• Follow Us on

Home ပန်းခင်းစီမံချက် ဆောင်ရွက်နေသည့် တန့်ဆည်မြို့နယ် လ-ဝ-ကဦးစီးမှူး လုပ်ကြံသတ်ဖြတ်ခံရ

ပန်းခင်းစီမံချက် ဆောင်ရွက်နေသည့် တန့်ဆည်မြို့နယ် လ-ဝ-ကဦးစီးမှူး လုပ်ကြံသတ်ဖြတ်ခံရ

Share this post

စစ်ကိုင်း၊ ဒီဇင်ဘာ ၂၉ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ် မြို့နယ်၌ ပန်းခင်းစီမံချက် ဆောင်ရွက်ပေးနေသည့် လ-ဝ-က ဦးစီးမှူးတစ်ဦးသည် သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံရ၍ သေဆုံးသွားသည်။

 

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၇ ရက်နေ့က အဆိုပါ လ-ဝ-ကဦးစီးမှူးသည်  ပန်းခင်းစီမံချက်အစည်းအဝေးမှ ပြန်လာစဉ် ရွှေဘို-တန့်ဆည်လမ်းကြောင်း၊ ကာဒီရွာနှင့် တံစပ်ရွာကြား၌ အမည်မသိ သေနတ်သမားနှစ်ဦးက သေနတ်ဖြင့် လုပ်ကြံခဲ့သည်။

 

“အသတ်ခံရတာကတော့ ဟုတ်ပါတယ်။ အစည်းအဝေးကအပြန် တန့်ဆည်နဲ့ ရွှေဘိုကြားမှာ အသတ်ခံရတာပါ” ဟု ဒေသခံတစ်ဦးက ပြောသည်။

 

တန်ဆည်မြို့နယ်၌ အုပ်ချုပ်ရေးမှူးများ၊ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီမှ လူ ပုဂ္ဂိုလ်များ၊ အပြစ်မဲ့ပြည်သူများ မကြာခဏ လုပ်ကြံခြင်းခံရလျက်ရှိသည်။

 

PeopleMedia #တန့်ဆည် #လဝက

 

(unicode)


…………………………………………………………..

 


 


 


 


 


 



Share this post