• Follow Us on

Home ပရဟိတလုပ်ငန်းဆောင်ရွက်သူကို ဒလန်ဟု စွပ်စွဲပြီး မြင်းခြံ ZERO ပြောက်ကျား(PDF) အဖွဲ့က လုပ်ကြံ သတ် ဖြတ်၊ လုပ်ကြံခဲ့မှုအပေါ် ရှင်းလင်းချက်ပေးရန် စစ်ကိုင်းတိုင်းရှိ အဖွဲ့အစည်း (၁၆) ဖွဲ့မှ ပူးပေါင်းတောင်းဆို

ပရဟိတလုပ်ငန်းဆောင်ရွက်သူကို ဒလန်ဟု စွပ်စွဲပြီး မြင်းခြံ ZERO ပြောက်ကျား(PDF) အဖွဲ့က လုပ်ကြံ သတ် ဖြတ်၊ လုပ်ကြံခဲ့မှုအပေါ် ရှင်းလင်းချက်ပေးရန် စစ်ကိုင်းတိုင်းရှိ အဖွဲ့အစည်း (၁၆) ဖွဲ့မှ ပူးပေါင်းတောင်းဆို

Share this post

စစ်ကိုင်း၊ ဖေဖော်ဝါရီ ၅ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၊ မလဲသာကျေးရွာ၌ ပရဟိတလုပ်ငန်းများဆောင်ရွက်သူ ဦးမြင့် ဆန်းကို ဒလန်ဟု စွပ်စွဲပြီး မြင်းခြံ ZERO ပြောက်ကျား(PDF) အဖွဲ့က လုပ်ကြံသတ်ဖြတ်ခဲ့ပါတယ်။

 

အဆိုပါ လုပ်ကြံခဲ့မှုအပေါ် ရှင်းလင်းချက်ပေးရန် စစ်ကိုင်းတိုင်းရှိ အဖွဲ့အစည်း(၁၆)ဖွဲ့မှ ပူးပေါင်းတောင်းဆိုခဲ့ပါ တယ်။

 

အဆိုပါ ၁၆ ဖွဲ့၏ တောင်းဆိုချက်၌ အရာတော်မြို့နယ်၊ မလဲသာကျေးရွာမှ ဦးမြင့်ဆန်းသည် ရပ်ရေးရွာရေးနှင့် ပရဟိတလုပ်ငန်းများအား ဦးဆောင်ပါဝင်ခဲ့သူတစ်ဦးဖြစ်ပြီး ယခု နွေဦးတော်လှန်ရေးမတိုင်ခင်ကတည်းက ငြိမ်း ချမ်းရေး၊ ဒီမိုကရေစီရေးတို့အတွက် အရပ်ဘက်အဖွဲ့အစည်းများတွင် တက်တက်ကြွကြွလှုပ်ရှားခဲ့သူတစ်ဦး ဖြစ် ကြောင်း အများက ယုံကြည်လက်ခံထားသူဖြစ်ကြောင်း ဖော်ပြထားပါတယ်။

 

ဦးမြင့်ဆန်း သတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ ပျူစောထီးခေါင်းဆောင်ဖြစ်သည့်အတွက် သုတ်သင်ရှင်းလင်းခဲ့ ကြောင်း မြင်းခြံ ZERO ပြောက်ကျားတပ်ဖွဲ့က ထနောင်းမြေ Page မှတဆင့် ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ ပါတယ်။

 

ကျူးလွန်သတ်ဖြတ်ခံရသူ ဦးမြင့်ဆန်း၏ သမိုင်းကြောင်းနှင့် ကျန်ရစ်သူမိသားစု၏ ဂုဏ်သိက္ခာအပြင် မိမိတို့ အားလုံး ကိုယ်တိုင်ရှေ့ဆက်ရမည့် တော်လှန်ရေး၏ ဂုဏ်သိက္ခာအတွက် မြင်းခြံ ZERO ပြောက်ကျားတပ်ဖွဲ့ အား အောက်ပါအချက်များကို လုပ်ဆောင်ပေးပါရန် မိမိတို့ အဖွဲ့အစည်းများမှ တောင်းဆိုလိုက်ကြောင်း ဖော်ပြ ထားပါတယ်။

 

စွပ်စွဲသတ်ဖြတ်ခံရသူ ဦးမြင့်ဆန်းအား ပျူစောထီးခေါင်းဆောင်ဟု ထင်ရှားစေသော ခိုင်မာသည့် သက်သေ အချက်အလက်များကို ထုတ်ပြန်ချပြပေးရန်၊ သက်သေမခိုင်လုံဘဲ မှားယွင်းသတ်ဖြတ်မိပါက ကျူးလွန်ရာတွင် ပါဝင်ခဲ့သူ လူပုဂ္ဂိုလ်/အဖွဲ့အစည်းအားလုံးမှ ကျူးလွန်ခံရသူ ဦးမြင့်ဆန်း၏ ကျန်ရစ်သူမိသားစုအား ကျေနပ် သည်ထိ ဝန်ချတောင်းပန်ရန်နှင့် မှားယွင်းသတ်ဖြတ်ခဲ့ခြင်းဖြစ်ခဲ့ပါလျှင် ယခု ကျူးလွန်ခဲ့သည့်ဖြစ်စဉ်နှင့် ကျူး လွန်ရာတွင် ပါဝင်ပတ်သက်ခဲ့သော လူပုဂ္ဂိုလ်/အဖွဲ့အစည်းများအား မှတ်တမ်းထားရှိပြီး ပြည်သူ့အာဏာ တည် သောတစ်နေ့၌ တရားဥပဒေ၏ အဆုံးအဖြတ်ကို ကျေနပ်စွာ လက်ခံပါမည့်အကြောင်း ဝန်ခံကတိပြုပေးရန် စသည်တို့ကို တောင်းဆိုလိုက်ခြင်းကြောင်း ဖော်ပြထားပါတယ်။

 

အဆိုပါ တောင်းဆိုချက်ကို ပူးပေါင်း၍ ထုတ်ပြန်လိုက်သည့် အဖွဲ့အစည်းများမှာ အရာတော်မြို့နယ် တော် လှန်ရေးအင်အားစု၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အရာတော်မြို့နယ်)၊ အရာတော်မြို့နယ် သပိတ်ဦးဆောင် ကော်မတီ၊ အရာတော်မြို့နယ် ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)တို့အပါအဝင် အဖွဲ့အစည်း (၁၆) ခုမှ ပူးပေါင်းတောင်းဆိုလိုက်ခြင်းဖြစ်ပါတယ်။

 

လက်ရှိအချိန်၌ PDF အဖွဲ့များသည် လက်နက်မဲ့များကို နည်းလမ်းပေါင်းစုံ စွပ်စွဲပြီး လုပ်ကြံသတ်ဖြတ်မှုများကို ကျူးလွန်လျက်ရှိနေပါတယ်။

 

#PeopleMedia #အရာတော်မြို့

 

(unicode)


………………………………………………………….

 


 


 


 


 


 


 


 


 


 



Share this post