• Follow Us on
Latest News

Home ပန္းဘဲတန္းၿမိဳ႕နယ္ သိမ္ေတာ္ႀကီးေက်ာင္းတိုက္၌ သံဃာ ၇၆ ပါးႏွင့္ ကပၸိယ ၁၄ ေယာက္ COVID ပိုးေတြ႕

ပန္းဘဲတန္းၿမိဳ႕နယ္ သိမ္ေတာ္ႀကီးေက်ာင္းတိုက္၌ သံဃာ ၇၆ ပါးႏွင့္ ကပၸိယ ၁၄ ေယာက္ COVID ပိုးေတြ႕

Share this post

ရန္ကုန္၊ ေအာက္တိုဘာ ၅
ရန္ကုန္ၿမိဳ႕၊ ပန္းဘဲတန္းၿမိဳ႕နယ္အတြင္းရွိ မဟာသိမ္ေတာ္ႀကီးေက်ာင္းတိုက္တြင္ ယေန႔နံနက္ပိုင္း ပိုးေတြ႕လူနာ ၉၀ ဦးရွိေၾကာင္း ပန္းဘဲတန္းၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးဦးေက်ာ္ခိုင္က People Media ကိုေျပာသည္။
မဟာသိမ္ေတာ္ႀကီးေက်ာင္းတိုက္တြင္ သံဃာေတာ္ ၈၈ ပါး၊ ကပၸိယ ၂၃ ေယာက္ရွိသည့္အနက္ သံဃာေတာ္ ၇၆ ပါးႏွင့္ ကပၸိယ ၁၄ ေယာက္တြင္ ကိုဗစ္ပိုးေတြ႕ရွိေၾကာင္း ၎ကေျပာသည္။
“ပိုးေတြ႕တာ သံဃာေတာ္က ၇၆ ပါး၊ ကပၸိယက ၁၄ ‌ေယာက္‌ေတြ႕တယ္၊ စုစုေပါင္းဆိုရင္ ၉၀ ပိုးေတြ႕တယ္။ သံဃာေတာ္ေတြကိုေတာ့ ဗဟန္း ၃ လမ္းမွာရွိတဲ့ အဘိဓမၼာသာသနာ့ဓရဗိမၼာန္ကို ပို႔ေဆာင္ထားတယ္။ လူ ေတြကိုေတာ့ ဘုရင့္ေနာင္စစ္ေက်ာေရးကိုပို႔ေဆာင္ထားတယ္” ဟု ပန္းဘဲတန္းၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးေက်ာ္ခိုင္ကေျပာသည္။
ယခုအခါ မဟာသိမ္ေတာ္ႀကီးေက်ာင္းတိုက္ကို ကန႔္သတ္မႈျပဳလုပ္ထားၿပီး ကိုဗစ္စစ္ေဆးမႈမ်ားျပဳလုပ္ ေနေၾကာင္းလည္း ၎ကေျပာသည္။
အင္းစိန္ရြာမေက်ာင္းတြင္ သံဃာ‌ေတာ္အေျမာက္အမ်ား ေရာဂါပိုးေတြ႕ရွိၿပီးတဲ့ေနာက္ ယခုအခါ ပန္း ဘဲတန္းၿမိဳ႕နယ္ မဟာသိမ္ေတာ္ႀကီးေက်ာင္းတိုက္တြင္ အလားတူေတြ႕ရွိရျခင္းျဖစ္သည္။
(Unicode)
ပန်းဘဲတန်းမြို့နယ် သိမ်တော်ကြီးကျောင်းတိုက်၌ သံဃာ ၇၆ ပါးနှင့် ကပ္ပိယ ၁၄ ယောက် COVID ပိုးတွေ့
…………………………………………………………
ရန်ကုန်၊ အောက်တိုဘာ ၅
ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်အတွင်းရှိ မဟာသိမ်တော်ကြီးကျောင်းတိုက်တွင် ယနေ့နံနက်ပိုင်း ပိုးတွေ့လူနာ ၉၀ ဦးရှိကြောင်း ပန်းဘဲတန်းမြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်ခိုင်က People Media ကိုပြောသည်။
မဟာသိမ်တော်ကြီးကျောင်းတိုက်တွင် သံဃာတော် ၈၈ ပါး၊ ကပ္ပိယ ၂၃ ယောက်ရှိသည့်အနက် သံဃာတော် ၇၆ ပါးနှင့် ကပ္ပိယ ၁၄ ယောက်တွင် ကိုဗစ်ပိုးတွေ့ရှိကြောင်း ၎င်းကပြောသည်။
“ပိုးတွေ့တာ သံဃာတော်က ၇၆ ပါး၊ ကပ္ပိယက ၁၄ ‌ယောက်‌တွေ့တယ်၊ စုစုပေါင်းဆိုရင် ၉၀ ပိုးတွေ့တယ်။ သံဃာတော်တွေကိုတော့ ဗဟန်း ၃ လမ်းမှာရှိတဲ့ အဘိဓမ္မာသာသနာ့ဓရဗိမ္မာန်ကို ပို့ဆောင်ထားတယ်။ လူ တွေကိုတော့ ဘုရင့်နောင်စစ်ကျောရေးကိုပို့ဆောင်ထားတယ်” ဟု ပန်းဘဲတန်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်ကပြောသည်။
ယခုအခါ မဟာသိမ်တော်ကြီးကျောင်းတိုက်ကို ကန့်သတ်မှုပြုလုပ်ထားပြီး ကိုဗစ်စစ်ဆေးမှုများပြုလုပ် နေကြောင်းလည်း ၎င်းကပြောသည်။
အင်းစိန်ရွာမကျောင်းတွင် သံဃာ‌တော်အမြောက်အများ ရောဂါပိုးတွေ့ရှိပြီးတဲ့နောက် ယခုအခါ ပန်း ဘဲတန်းမြို့နယ် မဟာသိမ်တော်ကြီးကျောင်းတိုက်တွင် အလားတူတွေ့ရှိရခြင်းဖြစ်သည်။

Share this post