• Follow Us on

Home ပရဟိတအဖြဲ႕အမည္ခံ၍ ကား ၁၀ စီးျဖင့္ တရားမ၀င္သယ္လာသည့္ ႏြားအေကာင္ (၂၂၀) ႏွင့္ ယာဥ္ေမာင္းကို ဖမ္းဆီး

ပရဟိတအဖြဲ႕အမည္ခံ၍ ကား ၁၀ စီးျဖင့္ တရားမ၀င္သယ္လာသည့္ ႏြားအေကာင္ (၂၂၀) ႏွင့္ ယာဥ္ေမာင္းကို ဖမ္းဆီး

Share this post

လားရႈိး၊ ေမ -၂၀

 

ပရဟိတအဖြဲ႕ရန္ပုံေငြအတြက္ဟူေသာအေၾကာင္းျပခ်က္ျဖင့္ ႏြား ၂၂၀ သယ္ေဆာင္လာသည့္ ၁၂ ဘီးယာဥ္ ၁၀ စီးကို လားရိႈးၿမိဳ႕အထြက္ဂိတ္၌ ယခုလ ၁၈ ရက္က ရဲတပ္ဖြဲ႕က ဖမ္းဆီးႏိုင္ခဲ့သည္။

 

“သတင္းအရ လားရႈိးအထြက္နမၼတူတိုးဂိတ္မွာ အဖြဲ႕စုံက ေစာင့္ပီးဖမ္းဆီးလိုက္တာပါ၊ ႏြားအေကာင္ ၂၂၀ ကို ဒိတ္လြန္ေနတဲ့စာရြက္စာတန္းေတြနဲ႔ သယ္လာတာ အေကာင္ ၁၀၀ သာ သယ္ေဆာင္ခြင့္ရတဲ့စာရြက္နဲ႔ ႏြား အေကာင္ ၂၂၀ ကို တရားမ၀င္သယ္လာတာျဖစ္လို႔ ဖမ္းဆီးအမႈဖြင့္လိုက္တာ” ဟု လားရႈိးၿမိဳ႕မရဲစခန္းမွဴး ဒုရဲမႈးျမင့္ေက်ာ္ကေျပာသည္။

 

တရားမ၀င္သယ္ေဆာင္လာသည့္ ႏြားအေကာင္ ၂၂၀ ကို မႏၲေလးၿမိဳ႕ အုန္းေခ်ာရြာမွ မူဆယ္ၿမိဳ႕အထိ သယ္ ေဆာင္လာရာေနျပည္ေတာ္ဟစ္တိုင္သတင္းမီဒီယာမွ မၿဖိဳးရတနာေက်ာ္ႏွင့္ ခင္ပြန္းေစာေက်ာ္လင္းမွ တာဝန္ ယူသယ္ေဆာင္လာျခင္းျဖစ္ေၾကာင္း နားမေခၚရဲကင္းမွဴးဒုရဲအုပ္ေက်ာ္သူေအာင္က ေျပာသည္။

 

၎တို႔သည္ ျပည္သူ့မ႑ိဳင္ပရဟိတအဖြဲ႕ဆိုေသာ အမည္ကိုအသုံးျပဳကာ ႏြားမ်ားတင္ပို႔ေရာင္းခ်ျခင္းျဖစ္ ေၾကာင္းဆိုသည္။

 

တ႐ုတ္ႏိုင္ငံဖက္သို႔ ကြၽဲႏြားမ်ားတင္အို႔ခြင့္ကို လြန္ခဲ့သည့္ ငါးလမွစတင္ကာ ရပ္ဆိုင္းထားေၾကာင္း၊ ယခုႏြား အ ေကာင္ ၂၂၀ ကို သယ္ေဆာင္လာသည့္စာမွာ ၂၀၁၉ ခုႏွစ္ကစာျဖစ္ၿပီး သက္တမ္းလြန္စာျဖစ္သည္ဟု အဖြဲ႕စုံ တြင္ပါ၀င္သည့္ တိေမြးကုဌာနမွ ေဒါက္တာသန္းႏိုင္က ေျပာသည္။

 

အဆိုပါကား ၁၀ စီးအနက္ ေမာ္ေတာ္ယာဥ္သုံးစီးက ယာဥ္ေမာင္းသူသုံးဦးမွာ ႏြားတင္ထားေသာယာဥ္မ်ား ထား ရစ္ကာ တိမ္းေရွာင္သြားေၾကာင္း ရဲကင္းမွဴးဒုရဲအုပ္ေက်ာ္သူေအာင္ကေျပာသည္။

 

တရာမ၀င္ႏြားအေကာင္ ၂၂၀ ကို သယ္ေဆာင္လာသည့္ ေနျပည္ေတာ္ဟစ္တိုင္သတင္းမီဒီယာမွ မၿဖိဳးရတနာ ေက်ာ္၊ သူ႕ခင္ပြန္းေစာေက်ာ္လင္းႏွင့္ ယာဥ္ေမာင္းအပါအဝင္ေပါင္း ကိုးဦးကို လားရႈိးၿမိဳ႕မရဲစခန္းတြင္ ပထမ သတင္းေပးခ်က္အမွတ္ ၂၆၂/၂၀၂၀ ေရးဖြင့္က  အေရးႀကီးကုန္ပစၥည္း၀န္ေဆာင္မႈဥပေဒပုဒ္မ ၅ အရ အမႈဖြင့္ အေရးယူထားသည္။

 

juno

 

#PeopleMedia #ေနျပည္ေတာ္ဟစ္တိုင္

 

(Unicode)

လားရှိုး၊ မေ -၂၀

ပရဟိတအဖွဲ့ရန်ပုံငွေအတွက်ဟူသောအကြောင်းပြချက်ဖြင့် နွား ၂၂၀ သယ်ဆောင်လာသည့် ၁၂ ဘီးယာဉ် ၁၀ စီးကို လားရှိုးမြို့အထွက်ဂိတ်၌ ယခုလ ၁၈ ရက်က ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့သည်။

“သတင်းအရ လားရှိုးအထွက်နမ္မတူတိုးဂိတ်မှာ အဖွဲ့စုံက စောင့်ပီးဖမ်းဆီးလိုက်တာပါ၊ နွားအကောင် ၂၂၀ ကို ဒိတ်လွန်နေတဲ့စာရွက်စာတန်းတွေနဲ့ သယ်လာတာ အကောင် ၁၀၀ သာ သယ်ဆောင်ခွင့်ရတဲ့စာရွက်နဲ့ နွား အကောင် ၂၂၀ ကို တရားမဝင်သယ်လာတာဖြစ်လို့ ဖမ်းဆီးအမှုဖွင့်လိုက်တာ” ဟု လားရှိုးမြို့မရဲစခန်းမှူး ဒုရဲမှုးမြင့်ကျော်ကပြောသည်။

တရားမဝင်သယ်ဆောင်လာသည့် နွားအကောင် ၂၂၀ ကို မန္တလေးမြို့ အုန်းချောရွာမှ မူဆယ်မြို့အထိ သယ် ဆောင်လာရာနေပြည်တော်ဟစ်တိုင်သတင်းမီဒီယာမှ မဖြိုးရတနာကျော်နှင့် ခင်ပွန်းစောကျော်လင်းမှ တာဝန် ယူသယ်ဆောင်လာခြင်းဖြစ်ကြောင်း နားမခေါ်ရဲကင်းမှူးဒုရဲအုပ်ကျော်သူအောင်က ပြောသည်။

၎င်းတို့သည် ပြည်သူ့မဏ္ဍိုင်ပရဟိတအဖွဲ့ဆိုသော အမည်ကိုအသုံးပြုကာ နွားများတင်ပို့ရောင်းချခြင်းဖြစ် ကြောင်းဆိုသည်။

တရုတ်နိုင်ငံဖက်သို့ ကျွဲနွားများတင်အို့ခွင့်ကို လွန်ခဲ့သည့် ငါးလမှစတင်ကာ ရပ်ဆိုင်းထားကြောင်း၊ ယခုနွား အ ကောင် ၂၂၀ ကို သယ်ဆောင်လာသည့်စာမှာ ၂၀၁၉ ခုနှစ်ကစာဖြစ်ပြီး သက်တမ်းလွန်စာဖြစ်သည်ဟု အဖွဲ့စုံ တွင်ပါဝင်သည့် တိမွေးကုဌာနမှ ဒေါက်တာသန်းနိုင်က ပြောသည်။

အဆိုပါကား ၁၀ စီးအနက် မော်တော်ယာဉ်သုံးစီးက ယာဉ်မောင်းသူသုံးဦးမှာ နွားတင်ထားသောယာဉ်များ ထား ရစ်ကာ တိမ်းရှောင်သွားကြောင်း ရဲကင်းမှူးဒုရဲအုပ်ကျော်သူအောင်ကပြောသည်။

တရာမဝင်နွားအကောင် ၂၂၀ ကို သယ်ဆောင်လာသည့် နေပြည်တော်ဟစ်တိုင်သတင်းမီဒီယာမှ မဖြိုးရတနာ ကျော်၊ သူ့ခင်ပွန်းစောကျော်လင်းနှင့် ယာဉ်မောင်းအပါအဝင်ပေါင်း ကိုးဦးကို လားရှိုးမြို့မရဲစခန်းတွင် ပထမ သတင်းပေးချက်အမှတ် ၂၆၂/၂၀၂၀ ရေးဖွင့်က အရေးကြီးကုန်ပစ္စည်းဝန်ဆောင်မှုဥပဒေပုဒ်မ ၅ အရ အမှုဖွင့် အရေးယူထားသည်။

juno

#PeopleMedia #နေပြည်တော်ဟစ်တိုင်


Share this post