း၊ အခြားတိုင်းဒေသကြီး/ပြည်နယ်များသည် သတ်မှတ်ကာလအတွင်း လျာထားချက် ပြည့်မီကျော်လွန်အောင် ဆောင်ရွက်နိုင်ပြီး ကန့်သတ်ချက် တစ်ချို့ ကြောင့် မြို့နယ်တိုင်း၏ လျာထားချက် ရာနှုန်းပြည့်ပြီးမြောက်ခြင်း မရှိသေး၍ တိုင်းလုံးကျွတ်ပြီးစီးသည်ဟု မသတ်မှတ်သေးကြောင်း၊ စီမံချက်လုပ်ငန်းများ ဆောင်ရွက်ရာတွင် မည်သည့် ကန့်သတ်ချက်များရှိ စေကာမူ သတ်မှတ်ကာလအတွင်း လျာထားချက်ပြည့်မီပြီးစီးအောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီက ပြောသည်။

 

ပြည်သူများအနေဖြင့် ခရီးသွားလာမှု၊ တည်းခိုနေထိုင်မှုများနှင့် အခြားသောနိုင်ငံသားကတ် (မှတ်ပုံတင်) ပြသ ဆောင်ရွက်ကြရသည့်လုပ်ငန်းများတွင် တရားဝင်ထုတ်ပေးထားသော နိုင်ငံသားကတ် (မှတ်ပုံတင်)ကို သက် ဆိုင်ရာ တာဝန်ရှိသူများက လာမည့် ဧပြီ (၁)ရက် နံနက်(၆)နာရီမှစ၍ လိုအပ်သလို စစ်ဆေးဆောင်ရွက်မည့် အကြောင်း မိဘပြည်သူများသို့ အသိပေးကြေညာခြင်းအား ပြီးခဲ့သည့် မတ် (၅) ရက်က နိုင်ငံပိုင်မီဒီယာများမှ တစ်ဆင့် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါကြောင်း၊ ယင်းထုတ်ပြန်ချက်သည် နိုင်ငံသားအားလုံး မဖြစ်မနေ နိုင်ငံသားကတ် (မှတ်ပုံတင်) ရရှိ ကိုင်ဆောင်နိုင်ကြရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သော်လည်း ပြည်သူများအား ဝန်ထုတ် ဝန်ပိုး မဖြစ်စေရန် အလေးဂရုပြုဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားခဲ့ သည်။

 

#PeopleMedia

 

(unicode)


…………………………………..

 


 


 


 


 


 


 

#PeopleMedia


Share this post