• Follow Us on

Home ပန်းဘဲတန်းမြို့ NLD ရပ်ကွက် ဥက္ကဋ္ဌ ကို တပ်နှင့်ရဲက မတ်လ (၆)ရက်နေ့ ည၌ဝင်ရောက်ဖမ်းဆီးပြီးနောက် သေဆုံးသွား

ပန်းဘဲတန်းမြို့ NLD ရပ်ကွက် ဥက္ကဋ္ဌ ကို တပ်နှင့်ရဲက မတ်လ (၆)ရက်နေ့ ည၌ဝင်ရောက်ဖမ်းဆီးပြီးနောက် သေဆုံးသွား

Share this post

ရန်ကုန်၊မတ် (၇) PeopleMedia

ရန်ကုန်တိုင်း၊ပန်းဘဲတန်းမြို့ NLD ရပ်ကွက် ဥက္ကဋ္ဌ ကို တပ်နှင့်ရဲက မတ်လ (၆)ရက်နေ့ ည၌ ဝင်ရောက်ဖမ်းဆီးပြီးနောက် သေဆုံးသွားခဲ့ပါတယ်။

ဖြစ်စဉ်မှာတပ်နှင့်ရဲတပ်ဖွဲ့သည် မတ်လ(၆)ရက် ညအချိန်၌ ပန်းဘဲတန်းမြို့နယ် လမ်း (၃၀)ရှိ NLD ရပ်ကျေး ဥက္ကဋ္ဌ ဦးခင်မောင်လတ်ကို ဖမ်းဆီးသွားခဲ့တာလည်း ဖြစ်ပါတယ်။

လက်ရှိအချိန်တွင် သေဆုံးသွားသူ၏ ရုပ်အလောင်းကို မင်္ဂလာဒုံ စစ်ဆေးရုံ၌ သွားရောက်ထုတ်ယူရန် မိသားစုဝင်များက ပြင်ဆင်လျက်ရှိပါတယ်။

“သူတို့ လက်ချက်ကြောင့် သေဆုံးတာ ဖြစ်နိုင်ပါတယ်”လို့ ၎င်းတို့နှင့် နီးစပ်သူက PeopleMedia ကို ပြောဆိုပါတယ်။

ကွယ်လွန်သူ ဦးခင်မောင်လတ်ကို အစ္စလာမ်ဘာသာ ထုံးတမ်းနှင့် အညီ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

#PeopleMedia #ပန်းဘဲတန်း

(unicode)










Share this post