• Follow Us on

Home ပန်းခင်းစီမံချက်အပြင် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းနှင့် e-ID စနစ်အကောင်အထည်ဖော်ရေးလုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်နေကြောင်း လဝကဝန်ကြီး ပြော ဆို

ပန်းခင်းစီမံချက်အပြင် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းနှင့် e-ID စနစ်အကောင်အထည်ဖော်ရေးလုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်နေကြောင်း လဝကဝန်ကြီး ပြော ဆို

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၁၀ (People Media)

 

ပန်းခင်းစီမံချက်အပြင် နိုင်ငံတော်အတွက် မဖြစ်မနေဆောင်ရွက်ရမည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်း ခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းနှင့် e-ID စနစ် အကောင်အထည်ဖော်ရေးလုပ်ငန်းများကိုလည်း ဆက် လက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောသည်။

 

ကချင်ပြည်နယ်အတွင်း  မြို့(၁၃) မြို့ကို ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းနှင့် ဒေသခံပြည်သူများအား အိမ် ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းတွင် မြစ်ကြီးနားမြို့၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။

 

ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက နိုင်ငံတော်၏အနာဂတ်အတွက် မဖြစ်မနေ ဆောင်ရွက်ရမည့် နိုင်ငံသားတိုင်း ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်နိုင်ရေးအတွက် မိမိတို့ဝန်ကြီးဌာနမှ နိုင်ငံနှင့်အဝန်း ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ခဲ့ခြင်းကြောင့် နောင်ကျင်းပမည့် ရွေးကောက်ပွဲများတွင် မဲပေးပိုင်ခွင့်ရှိသူအားလုံး နိုင်ငံသား ဖြစ်မှုဆိုင်ရာ ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် ပန်းခင်းစီမံချက် ရေး ဆွဲဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုကချင်ပြည်နယ်အတွင်း မြို့ပေါ်ရပ်ကွက်များ၌ တစ်အိမ်တက်ဆင်း ဆောင်ရွက်မှုကြောင့် ပြီးစီးပြီဖြစ်သည့် မြို့ (၁၃) မြို့မှ ဝန်ထမ်းများနှင့် ဆက်စပ်ဌာနများမှ တာဝန်ရှိသူများအား ကျေးဇူးတင်ဂုဏ်ပြုပါကြောင်း ပြောသည်။

 

ထို့အတူ ပြည်ထောင်စုဝန်ကြီးက ကျန်ရှိနေသည့် လျာထားချက်များကိုလည်း အချိန်မီ ပြီးစီးအောင် ဝိုင်းဝန်းကြိုး ပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ပန်းခင်းစီမံချက်အပြင် နိုင်ငံတော်အတွက် မဖြစ်မနေဆောင်ရွက်ရမည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းနှင့် e-ID စနစ် အကောင်အထည် ဖော်ရေး လုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းလုပ်ငန်းများသည် မိမိဌာနမှ ဝန်ထမ်းများအပြင် ဆက်စပ်ဌာနများ၊ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပြည်သူများ အားလုံးက ဝိုင်းဝန်းပံ့ပိုးကူညီဆောင်ရွက်ပေးမှသာ အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ ပြောကြားခဲ့သည်။

 

ကချင်ပြည်နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ် ပေးခြင်း လုပ်ငန်းဆောင်ရွက်ရာတွင် ဝိုင်းမော်၊ တနိုင်း၊ ချီဖွေ၊ ဆော့လော်၊ မိုးကောင်း၊ ရွှေကူ၊ မိုးမောက်၊ ပူတာ အို၊ မချမ်းဘော၊ နောင်မွန်း၊ ခေါင်လန်ဖူး၊ ဆွမ်ပရာဘွမ်နှင့် မံစီု စသည့် မြို့နယ် (၁၃) မြို့နယ်၏ မြို့နယ်ရပ် ကွက်များအားလုံး၌ တစ်အိမ်တက်ဆင်းစနစ်ဖြင့် ကွင်းဆင်းဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်းနှင့် ယခုအခမ်းအနား တွင် အဆိုပါမြို့နယ် (၁၃) မြို့နယ်တို့မှ ဒေသခံပြည်သူများအတွက် အိမ်ထောင်စု လူဦးရေစာရင်း (၅၃၇) စောင်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၃၂၆၉၄) ကတ် ထုတ်ပေးခဲ့ကြောင်း သိရသည်။

 

#PeopleMedia #လဝက

 

(unicode)


………………………………………………………………..

 


 


 


 


 


 


 



Share this post